မြန်မာနှစ်သစ်ကူး (၁၀) ရက်တရားစခန်း ဖိတ်ကြားစာ

ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဖိတ်ကြားပါသည်။

“ထေရဝါဒဓမ္မ ကမ္မဋ္ဌာန်းလမ်းစဥ်” အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဝိဟာရ ဆရာတော် ဦးဃောသိတာဘိဝံသ၏ ဒုတိယအကြိမ် Zoom Online, မြန်မာနှစ်ကူး (၁၀) ရက်တရားစခန်း ၂၀၂၁, ဧပြီလ (၁၆) ရက် သောကြာနေ့ -၂၀၂၁, ဧပြီလ (၂၅ ) တနင်္ဂနွေနေ့ (San Francisco, USA Pacific Time)

Zoom Online Meeting ID: 835 1514 9210
Passcode: metta

မြန်မာနှစ်ကူးရောက်ပြန်တော့မည်။

အမြဲတန်းနှစ်ဆန်းတရက်နေ့သည် ဧပြီလ ၁၇ ရက် ပင်ဖြစ်သည်။ သို့တွက် ဧပြီလ ၁၆ ရက်မှ ဧပြီလ ၂၅ ရက်နေ့ထိ ထေရဝါဒဓမ္မကမ္မဋ္ဌာန်းလမ်းစဉ်သင်တန်းမှ မြန်မာနှစ်ကူး ၁၀ ရက်စခန်းကို စီစဉ်လျက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကမ္ပဋ္ဌာန်းဘာဝနာကို လေ့လာဆည်းပူး သင်ယူ အားထုတ်ကြမည်ကို သတင်းကောင်းပါးပါသည်။

အချိန်ရသူများလည်းရှိမည်။ အလုပ်မအားသူများလည်းရှိသည်။ မိမိတို့ အခြေအနေရ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း Zoom ဖြင့်တက်ရောက်နိုင်ကြပါသည်။ စီစဉ်သူတို့ အတွက် ပိုမိုကောင်းမွန်သည့် အစီအစဉ်ကို စီမံနိုင်ရန်အလို့ငှါ အားလုံးသော ယောဂီများ သင်တန်းသို့ စာရင်းသွင်းကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။ စာရင်းသွင်းရန် အခက်အခဲရှိပါက ဖုန်း သို့မဟုတ် အီးမေး ( ဆက်သွယ်ရန် ဖုန်း နံပတ် နှင့် Emailတို့ကိုပေးထားပါသည်) ဖြင့်ဆက်သွယ်ပါ။ ယခင်စာရင်းသွင်းဖူးသူများသည် သင်တန်းအကျိုးဆောင်သို့ သင်တန်းတက်မည်ဖြစ်ကြောင်း နံမည်ပေးလျှင် သင်တန်းအကျိုးဆောင်များမှ စာရင်း သွင်းပေးမည်ဖြစ်သည်။ သင်တန်းပြုလုပ်နေသည့် အချိန်၌လည်း စာရင်းသွင်းနိုင်သည်။ အရေးကြီးသည်မှာ ယောဂီတို့တရားလေ့လာလေ့ကျင့်နိုင်ဘို့ဖြစ်သည်။ ၁၀ ရက်တရားစခန်း ကို မည်သူမဆို တက်ရောက်နိုင်ပါသည်။

🍂 ယောဂီစာရင်း သွင်းရန်

🍂 ယောဂီနံပါတ် ကြည့်ရန်

ဤ ၁၀ရက်တရားစခန်းမှ … ဘာနာကုသိုလ်ကိုရခြင်း၊ မိမိတို့စိတ် တည်ငြိမ်အေးချမ်းလာခြင်း၊ ကမ္မဋ္ဌာန်း ဘယ်လိုထိုင်မလဲ၊ တဦးချင်း ဆရာတော်နှင့်ဆွေးနွေးခြင်း (တရားစစ်ခြင်း) ၊ ဗုဒ္ဓဟောကြားတရားတော်များနှင့်အညီ ကမ္မဋ္ဌာန်းကျင့်ခြင်းကို သဘောတရားရေးနှင့် လက်တွေ့ကျင့်ခြင်း စသဖြင့် တက်ရောက်ကြသူ -များယောဂီတို့ တွက် ကမ္မဋ္ဌာန်းကျင့်စဥ် , လမ်းစဥ်ကို ပိုမိုသဘောပေါက်ကျင့်ကြံနိုင်ရန် ရည်သန်၍ စီစဉ်ထားထားပါသည်။

🔸 ဆက်သွယ်ရန်

ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂ ၆၆၈၅
ကိုခင်အောင် – ၁(၄၁၅) ၃၁၀ ၅၇၆၃
ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇ ၄၉၇၇
ကိုအောင်လွင်ဦး – ၁ (၅၁၀) ၇၆၁ ၆၂၆၆
မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃ ၇၇၃၈
Email: wisdomlightforever@gmail.com

USA Pacific Time (San Francisco)

ဧပြီလ (၁၆) ၂၀၂၁ သောကြာနေ့ မှ
ဧပြီလ (၂၅) ၂၀၂၁ တနင်္ဂနွေနေ့ (၁၀ ရက်)

Friday, April 16 2021 to
Sunday, April 25 2021

Zoom Online

Meeting ID: 835 1514 9210
Passcode: metta

၂၀၂၁ ခုနှစ် မြန်မာ နှစ်သစ်ကူး ၁၀ ရက်တရားစခန်း ကို တရားကိုချစ်ခင် တရားကို မြတ်နိုးကြသော အသင်သူတော်ကောင်းများ ကို တရားစခန်းသို့ ဝင်ရောက်၍ တရားအားထုတ်ကြပါရန် လေးစားစွာ ဖိတ်ကြားပါသည်။

မေတ္တာဖြင့် … ဝင်းမေတ္တာ သင်တန်းသူသင်တန်းသားများ …