အဓိပတိ သုံးပါး

စိတ်နေစိတ်ထား သဘောသွားက ဘယ်လို ထားရမတုန်း လို့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဓိပတိ သုံးပါးဟောခဲ့သည် (မှန်ပါ့) အတ္တာဓိပတိ၊ လောကာ အဓိပတိ၊ ဓမ္မာဓိပတိ

အတ္တာဓိပတိဆိုတာ မိမိကိုအကြီးအမှူးထားရမယ်၊ လောကာ ဓိပတိဆိုတာ လောကကြီးကို အဓိပတိ ထားရမယ်၊ အဓိပတိ ဆိုတာ အကြီးအမှူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ဓမ္မောအဓိပတိ ဆိုတာက ဘုရား ဟောထားတဲ့ တရားကို အဓိပတိ ထားပြီး ကြိုးစား ရမယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား) အဓိပတိ ဘယ်နှစ်မျိုး ပါလိမ့် (သုံးမျိုးပါဘုရား)

အတ္တာဓိပတိ = မိမိကိုယ်ကိုယ် အကြီးအကဲ ထားပြီး သကာလ ကြိုးစားရမယ် (မှန်ပါ့)။

လောကာဓိပတိ = အပြင် လောကကြီး ကြည့်ပြီး သကာလ ကြိုးစားရမယ် (မှန်ပါ့)။

ဓမ္မာဓိပတိ = ဆိုတာ မြတ်စွာဘုရား ဟောကြားတဲ့ တရားကို အဓိပတိထားပြီး သကာလ ကြိုးစားရမယ် လို့ ဆိုတဲ့ ဥစ္စာကို ပြောနေတယ် (မှန်ပါ့ ဘုရား)။

ကိုး – ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ် ဆရာတော်ဘုရားကြီး အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသောတရားတော်
အဓိပတိသုံးပါးကင်းရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်” (၂၄-၁၁-၆၁)