ပါဠိဘာသာ ရွတ်ဖတ်နည်း

(လိုအပ်သူများ ကိုယ်တိုင်လေ့လာကြိုးစားနိူင်ကြပါစေ။)

ရှေးဦးစွာအက္ခရာတို့ကိုသိထားရမည်။

အက္ခရာ(၄၁)လုံး

အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ

သရ (၈)လုံး

အ အာ ဣ ဤ ဥ ဦ ဧ သြ
(အ အာ အိ အီ အု အူ အေ အော)
(- ာ ိ ီ ု ူ ေ ော)

ဣ = အိ
ဤ = အီ
ဥ = အု
ဦ = အူ
ဧ = အေ
ဩ = အော

အားလုံးက သီးသန့် စာလုံးတလုံးစီပါ။
“ဦ” ဆိုတာ “ဥ” ကို လုံးကြီးတင်ဆံခတ်ထားတာ မဟုတ်ပါဘူး … စဉ်းစားကြည့်ပါ … “ဥ” ကို လုံးကြီးတင်ဆံခတ် လိုက်မယ်ဆိုရင် “အီု” ဆိုတဲ့ ဘာသံမှ ထွက်မရတဲ့ စာလုံး ဖြစ်သွားပါလိမ့်မယ် …
“ဩ” ကလည်း သ-ရရစ် မဟုတ်ပါဘူး …

ဗျည်း(၃၃)လုံး

က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ

သရ(၈)လုံး နှင့် ဗျည်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။

ဗျည်း နှင့် သရ

ဗျည်း (consonant)

ဗျည်းဟူသည် သူ့ချည်းသက်သက် အသံထွက်၍ မရ၊ သရနှင့် တွဲမှသာ အသံပီပီသသ ထွက်နိုင်သော အက္ခရာမျိုး ဖြစ်သည်။

သရ (vowel)

မည်သည့် ဘာသာ၌ဖြစ်စေ သရဟူသည် အခြားပစ္စည်း အကူအညီမပါဘဲ  သူ့ချည်းသက်သက် အသံထွက်၍ရသော အက္ခရာဝဏ္ဏတို့ကို ခေါ်သည်။

သရများ

သရဆိုသည်မှာ မိမိအလိုအလျောက် အသံဖြစ်နိုင်သော သတ္တိရှိသည့် အက္ခရာဖြစ်သည်။ မြန်မာအဘိဓာန်တွင် သရကို  “အဆုတ်မှ တက်လာသော လေသည် ခံတွင်းရှိစကားသံဖြစ်အင်္ဂါအစိတ်အပိုင်း၏ ပိတ်ဆို့တားဆီးခြင်း မခံရဘဲ  ဖြောင့်ဖြောင့်ဖြူးဖြူးထွက်သွားစဉ် ဖြစ်လာသောအသံ”  ဟူ၍အနက်ဖွင့်ထားသည်။

မြန်မာဘာသာ၌ အခြေခံသရအဖြစ်  ၊ အာ ၊  ၊  ၊  ၊  ၊  ၊ အဲ ၊ သြ ၊  သြော် ၊  အို ဟူ၍ (၁၁) လုံး။  သင်ရိုးသရအဖြစ်  ၊ အာ ၊  ၊  ၊  ၊  ၊  ၊ အဲ ၊ သြ ၊  သြော် ၊ အံ ၊ အား  ဟူ၍ (၁၂) လုံးမှတ်ယူကြကြောင်း အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ထို (၁၂) လုံးသော သရအစဉ်သည် မြန်မာလူမျိုးတို့ မွန်လူမျိုးတို့ထံမှ ရယူခဲ့သော မွန်မြန်မာသင်ရိုးဖြစ်သည်။

