အာသဝေါတရားဆိုသည်မှာ အထက်ဘဝမှ အောက်အဝီဇိ ငရဲ တိုင်အောင် မျောအောင် မြုပ်အောင် ပြုလုပ်တတ်သောတရားဖြစ်သည် ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဣတိဝုတ်ပါဠိတော်၊ အာသဝက္ခယသုတ်မှာ ဟောကြားတော်မူခဲ့သည်။
အာသဝေါတရားလေးပါးမှာ –
ကာမာသဝ | ကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။ |
ဘဝါသဝ | နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။ |
ဒိဌာသဝ | အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။ |
အဝိဇ္ဇာသဝ | (၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။ |