📣 မေတ္တာနန္ဒဆရာတော်(USA)၏ ဧကာဒသမအကြိမ်မြောက် တရားစခန်းသည် ပစိဖိတ်စံတော်ချိန် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃) ရက် တနင်္ဂနွေနေ့ ညနေတွင် အောင်မြင်ပြီးမြောက်ပါပြီ။ အောင်ပွဲအခမ်းအနား အမှတ်တရဓာတ်ပုံကို ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့နှင့် ကုသိုလ်ပွားများနိုင်စေရန်အလို့ငှာ မျှဝေပေးလိုက်ပါသည်။📣

ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ ၏ ဧကာဒသမအကြိမ်မြောက် (၁၀) ရက် အွန်လိုင်းတရားစခန်း။
- အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ ဧကာဒသမကြိမ်မြောက် (၁၀) ရက်တရားစခန်းကို ၂၀၂၄ ခုနှစ်အောက်တိုဘာလ (၂၅) ရက် သောကြာနေ့ မှစ၍ နိုဝင်ဘာလ (၃) ရက် တနင်္ဂနွေနေ့ထိ ကျင်းပပါမည်။
သင်တန်းစာရင်းသွင်းရန်
မည်သူမဆို အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ပါသည်။
ယောဂီ စာရင်းသွင်းရန် ဤလင့်ကို နှိပ်ပြီး https://bit.ly/ekadasama ဖောင့်ဖြည့်ပေးပါ။
စာရင်းသွင်းပြီးလျှင် ယောဂီနံပါတ်ကို ဒီမှာနှိပ်ပြီးကြည့်ရန်။
စာရင်းပေးသွင်းပြီးပြီးခြင်း နံပါတ်ပေါ်လာမည် မဟုတ်ပါ။
၂၄ နာရီတစ်ခါ နံပါတ်တွေကို သတ်မှတ်ပေးပါမည်။
❔တရားစခန်းအတွင်း ဆရာတော်အား လျောက်လိုသော မေးခွန်းများကို အောက်ပါဖောင်သို့ ပေးပို့ပါ။❔
tinyurl.com/mettanandaquestions
တရားစခန်းနှင့် ပတ်သက်၍ အကြံပေးလိုသည်များကို ဤဖောင်သို့
bit.ly/ekadasamafeedback တရားစခန်းအောင်ပွဲ မတိုင်မှီ ပေးပို့ပါရန် မေတ္တာရပ်ခံပါအပ်ပါသည်။
မှတ်ရန်။ မေတ္တာနန္ဒဆရာတော်၏ ယောဂီအဟောင်းများကလည်း ဤတရားစခန်းအတွက် စာရင်းသွင်းရပါမည်။
ကြိုတင်လေ့လာနိုင်ရန်
၁။ ထိုင်ရှုမှတ်တဲ့ခါ ဘယ်လိုထိုင်မလဲ (ဗီဒီယို)
၂။ စင်္ကြံလျှောက်လျှက် တရားရှုမှတ်ခြင်း (ဗီဒီယို)
၃။ အာနာပါန ဒီပနီ – လယ်တီဆရာတော် (စာအုပ်)
၄။ တရားကျင့်ရာရိုးသားပါ – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
၅။ တရားအလုပ်မ၀င်ခင် ကြိုတင်ပြင် – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ
၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။
၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။
(၁၀) ရက်တရားစခန်းတွင် ဟောကြားသည့် တရားများ
📝 တရားစခန်းမှတ်စုများ ☸️
အမှတ်စဥ် | အောက်တိုဘာလ (၂၅)ရက် မှ နိုဝင်ဘာလ (၃)ရက် | နံနက်ခင်း အလုပ်ပေးတရား | ညနေခင်း တရား |
---|---|---|---|
အောက်တိုဘာလ (၂၄) ကြာသပတေးနေ့ | အကြိုနေ့ သြဝါဒ | ||
၁ | အောက်တိုဘာလ (၂၅) သောကြာနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၁) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | ပညာဖြင့် သီလပြည့်စုံအောင် ပြုလုပ်ခြင်း သောဏဒဏ္ဍသုတ် (ဒီ၊ ၁၊ ၁၀၄) |