ပါဠိစာပေအရ  ၊ အာ ၊  ၊  ၊  ၊  ၊  ၊ သြ ဟု သရ (၈)လုံးသာရှိသည်။

Source: နှာ-၁၇၊ မြန်မာစာသင်ကြားရေး (မူလတန်း)  –  ဦးသန်းထွတ်

သရ နှင့် ဗျည်းတို့၏ ရွတ်ဆိုချိန် ကြာမြင့်ကာလ

သရသည်လည်း ရဿ သရ၊ ဒီဃ သရဟု နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် အသံတိုသော သရကို ရဿ သရဟု ခေါ်သည်။ အသံရှည်သော သရကို ဒီဃသရဟု ခေါ်သည်။ ရဿ သရသည် ရွတ်ဆိုသောအခါ တစ်မတြာကြာသည်။ တစ်မတြာဟူသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်မျှသာ ကြာသောအချိန်ကာလဖြစ်သည်။ ဒီဃသရဟူသည် ရွတ်ဆိုသောအခါ နှစ်မတြာကြာသည်။ နှစ်မတြာဟူသည် မျက်စိနှစ်မှိတ် လျှပ်နှစ်ပြက်မျှကြာသော အချိန်ကာလဖြစ်သည်။

ဗျည်းဟူသည် ရွတ်ဆိုသောအခါ မတြာဝက်မျှသာ ကြာသည်။ မတြာဝက်ဟူသည် ရွတ်ဆိုချိန် အလွန်တိုသောကြောင့် ဗျည်းကို သူ့ချည်းသက်သက် အသံပီပီသသ မထွက်နိုင်၊ သရနှင့် တွဲမှသာ အသံပီပီသသ ထွက်နိုင်သည်။ ထို့ကြောင့် ရဿ  သရနှင့် တွဲလျှင် တစ်မတြာခွဲ၊ ဒီဃသရနှင့် တွဲလျှင် နှစ်မတြာခွဲကြာသည်။

သံတိုသရ (ရဿ သရ) – အ ၊ ဣ ၊ ဥ

သံရှည်သရ (ဒီဃ သရ) – အာ ၊ ဤ ၊ ဦ ၊ ဧ ၊ အဲ ၊ သြ ၊ သြော် ၊ အို

Source: ဦးညွန့်မောင် (UCL) —- မြန်မာစာ သင်ပုန်းကြီး အခြေပြု

သရ နှင့် ဗျည်း ပေါင်းစပ်ပုံ

ဗျည်းဖြစ်သော “က်” ကို သရဖြစ်သော “အ” နှင့် ပေါင်းစပ် လျှင် “က” ဟူ၍ အသံထွက်သည်။ ထို့နည်းတူ …

က် +​ (အ အာ အိ အီ အု အူ အေ အော)

က် + အ = က
က် + အာ = ကာ
က် + အိ = ကိ
က် + အီ = ကီ
က် + အု = ကု
က် + အူ = ကူ
က် + အေ = ကေ
က် + အော = ကော

အသံအကြောင်း

“ဖားဂုန်ညင်းတို့၏ မြည်သံကို (၁)မတြာ, ကျီးတို့၏ မြည်သံကို (၂)မတြာ , ကြက်တွန်သံကို (၃)မတြာ, ရှည့်မြည်သံကို မတြာထက်ဝက်” ဟူ၍ သရသွာတိသဒ္ဒါကျမ်းဆရာက သတ်မှတ်ပြထား ပေသည်။

(၁)မတြာရှိသော သရသည် ရဿ။
(၂)မတြာရှိသော သရသည် ဒီဃ။
(၃)မတြာနှင့် (၃)မတြာထက် လွန်သော အက္ခရာသည် ပ္လုတခေါ်သော ဂီတ။
(၁)မတြာ၏ ထက်ဝက်ရှိသောအက္ခရာသည် ဗျည်းမည်၏”ဟု မူရင်း သက္ကတ-သရသွာတိ သဒ္ဒါကျမ်းဆရာက မိန့်ဆိုထားပေသည်။

