Day: January 2, 2022

တရားစခန်း နေ့ (၁၀) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၁၀) – သဒ္ဓါတရားမရှိခြင်း၊ အဟိရိက၊ အနောတ္တပ္ပ စသည်တို့မှ ရှောင်ကြဉ်မှု

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။ သလ္လေခသုတ် – ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ သဒ္ဓါတရားမရှိခြင်း၊ အဟိရိက၊ အနောတ္တပ္ပ၊ ဗဟုသုတနည်းပါးခြင်း၊ ပျင်းခြင်း၊ သတိလွတ်ခြင်း၊ ဝိပဿနာပညာဉာဏ်မရှိခြင်း၊ အယူသည်းခြင်း။ ✖ အဓိဋ္ဌာန် သူများတွေ ✖ ဖြစ်နေကြရာမှာ ငါသည် ✓ ရှိစေရမည်။ ကိလေသာခေါင်းပါးသောအကျင့်ကို ကျင့်ပါမည်။ (သလ္လေခဝါရ) ဒီလိုစိတ်ကောင်းမျိုးရှိစေရမည်။ (စိတ္တုပ္ပါဒဝါရ) ✖ ကို ✓ ဖြင့် ရှောင်လွှဲမည်။ (ပရိက္ကမနဝါရ) ✓ ဖြင့် အဆင့်အတန်းမြင့်တက်စေရမည်။ (ဥပရိဘာဂဝါရ)။ ✖ ကိလေသာမီးကို ✓ ရေစင်ဖြင့် ငြိမ်းသတ်ရမည်။ (ပရိနိဗ္ဗာနဝါရ) ဥပမာ✖ = သဒ္ဓါတရားမရှိခြင်း/မှု✓ = သဒ္ဓါတရားရှိခြင်း/မှု …

တရားစခန်း နေ့ (၁၀) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၁၀) – သဒ္ဓါတရားမရှိခြင်း၊ အဟိရိက၊ အနောတ္တပ္ပ စသည်တို့မှ ရှောင်ကြဉ်မှု Read More »

တရားစခန်း နေ့ (၁၀) နံနက် – အာနာပါန မှ ဝိပဿနာသို့

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။ တရားအားမထုတ်ဖူးသော ယောဂီအသစ်များအနေဖြင့် သမာဓိ ကို ထူထောင်နေသည့်အချိန်ကာလ ဖြစ်ရာ ယခုအချိန်၌ အာရုံတပါး အခြားသို့ စိတ်ကို မညွှတ်စေပဲ မိမိတို့ ကမ္ဗဋ္ဌာန်း၏ အာရုံဖြစ်သော လေ၌သာ စိတ်ကိုညွှတ်စေလျှက် လေ ကို သာလျှင် ရှူတိုင်း ထုတ်တိုင်း သိအောင် သတိဖြင့် ကျင့်နေရပေမည်။ တရားအားထုတ်သူတိုင်း သမာဓိကို အားကောင်းသထက်ကောင်းအောင် ကျင့်ရမည်ဖြစ်သည်။ “သတိမြဲရာ ပထမာ ဒုမှာရှည်တိုသိ လုံးစုံလင်းရာ တ၌သာ စမှာ ချုပ်ငြိမ်းဘိ” လယ်တီဆရာတော် ပြီးခဲ့သော သင်တန်းများ