New Vocabularies စကားလုံး အသစ်များ
- paint – သင်္ဘောဆေး၊ သုတ်ဆေး 🎨
- oil – ဆီ 🛢️
- clock – စားပွဲတင်နာရီ ⏰
- cup – လက်ဖက်ရည်ပန်းကန်လုံး 🍵
- knife – ဓား 🔪
- knives – ဓားများ 🔪🔪🔪
- scissors – ကတ်ကြေး ✂️
- fruit – သစ်သီး၊ 🍊 သစ်သီးများ 🍊🍊🍊
- coffee – ၁။ ကော်ဖီ ၂။ ကော်ဖီစေ့၊ ကော်ဖီမှုန့် ☕️
- ice – ရေခဲ 🧊
Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ
- မနေ့က အေးအေး၊ ကျော်ကျော်နှင့် ဇော်ဇော်တို့သည် တိရိစ္ဆာန်ဥယျာဉ်သို့ဘတ်စကားဖြင့် သွားခဲ့ကြသည်။ အေးအေးသည် ဘလောက်အင်္ကျီအဝါကို ဝတ်ခဲ့သည်။ကျော်ကျော်သည် ရှပ်အင်္ကျီအစိမ်းကို ဝတ်ခဲ့၍ ဇော်ဇော်သည် ရှပ်အင်္ကျီအပြာကို ဝတ်ခဲ့သည်။ အေးအေးမှာ ပန်းသီးတစ်လုံး ရှိသည်။ ကျော်ကျော်မှာ ကိတ်မုန့်တစ်လုံးရှိပြီး ဇော်ဇော်မှာ လိမ္မော်သီးတစ်လုံး ရှိသည်။
- အေးအေးသည် ပူဖောင်းအချို့နှင့် လူတစ်ယောက်ကို မြင်ခဲ့သည်။ “ကြည့်စမ်း” ဟု သူမက လူကလေးများကို လှမ်းပြောခဲ့ကြသည်။ ထို့နောက် လူကလေးများသည် ပူဖောင်းများကို မြင်ခဲ့ကြသည်။ အေးအေးသည် ပူဖောင်းအနီတစ်လုံးကို ဝယ်ခဲ့သည်။ ကျော်ကျော်သည် ပူဖောင်အပြာတလုံးကို ဝယ်ခဲ့သည်။ ဇော်ဇော်သည် ပူဖောင်းမဝယ်ခဲ့ပါ။ သူ့မှာ ပိုက်ဆံမရှိပါ။
- Yesterday Aye Aye went to school by bus.မနေ့က အေးအေး ဘတ်စကားဖြင့် ကျောင်းတက်ခဲ့သည်။
- Kyaw Kyaw went to school by train and Zaw Zaw went to school on foot.ကျော်ကျော်သည် မီးရထားဖြင့် ကျောင်းတက်ခဲ့၍ ဇော်ဇော်သည် ကျောင်းသို့ ခြေကျင်တက်ခဲ့သည်။