Learning Grammar by Reading – 41

New vocabularies ဝေါဟာရ အသစ်များ

  1. school book – n ကျောင်း(သုံး)စာအုပ်
  2. writing paper – n စာရေးစက္ကူ
  3. rice – n ၁။ ဆန်စေ့၊ စပါးစေ့ ၂။ ထမင်း
  4. bracket – n ကွင်း
  5. pagoda – n ဘုရား၊ စေတီ
  6. ride – v စီးနင်းသည်၊ စီးသည်
  7. walk – n လမ်းလျှောက်ထွက်ခြင်း၊ v လမ်းလျှောက်သည်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  • I always wash my face in the morning.
    ကျွန်တော်သည် နံနက်ခင်းတွင် အမြဲ မျက်နှာသစ်ပါသည်။
  • I sometimes go to the pagoda on Sundays.
    ကျွန်တော်သည် တနင်္ဂနွေနေ့များတွင် ဘုရားသို့ တစ်ခါတစ်ရံ သွားပါသည်။
  • I sometimes go to the cinema on Sundays.
    ကျွန်တော်သည် တနင်္ဂနွေနေ့များတွင် ရုပ်ရှင်သို့ တစ်ခါတစ်ရံ သွားပါသည်။
  • I usually read in the afternoon.
    ကျွန်တော်သည် နေ့လယ်ခင်းတွင် အများအားဖြင့် စာဖတ်ပါသည်။
  • I never ride a horse.
    ကျွန်တော်သည် ဘယ်သောအခါမှ မြင်းမစီးပါ။
  • Do your father and mother take you for a walk?
    သင့်အဖေနှင့် အမေသည် သင့်ကို လမ်းလျှောက်ထွက်ရန် ခေါ်ကြသလား။
  • Does your mother go to the market?
    သင့်အမေသည် ဈေးသို့ သွားသလား။
  • Does your mother drive a car?
    သင့်အမေသည် ကားမောင်းသလား။