၂ | အောက်တိုဘာလ (၂၆) စနေနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၂) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | သီလဖြင့် ပညာပြည့်စုံအောင် ပြုလုပ်ခြင်း (၁) သောဏဒဏ္ဍသုတ် (ဒီ၊ ၁၊ ၁၀၄) |
၃ | အောက်တိုဘာလ (၂၇) တနင်္ဂနွေနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၃) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | သီလဖြင့် ပညာပြည့်စုံအောင် ပြုလုပ်ခြင်း (၂) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၄ | အောက်တိုဘာလ (၂၈) တနင်္လာနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၄) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | သီလဖြင့် ပညာပြည့်စုံအောင် ပြုလုပ်ခြင်း (၃) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၅ | အောက်တိုဘာလ (၂၉) အင်္ဂါနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၅) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | အာသဝေါတရားတို့ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်၏ ကျင့်စဥ်များ (၁) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၆ | အောက်တိုဘာလ (၃၀) ဗုဒ္ဓဟူးနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၆) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | အာသဝေါတရားတို့ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်၏ ကျင့်စဥ်များ (၂) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၇ | အောက်တိုဘာလ (၃၁) ကြာသပတေးနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၇) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | အာသဝေါတရားတို့ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်၏ ကျင့်စဥ်များ (၃) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၈ | နိုဝင်ဘာလ (၁) သောကြာနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၈) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | အာသဝေါတရားတို့ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်၏ ကျင့်စဥ်များ (၄) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၉ | နိုဝင်ဘာလ (၂) စနေနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၉) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | အာသဝေါတရားတို့ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်၏ ကျင့်စဥ်များ (၅) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
