သင်တန်းစဖို့ ဆရာတော်နဲ့ တွေ့ဆုံ

ဟိုတုန်းက ..လွန်ခဲ့ တဲ့ ၂၀၂၀ ဇွန်လ ကပေါ့ ။ သင်တန်းစဖို့ ဆရာတော်နဲ့ တွေ့ဆုံတဲ့ video clip.

မိသားစုလဘက်ရည်ဆိုင်လေး “ဝင်းမေတ္တာ” ဆိုတဲ့ နံမည်ကို သဘောကျလို့ “ဝင်းမေတ္တာ “ ဆို တာနဲ့ စခဲ့တယ်။

ဒီနေ့ တနှစ်ပြည့်ပြီ။ ဇွန်လ ၁၃၊ ၂၀၂၁..

မေတ္တာတွေ ဝင်းလက်တောက်ပလာရင် အားလုံး အဆင်ပြေသပေါ့။ အင်္ဂလိပ်လို Win Metta , မေတ္တာကို နိုင်တယ်ပေါ့။ ဒါဆိုရင် အားလုံးကို အောင်နိုင်ပြီပေါ့နှော်။

ကိုယ်ဝါသနာပါတဲ့ “နေ့စဉ် လွတ်မြောက်မှုမှသည် သံသရာ လွတ်မြောက်ရေ အနုပညာ” တနည်း ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ ( ကြီးကြီး ကျယ်ကျယ် ပြောတယ် ဆိုချင်လည်းဆိုကြပါ။ စိတ်မဆိုးပါ)။ အင်္ဂလိပ်လို..“ From the art of living to the art of liberation” ဆောင်ပုဒ်နဲဲ့ စခဲ့တယ်။

အားလုံး ဒီသင်တန်း ကို သဘောပါ၍ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

အားလုံးရဲ့ အချိန်သည်တန်ဖိုးရှိပါတယ်။ ဒီသင်တန်းများသည် သင်ရိုးညွှန်းတမ်း (Course) နဲ့ ပြုလုပ်တဲ့ တွက် course တခုပြီးရင် တက်ရောက်ကြသူတွက် ပညာတခုခုကျန်ခဲ့ရပါမယ်။ တတ်နိုင်သမျှ အချိန်ကို အကျိုးရှိစေမည့်သင်တန်းကို လုပ်ခဲ့ပါတယ်။

သင်တန်းတွေမှာ သဘောတရားရေးရာအပိုင်း နဲ့ လက်တွေ့ လုပ်ခြင်း နှစ်ခု ကို ယှဉ်တွဲ၍ လုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပြောဆိုတဲ့အပိုင်းကဏ္ဍတွေကို အလျင်းသင့်သလို တိုးချဲ့ဘို့ရည်ရွယ်ပါတယ်။

ဘာသင်တန်းတွေလုပ်သလဲ ပြောဘို့လိုမယ်။ ဟုတ်ကဲ့ နေစဉ်ဘဝ မှသည် သံသရာလွတ်မြောက်ရေးသင်တန်း။“ From the Art Of Living To the Art of Liberation” သင်တန်းပါ။

အသက်မွေးဝမ်းကျောင်းကအစ ဘဝမှာ လိုအပ်ချက်တွေကို ရဘို့လေ့လာဘို့ သင်တန်းတွေကို လုပ်ချင်သည်။

ခု ..အဘိဓမ္မာသင်တန်းကို ထပ်ဖွင့်ပါသည်။ သင်တန်းကို သဘောကျသူများသည်။ ထိုအထဲ ကျနော်လည်းပါသည်။ ဓမ္မဗျူဟာမှ ဆရာမကြီးဒေါ်ခင်လှတင်၊ မဆွေဆွေကြိုင်၊ Dhamma Download မှ ကိုကျော်လွင် ၊ မဆွေဆွေကြိုင်တို့ကိုလည်းအထူးကျေးဇူးတင်ပါသည်။

နည်းနည်း အရွယ်နှောင်းခဲ့ပေမဲ့ ကျန်တဲ့ အချိန်လေးတွေကို အားလုံးတွက် အကျိုးရှိမယ်လို့မျှော်လင့်တယ်ဗျ။

