Day: June 13, 2021

သင်တန်းစဖို့ ဆရာတော်နဲ့ တွေ့ဆုံ

ဟိုတုန်းက ..လွန်ခဲ့ တဲ့ ၂၀၂၀ ဇွန်လ ကပေါ့ ။ သင်တန်းစဖို့ ဆရာတော်နဲ့ တွေ့ဆုံတဲ့ video clip. မိသားစုလဘက်ရည်ဆိုင်လေး “ဝင်းမေတ္တာ” ဆိုတဲ့ နံမည်ကို သဘောကျလို့ “ဝင်းမေတ္တာ “ ဆို တာနဲ့ စခဲ့တယ်။ ဒီနေ့ တနှစ်ပြည့်ပြီ။ ဇွန်လ ၁၃၊ ၂၀၂၁.. မေတ္တာတွေ ဝင်းလက်တောက်ပလာရင် အားလုံး အဆင်ပြေသပေါ့။ အင်္ဂလိပ်လို Win Metta , မေတ္တာကို နိုင်တယ်ပေါ့။ ဒါဆိုရင် အားလုံးကို အောင်နိုင်ပြီပေါ့နှော်။ ကိုယ်ဝါသနာပါတဲ့ “နေ့စဉ် လွတ်မြောက်မှုမှသည် သံသရာ လွတ်မြောက်ရေ အနုပညာ” တနည်း ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ ( ကြီးကြီး ကျယ်ကျယ် ပြောတယ် ဆိုချင်လည်းဆိုကြပါ။ စိတ်မဆိုးပါ)။ …

သင်တန်းစဖို့ ဆရာတော်နဲ့ တွေ့ဆုံ Read More »

အဘိဓမ္မတ္ထသင်္ဂဟကျမ်း ကမ္မဋ္ဌာန်းပိုင်း (၂၁)

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၁၄၇) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) အနုဿတိ (၁၀) ပါး အာနာပါနဿတိ (မ၊၃၊၁၂၂-၃၀) (င) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads အာနာပါနဿတိသုတ်

ဗုဒ္ဓစကားတော်များ (ပိဋကတ်ကျမ်းစာ)

ပိဋကတ်ကျမ်းစာ ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓဝစန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။ သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။ ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ …

ဗုဒ္ဓစကားတော်များ (ပိဋကတ်ကျမ်းစာ) Read More »

စိတ္တသူဋ္ဌေး (၃) – စိတ္တသံယုတ် သံယောဇနသုတ်

တရား လက်တွေ့လေ့ကျင့်ခြင်း (၁၀၂) ဓမ္မကထိကဧတဒဂ်ရ စိတ္တသူဋ္ဌေးနှင့် ဆက်စပ်သော တရားတော်များ (၃) စိတ္တသံယုတ် သံယောဇနသုတ် (သဠာယတနသံ ၊ ၄၇၄) နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။