Day: July 2, 2021

မေတ္တာပွားနည်းများ

ဝိသုဒ္ဓိမဂ်လာနည်းကို အမှီပြု၍ မေတ္တာပွားနည်း ရုပ်နာမ်နှစ်ဖြာ ငါ့ခန္ဓာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တရားကျင့်ပါ ယောဂီမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။    (ဆွေမျိုးမတော်သောလိင်တူလေးစားစရာ ပုဂ္ဂိုလ်ကိုအာရုံပြု)။ဂုဏ်တော်အနန္တာ မြတ်ဆရာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မိဘနှစ်ဖြာ ဂုဏ်နန္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဆွေမျိုးရင်းချာ အားလုံးမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မိတ်ဆွေသဟာ အားလုံးမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မချစ်မမုန်းပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မုန်းစိတ်ဝင်ပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရန်သတ္တုပြုပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့အိမ်တွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ကျောင်းတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ဧရိယာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့မြို့တွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့နိုင်ငံတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ကမ္ဘာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့စကြာဝဠာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။အနန္တစကြာဝဠာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ …

မေတ္တာပွားနည်းများ Read More »

ဗြဟ္မဝိဟာရ (အပ္ပမညာ) (၄)ပါး

ဗြဟ္မဝိဟာရ လေးပါး တို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြစ်သည်။ ဗြဟ္မာတို့၏ နေထိုင်ပုံနှင့် တူသဖြင့် ဗြဟ္မဝိဟာရဟု အမည်တွင်သည်။ ထို့ပြင် ဗြဟ္မစိုရ်တရား ဟုလည်း ခေါ်သည်။ တရားရှုပွားရာတွင် သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အကန့်အသတ်မရှိဘဲ ရှုပွားနိုင်သဖြင့် အပ္ပမညာ လေးပါး ဟုလည်း ခေါ်သည်။ မေတ္တာဘာဝနာ သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။ မေတ္တာပွားနည်းများ ကရုဏာဘာဝနာ ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း …

ဗြဟ္မဝိဟာရ (အပ္ပမညာ) (၄)ပါး Read More »

အဘိဓမ္မတ္ထသင်္ဂဟကျမ်း ကမ္မဋ္ဌာန်းပိုင်း (၂၈)

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၁၅၄) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) ဗြဟ္မဝိဟာရ (အပ္ပမညာ)(၄)ပါး ဝိသုဒ္ဓိမဂ်လာ မေတ္တာပွားနည်း သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads မေတ္တာပွားနည်းများ

ကမ္မဌာန်းတရား လက်တွေ့လေ့ကျင့်ခြင်း (၁၀၉)

တရား လက်တွေ့လေ့ကျင့်ခြင်း (၁၀၉) ဓမ္မကထိကဧတဒဂ်ရ စိတ္တသူဋ္ဌေးနှင့် ဆက်စပ်သော တရားတော်များ အပိုင်း (၁၀) စိတ္တသံယုတ် ပထမကာမဘူသုတ် (သံ၊ဒု၊၄၈၁) နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။