ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ ၏ ဒသမအကြိမ်မြောက် Zoom Online (၁၀) ရက်တရားစခန်း။
- အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ ဒသမအကြိမ်မြောက် (၁၀) ရက်တရားစခန်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၂) ရက် သောကြာနေ့ မှစ၍ ဒီဇင်ဘာလ (၃၁) ရက် တနင်္ဂနွေနေ့ထိ ကျင်းပပါမည်။
သင်တန်းစာရင်းသွင်းရန်
မည်သူမဆို အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ပါသည်။
ယောဂီ စာရင်းသွင်းရန် – tinyurl.com/dasamaretreat
စာရင်းသွင်းပြီးလျှင် ယောဂီနံပါတ်ကို ဒီမှာနှိပ်ပြီးကြည့်ရန်
မှတ်ရန်။
မေတ္တာနန္ဒဆရာတော်၏ ယောဂီအဟောင်းများကလည်း ဤတရားစခန်းအတွက် စာရင်းသွင်းရပါမည်။
ဒသမအကြိမ်မြောက်(၁၀) ရက်တရားစခန်းနှင့် ပတ်သက်သော အကြံပြုချက်များကို ဤအကြံပေးလွှာ၌ ယခု ဖြည့်စွက်နိုင်ပါပြီ။

ကြိုတင်လေ့လာနိုင်ရန်
၁။ ထိုင်ရှုမှတ်တဲ့ခါ ဘယ်လိုထိုင်မလဲ (ဗီဒီယို)
၂။ စင်္ကြံလျှောက်လျှက် တရားရှုမှတ်ခြင်း (ဗီဒီယို)
၃။ အာနာပါန ဒီပနီ – လယ်တီဆရာတော် (စာအုပ်)
၄။ တရားကျင့်ရာရိုးသားပါ – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
၅။ တရားအလုပ်မ၀င်ခင် ကြိုတင်ပြင် – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ
၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။
၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။
(၁၀) ရက်တရားစခန်းတွင် ဟောကြားသည့် တရားများ
(၁၀) ရက်တရားစခန်းတွင် ဝတ်ရွတ်စဉ်
တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ
၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။
၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။
အမှတ်စဥ် | ဒီဇင်ဘာလ (၂၂)ရက် မှ (၃၁)ရက် | ဘုရားရှိခိုးနှင့် အနောဓိသ နှင့် သြဓိသ ပုဂ္ဂိုလ် ၁၂ ယောက်ကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာပို့ရန် | စာအုပ် မှတ်ချက် |
---|---|---|---|
၁ | ဒီဇင်ဘာလ (၂၂) ရက် သောကြာနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး၊ ခန္ဓသုတ်ပါဠိတော်နည်းကို အမှီပြုပြီး မေတ္တာပွားနည်း လေးမျိုး | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၂ | ဒီဇင်ဘာလ (၂၃) ရက် စနေနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ ဝိသုဒ္ဓိမဂ်လာနည်းကို အမှီပြု၍ မေတ္တာပွားနည်း | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၃ | ဒီဇင်ဘာလ (၂၄) ရက် တနင်္ဂနွေနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး ငါးရာနှစ်ဆယ့်ရှစ် မေတ္တာပွားနည်း | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၄ | ဒီဇင်ဘာလ (၂၅) ရက် တနင်္လာနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ ကရုဏာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ကရုဏာပို့ |
၅ | ဒီဇင်ဘာလ (၂၆) ရက် အင်္ဂါနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ မုဒိတာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မုဒိတာပို့ စာမျက်နှာ ၁၁၅ |
၆ | ဒီဇင်ဘာလ (၂၇) ရက် ဗုဒ္ဓဟူးနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး ဥပေက္ခာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ဥပေက္ခာပို့ |
၇ | ဒီဇင်ဘာလ (၂၈) ရက် ကြာသပတေးနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး၊ ခန္ဓသုတ်ပါဠိတော်နည်းကို အမှီပြုပြီး မေတ္တာပွားနည်း လေးမျိုး | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မေတ္တာသုတ်ကစ ခန္ဓာသုတ်မေတ္တာပို့ |
၈ | ဒီဇင်ဘာလ (၂၉) ရက် သောကြာနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ ကရုဏာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ကရုဏာပို့ |
၉ | ဒီဇင်ဘာလ (၃၀) ရက် စနေနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး မုဒိတာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မုဒိတာပို့ |
၁၀ | ဒီဇင်ဘာလ (၃၁) ရက် တနင်္ဂနွေနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ ဥပေက္ခာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ဥပက္ခာပို့ |
အကြိုနေ့ အခမ်းအနား
၂၀၂၃ ဒီဇင်ဘာလ (၂၁)ရက် ကြာသပတေးနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အခမ်းအနား အစီအစဥ် |
---|---|---|---|
ညနေ ၀၆း၀၀ – ၀၇း၃၀ | နံနက် ၀၈း၃၀ – ၁၀း၀၀ | နံနက် ၁၀း၀၀ – ၁၁း၃၀ | ၁။ နမောတဿ သုံးကြိမ် ရှိခိုးကန်တော့၍ အခမ်းအနားကို ဖွင့်ပေးကြပါရန် ၂။ မေတ္တာနန္ဒဆရာတော်ထံမှ ဩဝါဒကို ခံယူရန် ၃။ ဆရာတော်နှင့် ယောဂီများကို မိတ်ဆက်ပေးရန် ၄။ ဝင်းမေတ္တာဓမ္မသင်တန်း၏ အကျိုးတော်ဆောင်များနှင့် မိတ်ဆက်ပေးရန် ၅။ ဦးကြည်ရှိန်မှ (၁၀)ရက်တရားစခန်း နှင့် အစီအစဥ်များကို ရှင်းပြပေးရန် ၆။ ဆုတောင်းအမျှပေးဝေရန် |
ပထမနေ့ တစ်နေ့တာ အချိန်ဇယား
