Learning Grammar by Reading – 27

New vocabularies ဝေါဟာရ အသစ်များ

  1. wash – v ကိုယ်လက်မျက်နှာ သန့်စင်သည်
  2. face – n မျက်နှာ
  3. faces – n မျက်နှာများ
  4. brush – v တိုက်သည်၊ သပ်သည်
  5. tooth – n သွား
  6. teeth – n သွားများ
  7. put on – phr v ဝတ်ဆင်သည်
  8. uniform – n တူညီဝတ်စုံ
  9. comb – v ခေါင်းဖြီးသည်
  10. hair – n ဆံပင်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  1. Every morning Zaw Zaw wakes up at seven o’clock.
    ဇော်ဇော်သည် နံနက်တိုင်း ခုနစ်နာရီထိုးတွင် အိပ်ရာမှ ထသည်။
  2. His brother wakes up and they get out of bed.
    သူ၏ညီသည် အိပ်ရာမှနိုး၍ သူတို့သည် အိပ်ရာထဲမှ ထွက်လာကြသည် / အိပ်ရာထကြသည်။
  3. They make their beds.
    သူတို့ အိပ်ရာများကို သိမ်းကြသည်။
  4. They wash their faces.
    သူတို့ မျက်နှာသစ်ကြသည်။
  5. They brush their teeth.
    သူတို့ သွားတိုက်ကြသည်။
  6. They put on their school uniforms.
    သူတို့ ကျောင်းဝတ်စုံများကို ဝတ်ကြသည်။