Learning Grammar by Reading – 46

New vocabularies ဝေါဟာရ အသစ်များ

  1. wrist – n လက်ကောက်ဝတ်
  2. arm – n လက်မောင်း၊ လက်
  3. chin – n မေးစေ့
  4. mouth – n ပါးစပ်
  5. nose – n နှာခေါင်း
  6. school – n ကျောင်းတက်ချိန်၊ ကျောင်းချိန်၊ ကျောင်း
  7. start – v အစပြုသည်၊ စသည်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  • When does Aye Aye get up in the morning?
    အေးအေးသည် နံနက်ခင်းတွင် ဘယ်အချိန်၌ အိပ်ရာမှ ထသနည်း။
  • She gets up at six o’clock in the morning.
    သူမသည် နံနက်ခင်းတွင် ခြောက်နာရီထိုး၌ အိပ်ရာမှ ထပါသည်။
  • When does she go to school?
    သူမသည် ဘယ်အချိန်မှာ ကျောင်းတက်သနည်း။
  • She goes to school at eight o’clock.
    သူမသည် ရှစ်နာရီထိုးတွင် ကျောင်းတက်ပါသည်။
  • When does school start?
    ဘယ်အချိန်မှာ ကျောင်းချိန် စသနည်း။
  • School starts at nine o’clock.
    ကိုးနာရီထိုးတွင် ကျောင်းချိန် စပါသည်။