Learning Grammar by Reading – 71

အတန်းထဲမှ စာဖတ်သင်ခန်းစာများ | Reading exercises from the last class

ဝေါဟာရ အသစ်များ | New vocabularies

  • holiday – n အပျော်ခရီး
  • want – v ရချင်၊ လိုချင်သည်။ ဆန္ဒရှိသည်။
  • post – v စာထည့်သည် n စာတိုက်
  • office – n ရုံး၊ ဌာန
  • post office – n စာတိုက်ဌာန
  • stamp – n တံဆိပ်ခေါင်း
  • see – v သွားတွေ့သည်၊ သွားလည်သည်။ သွားကြည့်သည်။
  • early – adj စောသော၊ adv စောစော
  • tailor – n အပ်ချုပ်သမား

အပေးအယူ | Give and Take

  • “ငါ အေးအေးကို သုံးဖို့ ငွေကျပ်ကိုးဆယ် ပေးမယ်”
    “I will give Aye Aye ninety kyats to spend.”
  • “ကျွန်မ မျောက်တွေစားဖို့ ငှက်ပျောသီးနည်းနည်း ယူသွားမယ်” ဟု နီလာက ပြောသည်။
    “I shall take some bananas for the monkeys to eat,” said Nila.
  • အေးအေး ဘာယူသွားမည်နည်း။
    What will Aye Aye take?
  • နီလာ ဘာယူသွားမည်နည်း။
    What will Nila take?
  • ကျော်ကျော် ဘာယူသွားမည်နည်း။
    What will Kyaw Kyaw take?
  • ဇော်ဇော် ဘာယူသွားမည်နည်း။
    What will Zaw Zaw take?
  • မည်သူသည် ငှက်များကို ကြည့်မည်နည်း။
    Who will see the birds?
  • မည်သူသည် ခြင်္သေ့များကို ကြည့်မည်နည်း။
    Who will see the lions?
  • မည်သူသည် မျောက်များကို ကြည့်မည်နည်း။
    Who will see the monkeys?
  • မည်သူသည် မြွေများကို ကြည့်မည်နည်း။
    Who will see the snakes?

အပေါ်ကသင်ခန်းစာအတွက် ဝေါဟာရ စကားလုံးများ | Vocabularies for the above exercise

  • သုံးဖို့ – to spend.
  • များ – add at the end of any nouns to make a plural
  • နည်းနည်း – some
  • ငှက်ပျောသီးများ – bananas
  • နည်းနည်း – some
  • ယူ – take
  • birds – ငှက်များ
  • lions – ခြင်္သေ့