Learning Grammar by Reading – 18

New vocabularies စကားလုံး အသစ်များ

  1. ceiling – n မျက်နှာကြက်
  2. ruler – n ပေတံ 📏
  3. write – v စာရေးသည် ✍️
  4. read – v စာဖတ်သည် 📖
  5. fly – v ပျံသန်းသည် 🛫
  6. pen – n ဖောင်တိန်၊ ကလောင်တံ 🖊️
  7. pencil – n ခဲတံ ✏️

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  1. Daw Than wrote on the blackboard.
    ဒေါ်သန်းသည် ကျောက်သင်ပုန်းကြီးပေါ်မှာ စာရေးခဲ့သည်။
  2. The children wrote in their books.
    ကလေးများသည် သူတို့၏ စာအုပ်များထဲတွင် စာရေးခဲ့ကြသည်။
  3. At ten o’clock they went to the playground.
    ဆယ်နာရီထိုးတွင် သူတို့ ကလေးကစားကွင်းသို့ သွားခဲ့ကြသည်။
  4. Daw Than came into the classroom.
    ဒေါ်သန်းသည် စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။
  5. At a quarter past ten Aye Aye and Zaw Zaw went back into the classroom.
    ဆယ်နာရီဆယ့်ငါးမိနစ်တွင် အေးအေးနှင့် ဇော်ဇော်တို့သည် စာသင်ခန်းထဲသို့ ပြန်သွားခဲ့ကြသည်။
  6. Kyaw Kyaw looked at the clock.
    ကျော်ကျော်သည် တိုင်ကပ်နာရီကို ကြည့်လိုက်သည်။
  7. It was twenty past ten.
    ဆယ်နာရီမိနစ်နှစ်ဆယ် ရှိနေပြီ။
  8. He knocked on the door.
    သူသည် တံခါးကို ခေါက်လိုက်သည်။
  9. Aye Aye opened it.
    အေးအေးက တံခါးကို ဖွင့်ပေးခဲ့သည်။
  10. Kyaw Kyaw walked into the classroom.
    ကျော်ကျော်သည် စာသင်ခန်းထဲသို့ လျှောက်လာခဲ့သည်။
  11. Aye Aye closed it.
    အေးအေးက တံခါးကို ပိတ်လိုက်သည်။
  12. The teacher pointed to the blackboard.
    ဆရာမသည် ကျောက်သင်ပုန်ကြီးသို့ (လက်ညှိုးဖြင့်) ညွှန်ပြခဲ့သည်။
  13. Kyaw Kyaw cleaned the blackboard.
    ကျော်ကျော်သည် ကျောက်သင်ပုန်းကြီးကို သုတ်ခဲ့သည်။
  14. The teacher smiled.
    ဆရာမက ပြုံးပြလိုက်သည်။
  15. She thanked Kyaw Kyaw.
    သူမသည် ကျော်ကျော်ကို ကျေးဇူးတင်ခဲ့သည်။
  16. She said, “Thank you, Kyaw Kyaw!”
    သူမက “ကျေးဇူးတင်ပါတယ် ကျော်ကျော်” ဟု ပြောခဲ့သည်။
  17. Kyaw Kyaw walked back to his place.
    ကျော်ကျော်သည် သူ့နေရာသို့ .. ပြန်လျှောက်သွားခဲ့သည်။
  18. The children drew on the blackboard.
    ကလေးများသည် ကျောက်သင်ပုန်းကြီးပေါ်မှာ ပုံရေးဆွဲခဲ့ကြသည်။
  19. They drew a fish, a cat and a ball.
    သူတို့သည် ငါးတစ်ကောင်၊ ကြောင်တစ်ကောင်နှင့် ဘောလုံးတစ်လုံးကို ရေးဆွဲခဲ့ကြသည်။