ကျနော့ရည်ရွယ်ချက်တွက် ဂရုတစိုက် အစဉ်ဆုံးမ ပြုပြင်ပေးကြသော.. မေတ္တာနန္ဒဆရာတော်၊ အရှင်သီရိ၊ အရှင်စန္ဒဝရ၊ ဦးအုန်းမြင့်၊ ဒေါ်ခင်တင့်တင့်၊ ကိုကြီး ဦးမြင့်သိန်းနှင့် အမဒေါက်တာ စင်သီယာ၊ သင်တနးသူသင်တန်းသားများ၊ internet and website လုပ်ပေးသော ညီလေး ကိုအောင်လွင်ဦး၊ ကိုခင်အောင်၊ ကိုဇော်ထွေး၊ Cohost နှင့်သင်တန်းတွက်အစစအရာရာဆောင်ရွက်နေသော မစန္ဒာဝင်း၊ မသီတာခင်၊ ဒေါက်တာ မောင်မောင်ခင်၊ မနွဲ့နွဲ့ဝင်း၊ မောင်မောင်တင်၊အမ ဒေါက်တာမိမိခင်စိုး၊ ဒေါက်တာတိုနီ၊ ဒေါက်တာ သန္ဒာလွင်၊ မနီနီစိန်နှင့်အဖွဲ့၊ မသွယ်ဇင်စိုး၊ ဦးကြည်တို့း၊ ဦးအောင်ခင်၊ ဦးအောင်သန်း၊ ဒေါက်တာ ဝင်းနိုင်၊ ဒေါက်တာကျော်မြင့်စိုး၊ ကိုစံလင်း၊ ကိုသက်လီုင်ဦး၊ မတင်တင်မိုး၊ မအေးအေးလွင်၊ဦးအောင်ခင်၊ ဒေါ်က်တာမောင်မောင်ဦး. ၊ မသန်းသန်းအေး၊ မသန်းသန်း၊ Audrey , မသန္တာအောင်..၊ မသင်းသင်း၊သင်တန်းသူ သင်တန်းသားများ (အို…..ရေးရရင် သင်တန်းတက်ကြသူ အားလုံးပဲ ၊ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

တကယ်တော့ အားလုံးသည် “ဓမ္မ မိသား” စုသဖွယ် တဦးနှင့် တဦး ဂရုစိုက်၊ သင်တန်းများကို လေ့လာကြ သင်ယူကြရသည် မှာ အခြားသူတို့ကိုတော့မပြောတတ််။ ကျနော့ အနေဖြင့်မူ အင်မတန် နှစ်ထောင်း အားရဝမ်းသာမိတဃ်။

ရေးရင်း မြန်မာပြည်မှ မနုနုအောင်၊ မသဇင်မောင်မောင်၊ စုမေရီ၊ မဟေမာသောင်း၊ ဒေါ်ငြိမ်းငြိမ်း၊ အန်တီညို နှင့် အမ၊ ထိုင်ဝမ်က မအေးအေးသန်း၊ မစပယ်၊ Teresa , ဒေါက်တာရီရီအောင်၊ ကနေဒါမှ ဒေါခင်မေရီ၊ ဒေါ်ခင်မေဦး၊ ကိုကျော်၊ Rose Chan . ဂျမေကာာပြန် ဒေါက်တာ မျိုးသန်ကျော် နှင့် မခင်သန်းနွယ်၊ ဒေါက်တာအောင်မြင်သူ မိသားစု ..၊ စင်္ကာပူမှ ကိုလှမိုး၊ ဒေါက်တာ ဒေါ်ခင်မေစီ စသဖြင့် ကိုလည်း သတိရကျေးဇူးတင်မိပါသည်။

သင်တန်းမှာ တွေ့သမျှ အားလုံးသည် ဒီသင်တန်းလေးကို ဂရုစိုက်ကြသည်။

အားလုံးကို ကျေးဇူတင်ပါသည်။

ဘဝဆိုတဲ့ ကျောင်းမှာ ကျွန်တော်တို့ အတူတူ ရွှင်လန်းချမ်းမြေ့စွာ တက်ကြရအောင်..

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ ဥာဏ်ပညာများ ဆထက်တန်ဖိုးတိုးတက်ကြပါစေ။

ဟုတ်ကဲ့။ ကျနော်အပါအဝင်ပေါ့ဗျာ။

မေတ္တာဖြင့်..
မောင်ကြည်ရှိန်ဝင်း
မေတ္တာဓမ္မမိသားစု