အရှင်ကေလာသ ထေရုပ္ပတ္တိအကျဉ်း

မွေးရပ်ဇာတိ

အရှင်ကေလာသ၊ ၁၉၅၉-ခုနှစ်၊ မေလ ၄ ရက် မွေးဖွား။
ဇာတိ တောင်ကုတ်မြို့နယ်၊ ရခိုင်ပြည်နယ်။

ပညာရေး

သက်တော် ၁၇ တွင် ပထမကြီး အောင်မြင်ပြီး သက်တော် ၁၉ (၁၉၇၉) တွင် သာမဏေဘဝဖြင့် သာသနဓဇဓမ္မာစရိယ ဘွဲ့ရ။ ၁၉၈၅ တွင် ဆယ်တန်းအောင်ပြီး ၁၉၉၀ တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (အဝေးသင်)မှ B.A. (Philo) ဘွဲ့နှင့်၁၉၉၃ တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ M.A. (Buddhism) ဘွဲ့ရ။ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် ၁၉၉၀ မှ ၂၀၀၀ ထိ ၁၀ နှစ် စာပေ ပို့ချခဲ့။

သီတင်းသုံး

အရီဇိုးနားပြည်နယ် အလိုတော်ပြည့်ဗုဒ္ဓဓမ္မရိပ်သာ

Website: kelasa.org

သာသနာရေး ဆောင်ရွက်ချက်

ကလေး လူငယ်များအား ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံများ၊ ဗုဒ္ဓဝါဒကို စိတ်ဝင်စားသူ လူကြီးများအား မူရင်း ပါဠိတော် လာ သုတ္တန်များကို သင်ကြားပေးခြင်း။ အားလပ်ချိန်တွင် စာပေရေးသားခြင်း။

ထုတ်ဝေပြီး ကျမ်းစာများ

‘သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း’နှင့် ‘ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ’ အပါအဝင် မြန်မာပြန် ကျမ်းစာ ၁၁ အုပ်နှင့် စာမျက်နှာ ၃၀၀၀ ကျော်ရှိ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၆ တွဲ။

မြန်မာပြန် ၁၁- အုပ် စာရင်း
  • ၁။ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (စာမျက်နှာ ၂၇၇၊ ၂၀၀၁ ခုနှစ်) (A Pilgrim’ Guide to the Buddha’s India: Middle Land Middle Way, by S. Dhammika)
  • ၂။ နိဗ္ဗာန်အယူအဆကို ထေရဝါဒရှုထောင့်မှ လေ့လာသုံးသပ်ခြင်း (စာမျက်နှာ ၂၄၂၊ ၂၀၀၄ ခုနှစ်) (Nibbana in Theravada Perspective, by Dr. Dhammapiya)
  • ၃။ ဗုဒ္ဓဓမ္မ အနှစ်ချုပ် (စာမျက်နှာ ၁၂၉၊ ၂၀၀၅ ခုနှစ်) (Buddhism in a Nutshell, by Narada Thera)
  • ၄။ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း (စာမျက်နှာ ၅၃၂၊ ၂၀၀၈ ခုနှစ်) (History of Buddhism in Ceylon, Dr. W. Rahula)
  • ၅။ မြန်မာနိုင်ငံပါဠိစာပေသမိုင်း (စာမျက်နှာ ၁၉၄၊ ၂၀၁၀ ခုနှစ်) (The Pali Literature of Burma, by Dr. Mabel Haynes Bode)
  • ၆။ ဗုဒ္ဓဝါဒအမေးအဖြေကျမ်း (စာမျက်နှာ ၁၃၃၊ ၂၀၁၂ ခုနှစ်) (The Buddhist Catehism, by Henry S. Olcott)
  • ၇။ ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်များ (စာမျက်နှာ ၄၄၅၊ ၂၀၁၄ ခုနှစ်) (The Life of the Buddha, by W. Woodville Rockhill)
  • ၈။ အာနာပါနအဖွင့် (စာမျက်နှာ ၇၄၊ ၂၀၁၆ ခုနှစ်) (ဘိက္ခုဉာဏမောဠိ၏ The Path of Purification မှ အာနာပါသတိအဖွင့် မြန်မာပြန်)
  • ၉။ ဗုဒ္ဓဝင်ဘာသာပြန် (စာမျက်နှာ ၁၃၁၊ ၂၀၂၂ ခုနှစ်) (Gautama, the Story of Lord Buddha by Saukntala Masani)
  • ၁၀။ အဘိဓမ္မတ္ထသင်္ဟနိဒါန်း မြန်မာပြန် (စာမျက်နှာ ၆၅၊ ၂၀၂၂ ခုနှစ်) (A comprehensive Manual of Abhiddhama by Bhikkhu Bodhi and Dr. Revatadhamma)
  • ၁၁။ မေတ္တသုတ်၊ ငြိမ်းချမ်းရေးသတင်းစကားနှင့် ကန့်သတ်ခြင်းမဲ့ မေတ္တာတရား (စာ-၆၆၊ ၂၀၂၂ ခုနှစ်) (Karaniya Metta Sutta: the Message of Peace and Universal Friendliness)
ဓမ္မအမေးအဖြေများ
  • ပေါင်းချုပ် ၁ (စာမျက်နှာ ၅၁၆၊ ၂၀၁၇ ခုနှစ်)၊
  • ပေါင်းချုပ် ၂ (စာမျက်နှာ ၅၀၆၊ ၂၀၁၆ ခုနှစ်)၊
  • ပေါင်းချုပ် ၃ (စာမျက်နှာ ၅၂၇၊ ၂၀၁၆ ခုနှစ်)၊
  • ပေါင်းချုပ် ၄ (စာမျက်နှာ ၅၂၀၊ ၂၀၁၇ ခုနှစ်)၊
  • ပေါင်းချုပ် ၅ (စာမျက်နှာ ၅၀၃၊ ၂၀၁၈ ခုနှစ်)၊
  • ပေါင်းချုပ် ၆ (စာမျက်နှာ ၅၁၀၊ ၂၀၂၀ ခုနှစ်)

အရှင်ကေလာသ ရေးပြီးကျမ်းများ Download