Learning Grammar by Reading – 51

New vocabularies ဝေါဟာရ အသစ်များ

  1. umbrella – n ထီး
  2. glasses – n မျက်မှန်
  3. brown – n အညိုရောင်
  4. collar – n (အင်္ကျီ)ကော်လာ
  5. button – n ကြယ်သီး
  6. dot – n အစက်၊ အပြောက်
  7. fishing – v ငါးမျှားနေသည်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  • What are they waiting for?
    သူတို့သည် ဘာကို စောင့်နေကြသနည်း။
  • They are waiting for a bus.
    သူတို့သည် ဘတ်စကား စောင့်နေကြပါသည်။
  • What is the woman looking for?
    အမျိုးသမီးကြီးသည် ဘာကို ရှာနေသနည်း။
  • She is looking for her glasses.
    သူမသည် သူမ၏မျက်မှန်ကို ရှာနေပါသည်။
  • The man is running after the dog.
    လူကြီးသည် ခွေးနောက်မှ ပြေးလိုက်နေသည်။
  • The man is shouting at the dog.
    လူကြီးသည် ခွေးကို အော်နေသည်။
  • The policeman is pointing at the dog.
    ရဲသားသည် ခွေးကို လက်ညှိုးထိုးနေသည်။
  • The woman is looking at the dog.
    အမျိုးသမီးကြီးသည် ခွေးကို ကြည့်နေသည်။
  • The girl is smiling at the man.
    မိန်းကလေးသည် လူကြီးကို ပြုံးပြနေသည်။
  • The boy is laughing at the man.
    လူကလေးသည် လူကြီးကို ရယ်နေသည်။