၁၀ | နိုဝင်ဘာလ (၃) တနင်္ဂနွေနေ့ | နိဗ္ဗာန်သို့သွားရာ သညာ(၇)ပါး (၁၀) ဒုတိယသညာသုတ် (အံ၊ ၂၊ ၄၃၃) ဝိဇယသုတ် (သုတ္တနိပါတ်၊ ၃၀၇) | အာသဝေါတရားတို့ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်၏ ကျင့်စဥ်များ (၆) သဗ္ဗာသဝသုတ် (မ၊ ၁၊ ၈) |
နိုဝင်ဘာလ (၃) တနင်္ဂနွေနေ့ | အောင်ပွဲအခမ်းအနား |
(၁၀) ရက်တရားစခန်းတွင် ဝတ်ရွတ်စဉ်
တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ
၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။
၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။
အမှတ်စဥ် | အောက်တိုဘာလ (၂၅)ရက် မှ နိုဝင်ဘာလ (၃)ရက် | ဘုရားရှိခိုးနှင့် အနောဓိသ နှင့် သြဓိသ ပုဂ္ဂိုလ် ၁၂ ယောက်ကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာပို့ရန် | စာအုပ် မှတ်ချက် |
---|---|---|---|
၁ | အောက်တိုဘာလ (၂၅) သောကြာနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး၊ ခန္ဓသုတ်ပါဠိတော်နည်းကို အမှီပြုပြီး မေတ္တာပွားနည်း လေးမျိုး | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၂ | အောက်တိုဘာလ (၂၆) စနေနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ ဝိသုဒ္ဓိမဂ်လာနည်းကို အမှီပြု၍ မေတ္တာပွားနည်း | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၃ | အောက်တိုဘာလ (၂၇) တနင်္ဂနွေနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး ငါးရာနှစ်ဆယ့်ရှစ် မေတ္တာပွားနည်း | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၄ | အောက်တိုဘာလ (၂၈) တနင်္လာနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ ကရုဏာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ကရုဏာပို့ |
၅ | အောက်တိုဘာလ (၂၉) အင်္ဂါနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ မုဒိတာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မုဒိတာပို့ စာမျက်နှာ ၁၁၅ |
၆ | အောက်တိုဘာလ (၃၀) ဗုဒ္ဓဟူးနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး ဥပေက္ခာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ဥပေက္ခာပို့ |
၇ | အောက်တိုဘာလ (၃၁) ကြာသပတေးနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး၊ ခန္ဓသုတ်ပါဠိတော်နည်းကို အမှီပြုပြီး မေတ္တာပွားနည်း လေးမျိုး | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မေတ္တာသုတ်ကစ ခန္ဓာသုတ်မေတ္တာပို့ |
၈ | နိုဝင်ဘာလ (၁) သောကြာနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ ကရုဏာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ကရုဏာပို့ |
၉ | နိုဝင်ဘာလ (၂) စနေနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး မုဒိတာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မုဒိတာပို့ |
