Learning Grammar by Reading – 35

New vocabularies ဝေါဟာရ အသစ်များ

  1. shouting – v အော်ပြောနေသည်
  2. loud – adj ကျယ်လောင်သော
  3. loudly – adv ကျယ်ကျယ်လောင်လောင်
  4. soft – adj တိုးသော
  5. softly – adv တိုးတိုးညင်းညင်း
  6. whispering – v တိုးတိုးပြောနေသည်
  7. moving – v ရွေ့လျားနေသည်၊ သွားနေသည်

Tenses ကာလအပိုင်းအခြား

“/” slash in the parentheses (…/…) indicates alternative way of describing the tense.

  • Present tense ပစ္စုပ္ပန်ကာလ – ပြုဆဲ၊ ဖြစ်ဆဲ၊ ရှိဆဲအချိန်အခါ
    • သည်၊ ၏၊ တယ်
  • Past tense အတိတ်ကာလ – ပြုခဲ့၊ ဖြစ်ခဲ့၊ ရှိခဲ့ပြီးသော အချိန်အခါ
    • ခဲ့သည်၊ ခဲ့၏၊ ခဲ့တယ်
  • Future tense အနာဂတ်ကာလ – ပြုအံ့၊ ဖြစ်အံ့၊ ရှိအံ့သော အချိန်အခါ
    • မည်/မယ်၊ လိမ့်မည်၊ ပါမည်/ပါမယ်၊ ပါတော့မည်/ပါ့မယ်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

“/” slash in the parentheses (…/…) indicates alternative way of describing the tense.

  1. What did Kyaw Kyaw do yesterday?
    ကျော်ကျော် မနေ့က ဘာလုပ်ခဲ့သနည်း။
  2. He played football yesterday.
    သူသည် မနေ့က ဘောလုံးကစားခဲ့ပါသည်။
  3. What is Su Su going to do tonight?
    စုစု ယနေ့ည ဘာလုပ်တော့မည်နည်း။
  4. She is going to do her homework tonight.
    သူမသည် ယနေ့ည သူမ၏အိမ်စာကို လုပ်ပါတော့မည်။
  5. What are the girls going to do next Saturday?
    မိန်းကလေး(များသည်/တွေ) လာ(မည့်/မယ့်)စနေနေ့(တွင်/မှာ) ဘာလုပ်ကြ(တော့မည်နည်း/မှာလဲ)။
  6. They are going to swim in the sea next Saturday.
    သူတို့(သည်/သည်) လာ(မည့်/မယ့်)စနေနေ့(တွင်/မှာ) ပင်လယ်ထဲမှာ ရေကူးကြ(တော့မည်/လိမ့်မယ်)။