Learning Grammar by Reading – 49

New vocabularies ဝေါဟာရ အသစ်များ

  1. ear – n နား
  2. eye – n မျက်စိ
  3. measure – v တိုင်းတာသည်
  4. teeth – n သွားများ
  5. tooth – n သွား
  6. toothbrush – n သွားပွတ်တံ
  7. soap – n ဆပ်ပြာ
  8. tongue – n လျှာ
  9. monkey – n မျောက်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  • Q: What is your name? သင့်အမည် ဘာဖြစ်သနည်း။
  • A: My name is Aung Aung. ကျွန်တော့်အမည်သည် အောင်အောင် ဖြစ်ပါသည်။
  • Q: Where do you live? သင် ဘယ်မှာ နေထိုင်သနည်း။
  • A: I live in Yangon. ကျွန်တော်သည် ရန်ကုန်မြို့တွင် နေထိုင်ပါသည်။
  • Q: Where is your school? သင်၏ကျောင်းသည် ဘယ်မှာ ရှိသနည်း။
  • A: My school is in Yangon. ကျွန်တော်၏ကျောင်းသည် ရန်ကုန်မြို့တွင် ရှိပါသည်။
  • Q: When is your birthday? သင့်မွေးနေ့သည် ဘယ်တော့ ဖြစ်သနည်း။
  • A: My birthday is 7th May. ကျွန်တော့်မွေးနေ့သည် မေလ ၇ ရက်နေ့ ဖြစ်ပါသည်။
  • Q: Where do you go on Saturdays? စနေနေ့များတွင် သင် ဘယ်ကို သွားသနည်း။
  • A: I go to the cinema on Saturdays. စနေနေ့များတွင် ကျွန်တော် ရုပ်ရှင်သို့ သွားပါသည်။
  • Q: Where did you go last Sunday? လွန်ခဲ့သော တနင်္ဂနွေနေ့က သင် ဘယ်ကိုသွားခဲ့သနည်း။
  • A: I went to the pagoda last Sunday. လွန်ခဲ့သော တနင်္ဂနွေနေ့က ကျွန်တော် ဘုရားသို့ သွားခဲ့ပါသည်။
  • Q: Whose pen are you holding? သင် ဘယ်သူဖောင်တိန်ကို ကိုင်ထားသနည်း။
  • A: I am holding my pen. ကျွန်တော်သည် ကျွန်တော်၏ ဖောင်တိန်ကို ကိုင်ထားပါသည်။
  • Q: Which teacher teaches you English? ဘယ်ဆရာက သင့်ကို အင်္ဂလိပ်ဘာသာ သင်ပြသနည်း။
  • A: U Nyan Lin teaches me English. ဦးဉာဏ်လင်းသည် ကျွန်တော့်ကို အင်္ဂလိပ်ဘာသာ သင်ပြပါသည်။