၁၀ | နိုဝင်ဘာလ (၃) တနင်္ဂနွေနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ ဥပေက္ခာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ဥပက္ခာပို့ |
အကြိုနေ့ အခမ်းအနား
၂၀၂၄ အောက်တိုဘာလ (၂၄)ရက် ကြာသပတေးနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အခမ်းအနား အစီအစဥ် |
---|---|---|---|
ညနေ ၀၆း၀၀ – ၀၇း၃၀ | နံနက် ၀၇း၃၀ – ၀၉း၀၀ | နံနက် ၀၉း၀၀ – ၁၀း၃၀ | ၁။ နမောတဿ သုံးကြိမ် ရှိခိုးကန်တော့၍ အခမ်းအနားကို ဖွင့်ပေးကြပါရန် ၂။ ဦးကြည်ရှိန်မှ ဝင်းမေတ္တာဓမ္မသင်တန်း၏ အကျိုးတော်ဆောင်များနှင့် မိတ်ဆက်ပေးရန် နှင့် (၁၀)ရက်တရားစခန်း နှင့် အစီအစဥ်များကို ရှင်းပြပေးရန် ၃။ ဆရာတော်နှင့် ယောဂီများကို မိတ်ဆက်ပေးရန် ၄။ မေတ္တာနန္ဒဆရာတော်ထံမှ ဩဝါဒကို ခံယူရန် ၅။ ယောဂီများမှ တရားစခန်းနှင့် ပတ်သက်၍ မေးခွန်းရှိက မေးပါရန် ၆။ ဆုတောင်းအမျှပေးဝေရန် |
ပထမနေ့ တစ်နေ့တာ အချိန်ဇယား
၂၀၂၄ အောက်တိုဘာလ (၂၅)ရက် သောကြာနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အကြောင်းအရာ |
---|---|---|---|
နံနက် ၀၅း၀၀ – ၀၆း၀၀ | ညနေ ၀၆း၃၀ – ၀၇း၃၀ | ညနေ ၀၈း၀၀ – ၀၉း၀၀ | စုပေါင်းတရားထိုင် |
နံနက် ၀၆း၀၀ – ၀၇း၀၀ | ညနေ ၀၇း၃၀ – ၀၈း၃၀ | ညနေ ၀၉း၀၀ – ၁၀း၀၀ | နံနက်ဆွမ်းစား/စင်္ကြန်လျှောက် |
နံနက် ၀၇း၀၀ – ၀၇း၂၅ | ညနေ ၀၈း၃၀ – ၀၈း၅၅ | ညနေ ၁၀း၀၀ – ၁၀း၂၅ | သီလယူ/ဘုရားရှိခိုး မေတ္တာပို့ခြင်း |
နံနက် ၀၇း၂၅ – ၀၈း၃၀ | ည ၀၈း၅၅ – ၁၀း၀၀ | ည ၁၀း၂၅ – ၁၁း၃၀ | အလုပ်ပေးတရား၊ ယောဂီသစ်များအားလမ်းညွှန်ပေးခြင်း |
နံနက် ၀၈း၃၀ – ၀၉း၀၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၀၉း၀၀ – ၁၀း၀၀ | 💤 | 💤 | တရားထိုင် |
နံနက် ၁၀း၀၀ – ၁၀း၃၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၁၀း၃၀ – ၁၂း၀၀ | 💤 | 💤 | နေ့ဆွမ်းစား |
နေ့လည် ၁၂း၀၀ – ၀၁း၀၀ | 💤 | 💤 | အမှတ်သတိဖြင့် အနားယူ |
နေ့လည် ၀၁း၀၀ – ၀၂း၀၀ | 💤 | နံနက် ၀၄း၀၀ – ၀၅း၀၀ | တရားထိုင် |
နေ့လည် ၀၂း၀၀ – ၀၃း၀၀ | နံနက် ၀၃း၃၀ – ၀၄း၃၀ | နံနက် ၀၅း၀၀ – ၀၆း၀၀ | တစ်ဦးချင်းတရားစစ်/စင်္ကြန်လျှောက် |
ညနေ ၀၃း၀၀ – ၀၄း၀၀ | နံနက် ၀၄း၃၀ – ၀၅း၃၀ | နံနက် ၀၆း၀၀ – ၀၇း၀၀ | တရားထိုင် |
ညနေ ၀၄း၀၀ – ၀၅း၀၀ | နံနက် ၀၅း၃၀ – ၀၆း၃၀ | နံနက် ၀၇း၀၀ – ၀၈း၀၀ | စင်္ကြန်လျှောက် |
ညနေ ၀၅း၀၀ – ၀၆း၀၀ | နံနက် ၀၆း၃၀ – ၀၇း၃၀ | နံနက် ၀၈း၀၀ – ၀၉း၀၀ | တရားနာယူခြင်း ညနေခင်း အလုပ်ပေးတရား |
ညနေ ၀၆း၀၀ – ၀၇း၀၀ | နံနက် ၀၇း၃၀ – ၀၈း၃၀ | နံနက် ၀၉း၀၀ – ၁၀း၀၀ | ယောဂီတစ်ဦးချင်းတရားစစ် |
