အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများ

မင်္ဂလာပါ။
သား သမီး ရင်သွေးငယ်များသည် မိဘတို့၏ ရင်နှစ်သည်းချာ များဖြစ်ကြ၏။ နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့်ကလေးများလည်းဖြစ်ကြ၏။ မိဘတို့သည် မိမိတို့၏ ရင်သွေးငယ်များကို ကြီးပွားချမ်းသာစေလိုလျှင် ငယ်စဥ်ကတည်းက လိမ္မာယဥ်ကျေးအောင် သွန်သင်ဆုံးမပေးရပေမည်။ မသွန်သင်မဆုံးပဲနှင့် အလိုလိုလိမ္မာရေးခြားရှိလာလိမ့်မည်ဟု လုံးဝမျှော်လင့်၍မရပေ။ ရွှံ့တုံးကို ပုံမသွင်း မပြုပြင်ပဲနှင့် အိုးကောင်းတစ်လုံး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်နိုင် သကဲ့သို့ပါပဲ။
ရင်သွေးဟူက၊ ချစ်မဝတည့်၊ မိဘသည်းချာ၊ ရတနာတည်း။
ငယ်စဥ်တောင်ကျေး၊ နုထွတ်ထွေးက၊ လူရေးလူရာ၊ သင်အပ်စွာ၏။
ငယ်စဥ်ခါက၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်၏။
အပတ်စဥ် စနေနေ့၊ တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ည (၈) နာရီအချိန်တိုင်းတွင် တင်ဆက်ပေးပါမည်။