၂၀၂၃ ဒီဇင်ဘာလ (၂၂)ရက် သောကြာနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အကြောင်းအရာ |
---|---|---|---|
နံနက် ၀၅း၀၀ – ၀၆း၀၀ | ညနေ ၀၇း၃၀ – ၀၈း၃၀ | ညနေ ၀၉း၀၀ – ၁၀း၀၀ | စုပေါင်းတရားထိုင် |
နံနက် ၀၆း၀၀ – ၀၇း၀၀ | ညနေ ၀၈း၃၀ – ၀၉း၃၀ | ညနေ ၁၀း၀၀ – ၁၁း၀၀ | နံနက်ဆွမ်းစား/စင်္ကြန်လျှောက် |
နံနက် ၀၇း၀၀ – ၀၇း၂၅ | ညနေ ၀၉း၃၀ – ၀၉း၅၅ | ညနေ ၁၁း၀၀ – ၁၁း၂၅ | သီလယူ/ဘုရားရှိခိုး မေတ္တာပို့ခြင်း |
နံနက် ၀၇း၂၅ – ၀၈း၃၀ | ည ၀၉း၅၅ – ၁၁း၀၀ | ည ၁၁း၂၅ – ၁၂း၃၀ | အလုပ်ပေးတရား၊ ယောဂီသစ်များအားလမ်းညွှန်ပေးခြင်း |
နံနက် ၀၈း၃၀ – ၀၉း၀၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၀၉း၀၀ – ၁၀း၀၀ | 💤 | 💤 | တရားထိုင် |
နံနက် ၁၀း၀၀ – ၁၀း၃၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၁၀း၃၀ – ၁၂း၀၀ | 💤 | 💤 | နေ့ဆွမ်းစား |
နေ့လည် ၁၂း၀၀ – ၀၁း၀၀ | 💤 | 💤 | အမှတ်သတိဖြင့် အနားယူ |
နေ့လည် ၀၁း၀၀ – ၀၂း၀၀ | 💤 | နံနက် ၀၅း၀၀ – ၀၆း၀၀ | တရားထိုင် |
နေ့လည် ၀၂း၀၀ – ၀၃း၀၀ | နံနက် ၀၄း၃၀ – ၀၅း၃၀ | နံနက် ၀၆း၀၀ – ၀၇း၀၀ | တစ်ဦးချင်းတရားစစ်/စင်္ကြန်လျှောက် |
ညနေ ၀၃း၀၀ – ၀၄း၀၀ | နံနက် ၀၅း၃၀ – ၀၆း၃၀ | နံနက် ၀၇း၀၀ – ၀၈း၀၀ | တရားထိုင်/စင်္ကြန်လျှောက် |
ညနေ ၀၄း၀၀ – ၀၅း၀၀ | နံနက် ၀၆း၃၀ – ၀၇း၃၀ | နံနက် ၀၈း၀၀ – ၀၉း၀၀ | တရားနာယူခြင်း အနုဗလ ဓမ္မဒေသနာ (အထောက်အပံ့ ဓမ္မဒေသနာ) |
ညနေ ၀၅း၀၀ – ၀၆း၀၀ | နံနက် ၀၇း၃၀ – ၀၈း၃၀ | နံနက် ၀၉း၀၀ – ၁၀း၀၀ | တရားထိုင် |
ညနေ ၀၆း၀၀ – ၀၇း၀၀ | နံနက် ၀၈း၃၀ – ၀၉း၃၀ | နံနက် ၁၀း၀၀ – ၁၁း၀၀ | ယောဂီတစ်ဦးချင်းတရားစစ် |
ည ၀၇း၀၀ – ၀၈း၀၀ | နံနက် ၀၉း၃၀ – ၁၀း၃၀ | နံနက် ၁၁း၀၀ – ၁၂း၀၀ | တရားထိုင် (၄၅ မိနစ်)/ဆုတောင်း/အမျှဝေ |
ဒုတိယနေ့ မှ (၉)ရက်မြောက်နေ့ထိ တစ်နေ့တာ အချိန်ဇယား
၂၀၂၃ ဒီဇင်ဘာလ (၂၃)ရက် စနေနေ့မှ ဒီဇင်ဘာလ (၃၀)ရက် စနေနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အကြောင်းအရာ |
---|---|---|---|
နံနက် ၀၅း၀၀ – ၀၆း၀၀ | ညနေ ၀၇း၃၀ – ၀၈း၃၀ | ညနေ ၀၉း၀၀ – ၁၀း၀၀ | စုပေါင်းတရားထိုင် |
နံနက် ၀၆း၀၀ – ၀၇း၀၀ | ညနေ ၀၈း၃၀ – ၀၉း၃၀ | ညနေ ၁၀း၀၀ – ၁၁း၀၀ | နံနက်ဆွမ်းစား / စင်္ကြန်လျှောက် |
နံနက် ၀၇း၀၀ – ၀၈း၀၀ | ညနေ ၀၉း၃၀ – ၁၀း၃၀ | 💤 | သီလယူ၊ ဘုရားရှိခိုး မေတ္တာပို့၊ တရားထိုင် |
နံနက် ၀၈း၀၀ – ၀၉း၀၀ | 💤 | 💤 | အလုပ်ပေးတရား |
နံနက် ၀၉း၀၀ – ၀၉း၃၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၀၉း၃၀ – ၁၀း၃၀ | 💤 | 💤 | တရားထိုင် |