ည ၀၇း၀၀ – ၀၈း၀၀ | နံနက် ၀၈း၃၀ – ၀၉း၃၀ | နံနက် ၁၀း၀၀ – ၁၁း၀၀ | တရားထိုင် (၄၅ မိနစ်)/ဆုတောင်း/အမျှဝေ |
ဒုတိယနေ့ မှ (၉)ရက်မြောက်နေ့ထိ တစ်နေ့တာ အချိန်ဇယား
၂၀၂၄ အောက်တိုဘာလ (၂၆)ရက် စနေနေ့ မှ နိုဝင်ဘာလ (၂)ရက် စနေနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အကြောင်းအရာ |
---|---|---|---|
နံနက် ၀၅း၀၀ – ၀၆း၀၀ | ညနေ ၀၆း၃၀ – ၀၇း၃၀ | ညနေ ၀၈း၀၀ – ၀၉း၀၀ | စုပေါင်းတရားထိုင် |
နံနက် ၀၆း၀၀ – ၀၇း၀၀ | ညနေ ၀၇း၃၀ – ၀၈း၃၀ | ညနေ ၀၉း၀၀ – ၁၀း၀၀ | နံနက်ဆွမ်းစား / စင်္ကြန်လျှောက် |
နံနက် ၀၇း၀၀ – ၀၈း၀၀ | ညနေ ၀၈း၃၀ – ၀၉း၃၀ | ညနေ ၁၀း၀၀ – ၁၁း၀၀ | သီလယူ၊ ဘုရားရှိခိုး မေတ္တာပို့၊ တရားထိုင် |
နံနက် ၀၈း၀၀ – ၀၉း၀၀ | ညနေ ၀၉း၃၀ – ၁၀း၃၀ | ညနေ ၁၁း၀၀ – ၁၂း၀၀ | တရားနာယူခြင်း နံနက်ခင်း အလုပ်ပေးတရား |
နံနက် ၀၉း၀၀ – ၀၉း၃၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၀၉း၃၀ – ၁၀း၃၀ | 💤 | 💤 | တရားထိုင် |
နံနက် ၁၀း၃၀ – ၁၂း၀၀ | 💤 | 💤 | နေ့ဆွမ်းစား |
နေ့လည် ၁၂း၀၀ – ၀၁း၀၀ | 💤 | 💤 | အမှတ်သတိဖြင့် အနားယူ |
နေ့လည် ၀၁း၀၀ – ၀၂း၀၀ | 💤 | နံနက် ၀၄း၀၀ – ၀၅း၀၀ | တရားထိုင် |
နေ့လည် ၀၂း၀၀ – ၀၃း၀၀ | နံနက် ၀၃း၃၀ – ၀၄း၃၀ | နံနက် ၀၅း၀၀ – ၀၆း၀၀ | စင်္ကြန်လျှောက်/တစ်ဦးချင်းတရားစစ် |
ညနေ ၀၃း၀၀ – ၀၄း၀၀ | နံနက် ၀၄း၃၀ – ၀၅း၃၀ | နံနက် ၀၆း၀၀ – ၀၇း၀၀ | တရားထိုင် |
ညနေ ၀၄း၀၀ – ၀၅း၀၀ | နံနက် ၀၅း၃၀ – ၀၆း၃၀ | နံနက် ၀၇း၀၀ – ၀၈း၀၀ | စင်္ကြန်လျှောက် |
ညနေ ၀၅း၀၀ – ၀၆း၀၀ | နံနက် ၀၆း၃၀ – ၀၇း၃၀ | နံနက် ၀၈း၀၀ – ၀၉း၀၀ | တရားနာယူခြင်း ညနေခင်း အလုပ်ပေးတရား |
ညနေ ၀၆း၀၀ – ၀၇း၀၀ | နံနက် ၀၇း၃၀ – ၀၈း၃၀ | နံနက် ၀၉း၀၀ – ၁၀း၀၀ | ယောဂီတစ်ဦးချင်းတရားစစ် |
ည ၀၇း၀၀ – ၀၈း၀၀ | နံနက် ၀၈း၃၀ – ၀၉း၃၀ | နံနက် ၁၀း၀၀ – ၁၁း၀၀ | တရားထိုင် (၄၅ မိနစ်)/ဆုတောင်း/အမျှဝေ |
(၁၀)ရက်ပြည့်နေ့ တစ်နေ့တာ အချိန်ဇယား
၂၀၂၄ နိုဝင်ဘာလ (၃)ရက် တနင်္ဂနွေနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အကြောင်းအရာ |
---|---|---|---|
နံနက် ၀၅း၀၀ – ၀၆း၀၀ | ညနေ ၀၇း၃၀ – ၀၈း၃၀ | ညနေ ၀၉း၀၀ – ၁၀း၀၀ | စုပေါင်းတရားထိုင် |
နံနက် ၀၆း၀၀ – ၀၇း၀၀ | ညနေ ၀၈း၃၀ – ၀၉း၃၀ | ညနေ ၁၀း၀၀ – ၁၁း၀၀ | နံနက်ဆွမ်းစား / စင်္ကြန်လျှောက် |
နံနက် ၀၇း၀၀ – ၀၈း၀၀ | ညနေ ၀၉း၃၀ – ၁၀း၃၀ | ညနေ ၁၁း၀၀ – ၁၂း၀၀ | သီလယူ၊ ဘုရားရှိခိုး မေတ္တာပို့၊ တရားထိုင် |
နံနက် ၀၈း၀၀ – ၀၉း၀၀ | ည ၁၀း၃၀ – ၁၁း၃၀ | ည ၁၂း၀၀ – ၀၁း၀၀ | တရားနာယူခြင်း နံနက်ခင်း အလုပ်ပေးတရား |
နံနက် ၀၉း၀၀ – ၀၉း၃၀ | 💤 | 💤 | စင်္ကြန်လျှောက် |
နံနက် ၀၉း၃၀ – ၁၀း၃၀ | 💤 | 💤 | တရားထိုင် |
နံနက် ၁၀း၃၀ – ၁၂း၀၀ | 💤 | 💤 | နေ့ဆွမ်းစား |
