အာဟာရေ ပဋိကူလ သညာ
စားသောက်မျိုသွင်းအပ်သော ခဲဖွယ်ဘောဇဉ်စသည့် အာဟာရတို့၌ စက်ဆုပ်ဖွယ်ဟုထင်မြင်လာအောင်အောက်မေ့ဆင်ခြင် ရှုမှတ်တတ်သော သညာကို “အာဟာရေ ပဋိကူလသညာ”ဟု ခေါ်၏။ အာဟာရေ ပဋိကူလ သညာ (၁)ပါး အာဟာရေ = အစာအဟာရ၌ ပဋိကူလ = စက်ဆုပ်ရွှံရှာဖွယ်သညာ = မှတ်သားခြင်း။ စားသောက်မျိုသွင်အပ်သော ခဲဖွယ်ဘောဇဉ်စသည့်အစာအဟာရ တို့တွင် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် အောင့်မေ့ဆင်ခြင် ရှူ့မှတ်သော သညာကိုခေါ်သည်။ အဟာရကူလသညာသည် အာရမ္မဏိကတရားပင်ဖြစ်သည်။ ထိုသညာ၏ ကမ္မဋ္ဌာန်းအာရုံသည်ကား စားသောက်ဖွယ် အစာအဟာရပင်ဖြစ်သည်။ အာဟာရ ၄-ပါး အစာအာဟာရ သည် ခန္ဓာကိုယ်အား မပျက်မစီးကြီးပွားခိုင်ခံ့အောင် ရွက်ဆောင် ထောက်ပံ့ထားသကဲ့သို့ ထို့အတူ မိမိဆိုင်ရာ အကျိုးကို လွန်စွာဖြစ်စေနိုင်, ရွက်ဆောင်ပေးနိုင်သောတရားကို “အာဟာရ“ဟုခေါ်၏။ အာဟာရအမည် တရားကိုယ်နှင့်အကျိုးဆောင်ပုံ ၁။ ကဗဠီကာရာဟာရ သြဇာရုပ်။ ဩဇာနှင့်တကွ […]