New vocabularies စကားလုံး အသစ်များ
- ceiling – n မျက်နှာကြက်
- ruler – n ပေတံ 📏
- write – v စာရေးသည် ✍️
- read – v စာဖတ်သည် 📖
- fly – v ပျံသန်းသည် 🛫
- pen – n ဖောင်တိန်၊ ကလောင်တံ 🖊️
- pencil – n ခဲတံ ✏️
Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ
- Daw Than wrote on the blackboard.
ဒေါ်သန်းသည် ကျောက်သင်ပုန်းကြီးပေါ်မှာ စာရေးခဲ့သည်။ - The children wrote in their books.
ကလေးများသည် သူတို့၏ စာအုပ်များထဲတွင် စာရေးခဲ့ကြသည်။ - At ten o’clock they went to the playground.
ဆယ်နာရီထိုးတွင် သူတို့ ကလေးကစားကွင်းသို့ သွားခဲ့ကြသည်။ - Daw Than came into the classroom.
ဒေါ်သန်းသည် စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။ - At a quarter past ten Aye Aye and Zaw Zaw went back into the classroom.
ဆယ်နာရီဆယ့်ငါးမိနစ်တွင် အေးအေးနှင့် ဇော်ဇော်တို့သည် စာသင်ခန်းထဲသို့ ပြန်သွားခဲ့ကြသည်။ - Kyaw Kyaw looked at the clock.
ကျော်ကျော်သည် တိုင်ကပ်နာရီကို ကြည့်လိုက်သည်။ - It was twenty past ten.
ဆယ်နာရီမိနစ်နှစ်ဆယ် ရှိနေပြီ။ - He knocked on the door.
သူသည် တံခါးကို ခေါက်လိုက်သည်။ - Aye Aye opened it.
အေးအေးက တံခါးကို ဖွင့်ပေးခဲ့သည်။ - Kyaw Kyaw walked into the classroom.
ကျော်ကျော်သည် စာသင်ခန်းထဲသို့ လျှောက်လာခဲ့သည်။ - Aye Aye closed it.
အေးအေးက တံခါးကို ပိတ်လိုက်သည်။ - The teacher pointed to the blackboard.
ဆရာမသည် ကျောက်သင်ပုန်ကြီးသို့ (လက်ညှိုးဖြင့်) ညွှန်ပြခဲ့သည်။ - Kyaw Kyaw cleaned the blackboard.
ကျော်ကျော်သည် ကျောက်သင်ပုန်းကြီးကို သုတ်ခဲ့သည်။ - The teacher smiled.
ဆရာမက ပြုံးပြလိုက်သည်။ - She thanked Kyaw Kyaw.
သူမသည် ကျော်ကျော်ကို ကျေးဇူးတင်ခဲ့သည်။ - She said, “Thank you, Kyaw Kyaw!”
သူမက “ကျေးဇူးတင်ပါတယ် ကျော်ကျော်” ဟု ပြောခဲ့သည်။ - Kyaw Kyaw walked back to his place.
ကျော်ကျော်သည် သူ့နေရာသို့ .. ပြန်လျှောက်သွားခဲ့သည်။ - The children drew on the blackboard.
ကလေးများသည် ကျောက်သင်ပုန်းကြီးပေါ်မှာ ပုံရေးဆွဲခဲ့ကြသည်။ - They drew a fish, a cat and a ball.
သူတို့သည် ငါးတစ်ကောင်၊ ကြောင်တစ်ကောင်နှင့် ဘောလုံးတစ်လုံးကို ရေးဆွဲခဲ့ကြသည်။