အ၊ ဣ၊ ဥ – ရဿ သရကို ကဗျည်းနှင့် တွဲသော် က + ကိ + ကု – ဟု အက္ခရာဖြစ်လာသည်။ က – အက္ခရာ၌ (အ)ရဿ သရနှင့် (က်)ဗျည်းတို့ တွဲစပ်ထားသည် ဟုသိရပါမည်။ ရဿသရ၌ (၁)မတြာရှိသည်။ (က်)ဗျည်း၌ မတြာဝက်ရှိသည်။ ထို(အ) ရဿသရနှင့် (က်)ဗျည်း နှစ်ခုပေါင်းထားသော (က)အက္ခရာ ၌ (၁)မတြာခွဲ ရှိသည်ဟု မှတ်ပါ။ (ကိ , ကု )တို့၌လည်း (က)အက္ခရာ နည်းတူ (၁)မတြာခွဲစီ ရှိသည်။ (ကာ) အက္ခရာ၌လည်း (အာ)ဒီဃသရနှင့် (က်)ဗျည်းတို့ တွဲစပ်ထားသည်ဟု သိရမည်။ (အာ)ဒီဃသရ၌ (၂)မတြာရှိသည်။ (က်)ဗျည်း၌ မတြာထက်ဝက်ရှိသည်။ (အာ)ဒီဃသရနှင့် (က)ဗျည်းနှစ်ခုပေါင်းစပ်ထားသော (ကာ)အက္ခရာ၌ (၂)မတြာခွဲရှိ သည်ဟုမှတ်ပါ။ ထို့အတူ (ကီ၊ ကူ၊​ ကေ၊​ကော) တို့၌ လည်း ကာအက္ခရာ ကဲ့သို့ (၂)မတြာခွဲစီ ရှိကြသည်။

Reference

ဗျည်း နှင့် သရ – myanmarsar65.com
မြန်မာစာ မြန်မာသဒ္ဒါ မှတ်စု – facebook
မြန်မာအက္ခရာများ – facebook

မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်း

မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်းပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။

မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာBC- 500 လောက်ကနေ700 -ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်းပညာရှင်တွေက မိန့်ဆိုကြတယ်။ ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီ အက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီးအဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံ၀င်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါ၀င်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်၀င်စားစရာ ကောင်းပါတယ်။

ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။

ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ၀-၀ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။ ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။

ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။

ဗျည်းတွေကိုအမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။

ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။

ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။ ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။

ခွေခွေကလေးနေလို့ ခ-ခွေး၊ လုံးလုံးကလေး နေလို့ စ-လုံး၊ လိမ်ခွေနေလို့ ဆ-လိမ်၊ အောက်ကွဲနေလို့ ဇ-ကွဲ၊ ဘေးကမျဉ်းဆွဲထားလို့ စျ-မျဉ်းဆွဲ၊ ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊ ၀မ်းပူနေလို့ တ-၀မ်းပူ၊ အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊ အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊ မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊ အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊ ကုန်းနေလို့ ဘ-ကုန်း၊ ပက်လက်လန်နေလို့ ယ-ပက်လက်၊ အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာ၀တ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာ ဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ၀မ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။

ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြား ခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။

ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။ ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။

အချုပ်အားဖြင့် ပါဠိမှာညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။

မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။

ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။

လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။

အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)

စျ (စျမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ စျ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ စျမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။

Credit- မောင်ခင်မင်(ဓနုဖြူ)

Reference

မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်း – facebook

ပါဠိဘာသာ ရွတ်ဖတ်နည်း

၁။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက္က (စက်က)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)

၂။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)

၃။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)

၄။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များ သည် (အန်) ဟု အသံထွက်၏။
ကန္ဍ (ကန်ဍ)
အန္တ (အန်တ)
ဓမ္မ (ဓမ်မ)
ပလ္လင်္ဂ (ပန်လင်ဂ)

၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ္ဎေုာ (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပေါ (သပ်ပေါ)
ဒဿန (ဒတ်သန)

၆။ “ဣ” သရ နှင့် “ဥ” သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို (တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)

မှတ်ချက်/ပါဠိ၌ ဗျည်းနှင့် သရတွဲရာတွင် “ဣ” (အိ) သရသည် မြန်မာ၌လုံးကြီးတင်၊ “ဤ” (အီ) သရသည် လုံးကြီးတင်ဆံခတ်၊ “ဥ” (အု) သရသည် တစ်ချောင်းငင်၊ “ဦ” (အူ) သရသည် နှစ်ချောင်းငင်၊ “သြ” (အော) သရသည် သဝေထိုး ရေးချ၊ “ဧ” (အေ) သရသည် သဝေထိုး – ဟူ၍ အသီးသီးဖြစ်ကြ၏။

