Learning Grammar by Reading – 70

ဝေါဟာရ အသစ်များ | New vocabularies

  • ဦးလေး – n uncle
  • ပို့စကတ် – n postcard
  • သတင်း – n news
  • အထည်စ – n cloth
  • အဝတ်အစား – n clothes
  • ခလုတ်ဖွင့်ခဲ့သည် – phrasal v switched on
  • လူ – n person/human
  • ရေဒီယို – n radio
  • ပို့သည် – v send
  • ဂီတ – n music

သွားကြလိမ့်မည် | Going to

  • မနက်ဖြန် … ကလေးများသည် တိရစ္ဆာန်များကိုကြည့်ရန် တိရစ္ဆာန်ဥယျာဉ်သို့ သွားကြလိမ့်မည်။
    Tomorrow the children are going to the zoo to see the animals.
  • သူတို့သည် မျောက်များကိုကြည့်ရန် မျောက်ရုံသို့နှင့် ခြင်္သေ့များကိုကြည့်ရန် ခြင်္သေ့ရုံသို့ သွားကြလိမ့်မည်။
    They are going to the monkey-house to see the monkeys, and to the lion-house to see the lions.
  • ဇော်ဇော်နှင့် ကျော်ကျော်သည် မြွေများကိုကြည့်ရန် မြွေရုံသို့ သွားကြလိမ့်မည်။
    Zaw Zaw and Kyaw Kyaw are going to the snake-house to see the snakes.
  • အေးအေးနှင့် နီလာသည် ငှက်ရုံသို့ သွားကြလိမ့်မည်။
    Aye Aye and Nila are going to the bird-house.
  • “ကျော်ကျော်က စားဖို့တစ်ခုခုကို သယ်ဆောင်နိုင်ပြီး ဇော်ဇော်က သောက်ဖို့ တစ်ခုခုကို သယ်ဆောင်နိုင်ပါတယ်” ဟု ဒေါ်နုက ပြောသည်။
    “Kyaw Kyaw can carry something to eat and Zaw Zaw can carry something to drink,” said Daw Nu.

အပေါ်ကသင်ခန်းစာအတွက် ဝေါဟာရ စကားလုံးများ | Vocabularies for the above exercise

  • မနက်ဖြန် – tomorrow
  • ကြည့် – see
  • သွားကြလိမ့်မည် – am/is/are going to
  • ကလေးများ – children
  • တိရစ္ဆာန်များ – animals
  • တိရစ္ဆာန်ဥယျာဉ်/တိရစ္ဆာန်ရုံ – zoo
  • ရုံ = a building that house something specific or a shelter
  • သူတို့ = they
  • မျောက်များ = monkeys
  • မျောက်ရုံ – monkey-house
  • ခြင်္သေ့များ – lions
  • ခြင်္သေ့ရုံ – lion-house
  • မြွေများ – snakes
  • မြွေရုံ – snake-house
  • ငှက်ရုံ – bird-house
  • စား – eat
  • စားဖို့ တစ်ခုခု – something to eat
  • သောက် – drink
  • သောက်ဖို့ တစ်ခုခု – something to drink
  • သယ်ဆောင် – carry
  • နိုင်/နိုင်ပါတယ် – can