Day: June 11, 2021

ရုပ် (၂၈)ပါး – ရုပ် (၄၂) ပါး

ရုပ် (၂၈)ပါး တစ်ကိုယ်လုံးဖြစ်ဆယ့်နှစ်အထည်အချယ်ခြောက်ဆူအမူရုပ် ငါးရန်လေးပါးနှင့်အခြားရုပ် တစ်နှစ်ဆယ့်ရှစ်သည်မှတ်လစ်ရုပ်ပေါင်း အရေအတွက်တည်း။ အထည်ကိုယ်ရုပ် ၁၂ ပါး = ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ကာယပသာဒ၊ ဇီဝိတ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ အချယ်ရုပ် ၆ ပါး = စက္ခုပသာဒ၊ သောတာပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ဟဒယဝတ္ထု၊ သဒ္ဒ အမူရုပ် ၅ ပါး = ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ ရန်သူရုပ် ၄ ပါး = ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ အခြားရုပ် ၁ ပါး = ပရိစ္ဆေဒ (အာကာသ) ထည် ချယ် တစ်ဆယ့်ရှစ်ကို ရုပ်စစ်ဆို၊မူ ရန် …

ရုပ် (၂၈)ပါး – ရုပ် (၄၂) ပါး Read More »

အနုဿတိ ဆယ်ပါး

အနုဿတိ ၁၀-ပါး။ အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရား ဆယ်ပါး ဟူ၏။ (၁) ဗုဒ္ဓါ နုဿတိ – ဘုရားဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၂) ဓမ္မာ နုဿတိ – တရားဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၃) သံဃာ နုဿတိ – သံဃာဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၄) သီလာနုသတိ – မိမိစောင့်ထိန်းသောသီလဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၅) စာဂါနုဿတိ – လှူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၆) ဒေဝတာ နုဿတိ – နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သောသဒ္ဓါစသော မိမိ၏ကုသိုလ်တရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၇) ဥပသမာ နုဿတိ – ကိလေသာမှ …

အနုဿတိ ဆယ်ပါး Read More »

အရှင်ရာဟုလာ အကြောင်း

၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါး ရှိသည် ဆိုသည်မှာ မှန်-မမှန်နှင့်၂။ သားတော် ရာဟုလာကို အချို့က ၇-နှစ်သားကပင် ရဟန္တာဖြစ်သည်၊အချိုု့က သက်တော် ၂၀-ရဟန်းဖြစ်ပြီးမှ ရဟန္တာဖြစ်သည်-ဟု ဆိုသည်၊မည်သည်က မှန်သည်ကို ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။( မယုသိင်္ဂီ-ရွှေဘို၊ ဇေယျသိင်္ဂီ-စစ်ကိုင်းတောင်ရိုး ) ( ဖြေ )၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါးရှိသည်ဟု ရှေးဗုဒ္ဓဝင် တစောင်တွင် ဂါထာဖြင့် ပြဆိုခဲ့ဖူးပါသည်။ ယင်းဂါထာမှာ အခြားဘုရားလောင်းများ၏ မိဖုရား၊ သားတော်များ၏ အမည်များနှင့် ပေါင်း၍ ပြထားသောဂါထာ ဖြစ်ပါသည်။ သိဒ္ဓတ္ထဘုရားလောင်းမှာမူ ယသောဓရာမိဖုရားနှင့် သားတော်ရာဟုလာသာ ရှိကြောင်း မှတ်သားရပါမည်။ ၂။ ရာဟုလာနှင့်စပ်၍ အဘိဏှရာဟုလောဝါဒသုတ်၊ ရာဟုလသံယုတ်၊ မဟာရာဟုလောဝါဒသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ …

အရှင်ရာဟုလာ အကြောင်း Read More »

အဘိဓမ္မတ္ထသင်္ဂဟကျမ်း ကမ္မဋ္ဌာန်းပိုင်း (၁၉)

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၁၄၅) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) အနုဿတိ (၁၀) ပါး အာနာပါနဿတိ (မ၊၃၊၁၂၂-၃၀) (ဂ) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads အာနာပါနဿတိသုတ်

စိတ္တသူဋ္ဌေး (၁) – စိတ္တသံယုတ် သံယောဇနသုတ်

တရား လက်တွေ့လေ့ကျင့်ခြင်း (၁၀၀) ဓမ္မကထိကဧတဒဂ်ရ စိတ္တသူဋ္ဌေးနှင့် ဆက်စပ်သော တရားတော်များ (၁) စိတ္တသံယုတ် သံယောဇနသုတ် (သဠာယတနသံ ၊ ၄၇၄) နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။