အတန်းထဲမှ စာဖတ်သင်ခန်းစာများ | Reading exercises from the last class
ဝေါဟာရ အသစ်များ | New vocabularies
- ရည်ရွယ်ချက်၊ အကြောင်း – n purpose
- ပင်လယ်ကမ်းခြေ၊ သောင်ယံ – n beach
- စာကြည့်တိုက် – n library
- ရုပ်ရှင်ရုံ – n cinema
- ရုပ်ရှင်၊ ရုပ်ရှင်ကား – n film
- ကလေးကစားစရာ (အရုပ်) – n toy
- အရုပ်ဆိုင် – n toy shop
- ဆေး – n medicine
- တိရစ္ဆာန် – n animal
- အဒေါ် – n aunt
အသုံးပြု | Use
- ကျွန်တော်တို့သည် ဓာတ်ပုံရိုက်ရန် ကင်မရာကို အသုံးပြုကြသည်။
We use a camera to take photographs. - ကျွန်တော်တို့သည် သံရိုက်ရန် တူကို အသုံးပြုကြသည်။
We use a hammer to hit nails with. - ကျွန်တော်တို့သည် လူများနှင့် စကားပြောရန် တယ်လီဖုန်းကို အသုံးပြုကြသည်။
We use a telephone to talk to people. - ကျွန်တော်တို့သည် ကျောက်သင်ပုန်းကြီးကို ဖျက်ရန် ဘောဖျက်ကို အသုံးပြုကြသည်။
We use a duster to clean the blackboard. - ကျွန်တော်တို့သည် အစာစားရန် ဇွန်းကို အသုံးပြုကြသည်။
We use a spoon to eat with. - ကျွန်တော်တို့သည် အဝတ်အစားချုပ်ရန် ချုပ်အပ်ကို အသုံးပြုကြသည်။
We use a needle to sew clothes. - ကျွန်တော်တို့သည် စာရေးရန် ခဲတံကို အသုံးပြုကြသည်။
We use a pencil to write with.
အပေါ်ကသင်ခန်းစာအတွက် ဝေါဟာရ စကားလုံးများ | Vocabularies for the above exercise
- အသုံးပြု – use
- ကျွန်တော်တို့ – we
- ရန် – to
- ဓာတ်ပုံ – photographs
- ဓာတ်ပုံရိုက် – take photographs
- ကင်မရာ – camera
- သံ – nails
- သံရိုက် – hit nails
- တူ – hammer
- တယ်လီဖုန်း – telephone
- စကားပြော – talk
- လူများ – people
- နှင့် – to/with
- ကျောက်သင်ပုန်းကြီး – blackboard
- ဖျက် – clean/erase
- ဘောဖျက် – duster/board eraser
- အစာ – food
- အစာစား – eat
- ဇွန်း – spoon
- အဝတ်အစား – clothes
- အဝတ်အစားချုပ် – sew clothes
- ချုပ်အပ် – needle
- စာရေး – write
- ခဲတံ – pencil