အနုဿတိ ဆယ်ပါး

အနုဿတိ ၁၀-ပါး။ အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရား ဆယ်ပါး ဟူ၏။

(၁) ဗုဒ္ဓါ နုဿတိ – ဘုရားဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၂) ဓမ္မာ နုဿတိ – တရားဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၃) သံဃာ နုဿတိ – သံဃာဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၄) သီလာနုသတိ – မိမိစောင့်ထိန်းသောသီလဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၅) စာဂါနုဿတိ – လှူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၆) ဒေဝတာ နုဿတိ – နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သောသဒ္ဓါစသော မိမိ၏ကုသိုလ်တရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၇) ဥပသမာ နုဿတိ – ကိလေသာမှ ကင်းငြိမ်းခြင်း ဥပသမာဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၈) မရဏာ နုဿတိ – သေခြင်းတရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၉) ကာယဂတာ သတိ – ဆံပင်, အမွှေး, လက်သည်း-ခြေသည်း, သွား, အရေစသော ဒွတ္တိံသ (၃၂) ကောဋ္ဌာသ၊ သို့မဟုတ် ပထဝီဓာတ် ကာယနှစ်ဆယ်စသော ဒွေစတ္တာလီသ (၄၂)​ ကာယကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၁၀) အာနာပါဏုဿတိ – ထွက်သက်ဝင်သက်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း။ 

ကာယဂတာ သတိ

References