Learning Grammar by Reading – 25

New vocabularies ဝေါဟာရ အသစ်များ – Pronouns/နာမ်စားများ

  1. my – ကျွန်ုပ်၏
  2. mine – ကျွန်ုပ်ပိုင်သောအရာ၊ ကျွန်ုပ်ဟာ
  3. your – သင်၏
  4. yours – သင်ပိုင်သောအရာ၊ သင့်ဟာ
  5. his – သူ၏၊ သူပိုင်သောအရာ၊ သူ့ဟာ
  6. her – သူမ၏
  7. hers – သူမ ပိုင်သောအရာ၊ သူမဟာ
  8. our – ကျွန်ုပ်တို့၏
  9. ours – ကျွန်ုပ်တို့ပိုင်သောအရာ၊ ကျွန်ုပ်တို့ဟာ
  10. their – သူတို့၏
  11. theirs – သူတို့ပိုင်သောအရာ၊ သူတို့ဟာ

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  1. Nila, Aye Aye, Zaw Zaw and Kyaw Kyaw live in Yangon.
    နီလာ၊ အေးအေး၊ ဇော်ဇော်နှင့် ကျော်ကျော်တို့သည် ရန်ကုန်မြို့တွင် နေထိုင်ကြသည်။
  2. Aye Aye lives in Mingalar Street.
    အေးအေးသည် မင်္ဂလာလမ်းတွင် နေထိုင်သည်။
  3. Zaw Zaw and Kyaw Kyaw live in Thiri Street.
    ဇော်ဇော်နှင့် ကျော်ကျော်တို့သည် သီရိလမ်းတွင် နေထိုင်ကြသည်။
  4. Nila lives in Padauk Street.
    နီလာသည် ပိတောက်လမ်းတွင် နေထိုင်သည်။
  5. They all go to Basic Education Primary School No. (1).
    သူတို့အားလုံး အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် တက်ကြသည်။