နံနက် ၁၀း၃၀ – ၁၂း၀၀ | 💤 | 💤 | နေ့ဆွမ်းစား |
နေ့လည် ၁၂း၀၀ – ၀၁း၀၀ | 💤 | 💤 | အမှတ်သတိဖြင့် အနားယူ |
နေ့လည် ၀၁း၀၀ – ၀၂း၀၀ | 💤 | နံနက် ၀၅း၀၀ – ၀၆း၀၀ | တရားထိုင် |
နေ့လည် ၀၂း၀၀ – ၀၃း၀၀ | နံနက် ၀၄း၃၀ – ၀၅း၃၀ | နံနက် ၀၆း၀၀ – ၀၇း၀၀ | စင်္ကြန်လျှောက်/တစ်ဦးချင်းတရားစစ် |
ညနေ ၀၃း၀၀ – ၀၄း၀၀ | နံနက် ၀၅း၃၀ – ၀၆း၃၀ | နံနက် ၀၇း၀၀ – ၀၈း၀၀ | တရားထိုင် |
ညနေ ၀၄း၀၀ – ၀၅း၀၀ | နံနက် ၀၆း၃၀ – ၀၇း၃၀ | နံနက် ၀၈း၀၀ – ၀၉း၀၀ | စင်္ကြန်လျှောက် |
ညနေ ၀၅း၀၀ – ၀၆း၀၀ | နံနက် ၀၇း၃၀ – ၀၈း၃၀ | နံနက် ၀၉း၀၀ – ၁၀း၀၀ | တရားနာယူခြင်း အနုဗလ ဓမ္မဒေသနာ (အထောက်အပံ့ ဓမ္မဒေသနာ) |
ညနေ ၀၆း၀၀ – ၀၇း၀၀ | နံနက် ၀၈း၃၀ – ၀၉း၃၀ | နံနက် ၁၀း၀၀ – ၁၁း၀၀ | ယောဂီတစ်ဦးချင်းတရားစစ် |
ည ၀၇း၀၀ – ၀၈း၀၀ | နံနက် ၀၉း၃၀ – ၁၀း၃၀ | နံနက် ၁၁း၀၀ – ၁၂း၀၀ | တရားထိုင် (၄၅ မိနစ်)/ဆုတောင်း/အမျှဝေ |
(၁၀)ရက်ပြည့်နေ့ တစ်နေ့တာ အချိန်ဇယား
၂၀၂၃ ဒီဇင်ဘာလ (၃၁)ရက် တနင်္ဂနွေနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အကြောင်းအရာ |
---|---|---|---|
နံနက် ၀၅း၀၀ – ၀၆း၀၀ | ညနေ ၀၇း၃၀ – ၀၈း၃၀ | ညနေ ၀၉း၀၀ – ၁၀း၀၀ | စုပေါင်းတရားထိုင် |
နံနက် ၀၆း၀၀ – ၀၇း၀၀ | ညနေ ၀၈း၃၀ – ၀၉း၃၀ | ညနေ ၁၀း၀၀ – ၁၁း၀၀ | နံနက်ဆွမ်းစား / စင်္ကြန်လျှောက် |
နံနက် ၀၇း၀၀ – ၀၈း၀၀ | ညနေ ၀၉း၃၀ – ၁၀း၃၀ | 💤 | သီလယူ၊ ဘုရားရှိခိုး မေတ္တာပို့၊ တရားထိုင် |
နံနက် ၀၈း၀၀ – ၀၉း၀၀ | 💤 | 💤 | တရားနာယူခြင်း နံနက်ခင်း အလုပ်ပေးတရား |
နံနက် ၀၉း၀၀ – ၀၉း၃၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၀၉း၃၀ – ၁၀း၃၀ | 💤 | 💤 | တရားထိုင် |
နံနက် ၁၀း၃၀ – ၁၂း၀၀ | 💤 | 💤 | နေ့ဆွမ်းစား |
နေ့လည် ၁၂း၀၀ – ၀၁း၀၀ | 💤 | 💤 | အမှတ်သတိဖြင့် အနားယူ |
နေ့လည် ၀၁း၀၀ – ၀၂း၀၀ | 💤 | နံနက် ၀၅း၀၀ – ၀၆း၀၀ | တရားထိုင် |
နေ့လည် ၀၂း၀၀ – ၀၃း၀၀ | နံနက် ၀၄း၃၀ – ၀၅း၃၀ | နံနက် ၀၆း၀၀ – ၀၇း၀၀ | စင်္ကြန်လျှောက်/တစ်ဦးချင်းတရားစစ် |
ညနေ ၀၃း၀၀ – ၀၄း၀၀ | နံနက် ၀၅း၃၀ – ၀၆း၃၀ | နံနက် ၀၇း၀၀ – ၀၈း၀၀ | တရားထိုင် |
ညနေ ၀၄း၀၀ – ၀၅း၀၀ | နံနက် ၀၆း၃၀ – ၀၇း၃၀ | နံနက် ၀၈း၀၀ – ၀၉း၀၀ | တရားနာယူခြင်း ညနေခင်း အလုပ်ပေးတရား |
ညနေ ၀၅း၀၀ – ၀၆း၀၀ | နံနက် ၀၇း၃၀ – ၀၉း၃၀ | နံနက် ၀၉း၀၀ – ၁၀း၀၀ | အောင်ပွဲအခမ်းအနား |
သင်တန်းစည်းကမ်းများ
(၁) ကျန်းမာရေးသည် အဓိက ဖြစ်၍ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ရမည်။
