အတန်းထဲမှ စာဖတ်သင်ခန်းစာများ | Reading exercises from the last class
ဝေါဟာရ အသစ်များ | New vocabularies
- low – adj မမြင့်သော၊ နိမ့်သော
- lower – adj ပို၍နိမ့်သော
- lowest – adj အနိမ့်ဆုံး
- big – adj ကြီးသော
- bigger – adj ပို၍ ကြီးသော
- biggest – adj အကြီးဆုံး
- funny – adj ရယ်စရာကောင်းသော
- funnier – adj ပို၍ ရယ်စရာကောင်းသော
- funniest – adj ရယ်စရာအကောင်းဆုံး
- long – adj ရှည်သော
- longer – adj ပို၍ရှည်သော
- longest – adj အရှည်ဆုံး
အသာလွန်ဆုံး အဆင့်ပြ နာမဝိသေသန ပုံသဏ္ဌန်များ | Superlative forms of adjective
- နီလာ၏ လုံချည်သည် သိပ်မလှပါ။ အေးအေး၏ လုံချည်သည် နီလာ့ဟာထက် ပိုလှသည်။ သီတာ၏ လုံချည်သည် အေးအေးဟာထက် ပိုလှသည်။
Nila’s longyi is not very beautiful. Aye Aye’s longyi is more beautiful than Nila’s.Thida’s longyi is more beautiful than Aye Aye’s. - မည်သူ၏ လုံချည်သည် အလှဆုံး ဖြစ်သနည်း။
Whose longyi is the most beautiful? - ကလေးများသည် ဒေါ်သန်းအတွက် ပုံပြင်အချို့ ရေးခဲ့ကြသည်။
The children wrote some stories for Daw Than. - ဒေါ်သန်းက ၎င်းတို့ကို ဖတ်၍ ကလေးများထံသို့ ပြန်ပေးလိုက်သည်။
Daw Than read them and gave them back to the children. - “မင်းတို့ရဲ့ ပုံပြင်တွေက သိပ်ကောင်းပါတယ်” ဟု သူမက ပြောခဲ့သည်။
“Your stories were very good,” she said. - “အေးအေးရဲ့ ပုံပြင်က စိတ်ဝင်စားဖွယ်အကောင်းဆုံး ဖြစ်တယ်။
“Aye Aye’s story was the most interesting.
အပေါ်ကသင်ခန်းစာအတွက် ဝေါဟာရ စကားလုံးများ | Vocabularies for the above exercise
- လုံချည် – longyi
- သိပ်မလှပါ – not very beautiful (မ in front of a verb လှ makes that a negative word)
- သိပ် – very
- ပိုလှသည် – more beautiful
- ပို – more
- အလှဆုံး – most beautiful
- ကလေးများ – children
- ရေးခဲ့ကြ – wrote
- အချို့/တချို့ – some
- ၎င်းတို့ – them
- ပြန်ပေးလိုက် – gave them back
- ပေး – gave
- ပြန် – back
- ပုံပြင် – story
- ပုံပြင်တွေ – stories
- သိပ်ကောင်းပါတယ် – very good
- သိပ် – very
- စိတ်ဝင်စားဖွယ်အကောင်းဆုံး – most interesting