Learning Grammar by Reading – 16

New Vocabularies စကားလုံး အသစ်များ

  1. paint – သင်္ဘောဆေး၊ သုတ်ဆေး 🎨
  2. oil – ဆီ 🛢️
  3. clock – စားပွဲတင်နာရီ ⏰
  4. cup – လက်ဖက်ရည်ပန်းကန်လုံး 🍵
  5. knife – ဓား 🔪
  6. knives – ဓားများ 🔪🔪🔪
  7. scissors – ကတ်ကြေး ✂️
  8. fruit – သစ်သီး၊ 🍊 သစ်သီးများ 🍊🍊🍊
  9. coffee – ၁။ ကော်ဖီ ၂။ ကော်ဖီစေ့၊ ကော်ဖီမှုန့် ☕️
  10. ice – ရေခဲ 🧊

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  1. မနေ့က အေးအေး၊ ကျော်ကျော်နှင့် ဇော်ဇော်တို့သည် တိရိစ္ဆာန်ဥယျာဉ်သို့ဘတ်စကားဖြင့် သွားခဲ့ကြသည်။ အေးအေးသည် ဘလောက်အင်္ကျီအဝါကို ဝတ်ခဲ့သည်။ကျော်ကျော်သည် ရှပ်အင်္ကျီအစိမ်းကို ဝတ်ခဲ့၍ ဇော်ဇော်သည် ရှပ်အင်္ကျီအပြာကို ဝတ်ခဲ့သည်။ အေးအေးမှာ ပန်းသီးတစ်လုံး ရှိသည်။ ကျော်ကျော်မှာ ကိတ်မုန့်တစ်လုံးရှိပြီး ဇော်ဇော်မှာ လိမ္မော်သီးတစ်လုံး ရှိသည်။
  2. အေးအေးသည် ပူဖောင်းအချို့နှင့် လူတစ်ယောက်ကို မြင်ခဲ့သည်။ “ကြည့်စမ်း” ဟု သူမက လူကလေးများကို လှမ်းပြောခဲ့ကြသည်။ ထို့နောက် လူကလေးများသည် ပူဖောင်းများကို မြင်ခဲ့ကြသည်။ အေးအေးသည် ပူဖောင်းအနီတစ်လုံးကို ဝယ်ခဲ့သည်။ ကျော်ကျော်သည် ပူဖောင်အပြာတလုံးကို ဝယ်ခဲ့သည်။ ဇော်ဇော်သည် ပူဖောင်းမဝယ်ခဲ့ပါ။ သူ့မှာ ပိုက်ဆံမရှိပါ။
  3. Yesterday Aye Aye went to school by bus.မနေ့က အေးအေး ဘတ်စကားဖြင့် ကျောင်းတက်ခဲ့သည်။
  4. Kyaw Kyaw went to school by train and Zaw Zaw went to school on foot.ကျော်ကျော်သည် မီးရထားဖြင့် ကျောင်းတက်ခဲ့၍ ဇော်ဇော်သည် ကျောင်းသို့ ခြေကျင်တက်ခဲ့သည်။