၇။ “ဣ” သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ (ကိတ္ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ္ပ (သိပ်ပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)

၈။ “ဥ” သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ္ဎို (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ္ပ (ကုပ်ပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)

၉။ “ဧ” သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)

၁ဝ။ “ဧ” သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတ္ထ (အစ်ထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)

၁၁။ “သြ” သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သြက္ကာက (အောက်ကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)

၁၂။ “သြ” သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟုဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)

၁၃။ “သြ” သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို (အွတ်) ဟုဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတ္ထက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတ္ထိ (သွတ်ထိ)

၁၄။ “ဤ” သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည် (အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန္ဒတိ)
ကိံ (ကိန်)

၁၅။ “ဥ” သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန္ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)

၁၆။ “ဧ” သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ (အာနင်ဇ)

၁၇။ “ဣ” သရ နှင့် “ဥ” သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)

၁၈။ “ဝ”​ဗျည်း နှင့် အခြားဗျည်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
ဒ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)

ကျန်သောဗျည်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။

၁၉။ “ရ” ဗျည်း နှင့် အခြာဗျည်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကြ (စကြ-စက်ကြ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)

၂ဝ။ ”ဟ”ဗျည်း နှင့် အခြားဗျည်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ (နှာန-နဟာန)
မ+ဟ=မှ (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှာ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)

မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။

ဤတွင်ပါဠိဖတ်နည်းပြီးပြီ။ ကြိုးစားကြပါကုန်။

ပါဠိ စာလုံးဆင့်ဖတ်နည်းလင်္ကာ

၁။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊
သတ်ပါ မြဲဧကန်။

၂။ သဝေလည်းထိုး ၊ တ-သတ်မျိုး ၊
ဖတ်ရိုး စသတ်သံ။

၃။ သဝေလည်းထိုး ၊ န-သတ်မျိုး ၊
ဖတ်ရိုး ငသတ်သံ။

၄။ သဝေရေးချ ၊ သတ်မြင်က ၊
မှတ်ကြ ဝ ဆွဲသံ ။

၅။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊တွေ့လျှင်းက ၊
နှစ်ဝတာဝန် ၊ ကျေပွန်စေရန် ၊
အသံ အသတ် ယူမြဲ မှတ် ။


ဥပမာ ၁
သမန္တာ = သမန်တာ
စက်ကဝါဠသေု = စကျကဝါ ဠသေု
သဒ္ဓမ္မံ = သဒ်ဓမ်မံ

ဥပမာ ၂
မေတ္တာ = မစ်တာ
ခေတ္တာရာ = ခစ်တာရာ
သေတ္တာ = သေတ်တာ (သစ်တာ ဟုဖတ်)

ဥပမာ ၃
ပူရေန္တံ = ပူရေန်တံ (ပူရင်တံ) ဟုဖတ်
သမေန္တု = သမေန်တု (သမင်တု)

ဥပမာ ၄
သောတ္ထနာ = သောတ်ထာနံ (သွတ်ထာနံ)
ဟောန္တု = ဟောန်တု ( ဟွန်တု )

ဥပမာ ၅
အမှ = အမ်မှ
တုမှ = တုမ်မှ
သကျ = သက်ကျ
ဝါကျ = ဝက်ကျ
စကြာ = စက်ကြာ
အတြာ = အတ်တြာ
ကတွာ = ကတ်တဝါ
ဒတွာ = ဒတ်တဝါ

Reference

ပါဠိဘာသာ ရွတ်ဖတ်နည်း – facebook

ပညာပါရမီ ဆရာတော် သင်ကြားသော ပါဠိ ဖတ်နည်းသင်တန်း ၂၃.၀၂.၂၀၁၉

ပါဠိစာဖတ်နည်း – ဒေါ်ခင်လှတင်