အာသဝေါတရား (၄) ပါး

အာသဝေါတရားဆိုသည်မှာ အထက်ဘဝမှ အောက်အဝီဇိ ငရဲ တိုင်အောင် မျောအောင် မြုပ်အောင် ပြုလုပ်တတ်သောတရားဖြစ်သည် ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဣတိဝုတ်ပါဠိတော်၊ အာသဝက္ခယသုတ်မှာ ဟောကြားတော်မူခဲ့သည်။

အာသဝေါတရားလေးပါးမှာ –

ကာမာသဝကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
ဘဝါသဝ
နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
ဒိဌာသဝ အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။
အဝိဇ္ဇာသဝ(၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။

Reference