Site icon Win Metta

သင်တန်း တနှစ်ပြည့်ပြီ

မနက်ဖြန် ..ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ်သင်တန်း ပြုလုပ်သည်မှာ တနှစ်ပြည့်ပြီ။။

၂၀၂၀ ဇွန်လ (၁၃) ရက် မှ သင်တန်းများကို မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ၏ ဦးဆောင်မှု ဖြင့် ဝင်းမေတ္တာဓမ္မမိသားစုသည် စသင်တန်းများကို စခဲ့ပါသည်။သင်တန်းများ ပြုလုပ်သည့် တနှစ်ပြည့် အခမ်းအနား…ဖိတ်ကြားပါသည်။တနှစ်ပြည့်ကို အောက်ပါအစီအစဥ်တိုင်းကျင်းပမည်ဖြစ်သည်။

ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် ဓမ္မသင်တန်း တနှစ်ပြည့် အစီအစဥ်

၂၀၂၀ ဇွန်လ ၁၃ ~ ၂၀၂၀ ဇွန်လ ၁၃
အချိန် ။ ။ ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ , ညနေ (၀၇း၀၀ -၀၈း၀၀)

၁။ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ရန်

၂။ မေတ္တာနန္ဒ ဆရာတော်ထံမှ ဩဝါဒ ခံယူရန်

၃။ ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် သင်တန်းအခြေအနေ နှင့် ကျေးဇူးတင်လွှာကို ဦးကြည်ရှိန် မှ ပြောရန် (၅ မိနစ်)

၄။ သင်တန်းသူ သင်တန်းသားများမှ အတွေ့အကြုံ နှင့် အကြံပြုချက်များကို ပြောရန် (တဦး-၃ မိနစ်)

၅။ မေတ္တာနန္ဒ ဆရာတော်အား အပြစ်ရှိက ခွင့်လွတ်ပါရန်တောင်းပန်ခြင်း။

၆။ သစ္စာဆို၊အမျှဝေ၊ဆရာတော်ကို မေတ္ထာပို့၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍အခမ်းအနားကို ပြီးဆုံးရန်။ ။

Exit mobile version