New vocabularies ဝေါဟာရ အသစ်များ
- first – det အစ၊ ပထမ
- last – adj လွန်ခဲ့သော၊ ပြီးခဲ့သော၊ နောက်ဆုံး
- next – adj လာမည့်၊ နောက်
- tonight – n ယနေ့ည၊ ယခုည
- tomorrow – n မနက်ဖြန်
- another – det နောက်တစ်ကြိမ်
- time – n အချိန်
Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ
- She had breakfast at half past seven yesterday.
သူမသည် မနေ့က ခုနစ်နာရီခွဲတွင် နံနက်စာ စားခဲ့ပါသည်။ - She goes to school at eight o’clock.သူမသည် ရှစ်နာရီထိုးတွင် ကျောင်းတက်ပါသည်။
- She went to school at eight o’clock yesterday.သူမသည် မနေ့က ရှစ်နာရီထိုးတွင် ကျောင်းတက်ခဲ့ပါသည်။
- She has her first lesson at a quarter past eight.
သူမသည် ရှစ်နာရီဆယ့်ငါးမိနစ်တွင် သူမ၏ ပထမသင်ခန်းစာကို သင်ယူပါသည်။ - She and her first lesson at a quarter past eight yesterday.
သူမသည် မနေ့က ရှစ်နာရီဆယ့်ငါးမိနစ်တွင် သူမ၏ ပထမသင်ခန်းစာကို သင်ယူခဲ့ပါသည်။ - She goes home at half past one.
သူမသည် တစ်နာရီခွဲတွင် အိမ်ပြန်ပါသည်။ - She went home at half past one yesterday.
သူမသည် မနေ့က တစ်နာရီခွဲတွင် အိမ်ပြန်ခဲ့ပါသည်။ - She does her homework at six o’clock.
သူမသည် ခြောက်နာရီထိုးတွင် သူမ၏ အိမ်စာကို လုပ်ပါသည်။ - She did her homework at six o’clock yesterday.
သူမသည် မနေ့က ခြောက်နာရီထိုးတွင် သူမ၏ အိမ်စာကို လုပ်ခဲ့ပါသည်။ - She goes to bed at ten o’clock.
သူမသည် ဆယ်နာရီထိုးတွင် အိပ်ရာဝင်ပါသည်။ - She went to bed at ten o’clock yesterday.
သူမသည် မနေ့က ဆယ်နာရီထိုးတွင် အိပ်ရာဝင်ခဲ့ပါသည်။