(၂) ယောဂီအားလုံး စွမ်းနိုင်ပါက (၉)ပါးသီလ စောင့်ထိန်းကြရပါမည်။ မစွမ်းနိုင်ပါက (၅)ပါးသီလ စောင့်ထိန်းကြရပါမည်။
(၃) မြတ်ဗုဒ္ဓ ညွှန်ပြသောနည်းအတိုင်းသာ ရှုမှတ်ကြရပါမည်။
(၄) စကားပြောခြင်းသည် သမာဓိကို အနှောင့်အယှက်ဖြစ်၍ အကြောင်းကိစ္စ အထူးမရှိဘဲ စကားပြောခြင်းကို ရှောင်ကြဉ်ကြရပါမည်။ စွမ်းနိုင်ပါက တရားစခန်းရှိသည့်ရက်ပတ်လုံး စကားမပြောဘဲ ကျင့်နိုင်လျှင် ပို၍ကောင်းပါသည်။
(၅) ဤတရားစခန်းသည် မိမိအသိဖြင့် မိမိကိုယ်ကို ထိန်းကျောင်းရမည့်ပညာရပ်ကို လေ့ကျင့်ခြင်းဖြစ်၍ တရားကို ရိုသေလေးစားစွာ ကျင့်ပါမည်ဟု အဓိဋ္ဌာန်ပြုရမည်။
(၆) တရားထိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ရမည်။ မိသားစုကိုလည်း တရားစခန်းဝင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်းဖြင့် မိသားစုတို့၏ ကူညီပံ့ပိုးမှုကို ရယူပါ။ မိသားစုအတွက်လည်း ကုသိုလ်ဖြစ်သည်။ မိမိ၏အတွက်လည်း အကျိုးရှိသည်။
(၇) တရားထိုင်သည့်နေရာသည် အမြဲသန့်ရှင်းနေရမည်။
(၈) ထိုင်မှတ်ခြင်း နှင့် စင်္ကြံမှတ်ခြင်းမှတပါး ရပ်ခြင်း၊လျောင်းခြင်း၊ ဣရိယာပုတ်များနှင့် ကွေးခြင်း ဆန့်ခြင်း စသော အသေးစိတ်အမူအရာတို့၌လည်း အမှတ်သတိရှိနေရမည်။
(၉) ယောဂီများသည် ဆရာတော်၏ အဆုံးအမဩဝါဒ နှင့် သင်တန်းအချိန်ဇယားကို တတ်နိုင်သမျှတိကျစွာ လိုက်နာကြရပါမည်။
(၁၀) ကုသိုလ်စိတ်သာဖြစ်စေ၍ အကုသိုလ်စိတ်မဖြစ်ရအောင် ဆုံးဖြတ်အဓိဋ္ဌာန် ထားရမည်။
တရားစခန်း မစမီ နှင့် အခြားအစီအစဥ်များတွင်လည်း (၁၅) မိနစ် ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန်။
အခြေအနေပေါ်မူတည်၍ စည်းကမ်းများ ပြောင်းလဲခြင်း၊ အချိန်ပြောင်းလဲခြင်း ရှိကောင်းရှိနိုင်သည်။ အခက်အခဲရှိလျှင် အကျိုးဆောင်အဖွဲ့သို့ အကြောင်းကြားနိုင်ပါသည်။
ဆက်သွယ်ရန်
- ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
- ကိုခင်အောင် – ၁ (၄၁၅) ၃၁၀-၅၇၆၃ ၊
- ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
- ကိုမင်းမြင့်ချို – ၁ (၆၅၀) ၅၈၀-၇၁၆၈ ၊
- မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
- မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။
Viber ကိုဖိတ်တယ်။

Viber မှာလည်း ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများနှင့် ဆက်သွယ်နိုင်ပါသည်။ ဓမ္မသင်တန်းများနှင့် ပတ်သတ်သည့် အချက်အလက်များကို ပုံမှန်ကြေငြာပေးနေပါသည်။