နေ့လည် ၁၂း၀၀ – ၀၁း၀၀ | 💤 | 💤 | အမှတ်သတိဖြင့် အနားယူ |
နေ့လည် ၀၁း၀၀ – ၀၂း၀၀ | 💤 | နံနက် ၀၅း၀၀ – ၀၆း၀၀ | တရားထိုင် |
နေ့လည် ၀၂း၀၀ – ၀၃း၀၀ | နံနက် ၀၄း၃၀ – ၀၅း၃၀ | နံနက် ၀၆း၀၀ – ၀၇း၀၀ | စင်္ကြန်လျှောက်/တစ်ဦးချင်းတရားစစ် |
ညနေ ၀၃း၀၀ – ၀၄း၀၀ | နံနက် ၀၅း၃၀ – ၀၆း၃၀ | နံနက် ၀၇း၀၀ – ၀၈း၀၀ | တရားထိုင် |
ညနေ ၀၄း၀၀ – ၀၅း၀၀ | နံနက် ၀၆း၃၀ – ၀၇း၃၀ | နံနက် ၀၈း၀၀ – ၀၉း၀၀ | တရားနာယူခြင်း ညနေခင်း အလုပ်ပေးတရား |
ညနေ ၀၅း၀၀ – ၀၇း၀၀ | နံနက် ၀၇း၃၀ – ၀၉း၃၀ | နံနက် ၀၉း၀၀ – ၁၁း၀၀ | အောင်ပွဲအခမ်းအနား |
အောင်ပွဲအခမ်းအနား
၂၀၂၄ နိုဝင်ဘာလ (၃) ရက် တနင်္ဂနွေနေ့
San Francisco (PDT) | Myanmar | Taiwan/Singapore | အခမ်းအနား အစီအစဥ် |
---|---|---|---|
ညနေ ၀၅း၀၀ – ၀၇း၀၀ | နံနက် ၀၇း၃၀ – ၀၉း၃၀ | နံနက် ၀၉း၀၀ – ၁၁း၀၀ | ၁။ နမောတဿ သုံးကြိမ် ရှိခိုးကန်တော့၍ အခမ်းအနားကို ဖွင့်ပေးကြပါရန် ၂။ ကမ္ဘာသူ ကမ္ဘာသားများနှင့် သတ္တဝါများ ဘေးအန္တရာယ်ကင်းကွာ ကျန်းမာချမ်းသာစေရန်အတွက် ဗောဇ္ဈင် (၃)သုတ်တို့ကို နာယူကြရန် ၃။ မေတ္တာနန္ဒဆရာတော်ထံမှ ဩဝါဒကို ခံယူရန် ၄။ ဦးကြည်ရှိန်မှ ကျေးဇူးတင်စကား လျှောက်ထားရန် ၅။ ယောဂီများမှ အတွေ့အကြုံများကို မျှဝေပေးရန် ၆။ တရားစခန်းနှင့် ပတ်သက်၍ အကြံပေးလွှာများကို ဦးကြည်ရှိန်မှ ဖတ်ကြားပေးရန် ၇။ ဝင်းမေတ္တာ၌ အပတ်စဥ် ကျင်းပသော ဓမ္မသင်တန်းများကို တက်ရောက်လေ့လာကြပါရန် ဖိတ်ကြားခြင်း ၈။ ဆရာတော်အား အပြစ်များကို ခွင့်လွှတ်ဖို့ တောင်းပန်ကြရန် ၉။ ဆရာတော်နှင့် ယောဂီများ အတူတကွဓာတ်ပုံရိုက်ရန်၊ ဆုတောင်းအမျှပေးဝေ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ဆို၍ အခမ်းအနားပြီးမြောက်အောင်မြင်ကြောင်း ကြေငြာရန် |
သင်တန်းစည်းကမ်းများ
(၁) ကျန်းမာရေးသည် အဓိက ဖြစ်၍ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ရမည်။
(၂) ယောဂီအားလုံး စွမ်းနိုင်ပါက (၉)ပါးသီလ စောင့်ထိန်းကြရပါမည်။ မစွမ်းနိုင်ပါက (၅)ပါးသီလ စောင့်ထိန်းကြရပါမည်။
(၃) မြတ်ဗုဒ္ဓ ညွှန်ပြသောနည်းအတိုင်းသာ ရှုမှတ်ကြရပါမည်။
(၄) စကားပြောခြင်းသည် သမာဓိကို အနှောင့်အယှက်ဖြစ်၍ အကြောင်းကိစ္စ အထူးမရှိဘဲ စကားပြောခြင်းကို ရှောင်ကြဉ်ကြရပါမည်။ စွမ်းနိုင်ပါက တရားစခန်းရှိသည့်ရက်ပတ်လုံး စကားမပြောဘဲ ကျင့်နိုင်လျှင် ပို၍ကောင်းပါသည်။
(၅) ဤတရားစခန်းသည် မိမိအသိဖြင့် မိမိကိုယ်ကို ထိန်းကျောင်းရမည့်ပညာရပ်ကို လေ့ကျင့်ခြင်းဖြစ်၍ တရားကို ရိုသေလေးစားစွာ ကျင့်ပါမည်ဟု အဓိဋ္ဌာန်ပြုရမည်။
(၆) တရားထိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ရမည်။ မိသားစုကိုလည်း တရားစခန်းဝင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်းဖြင့် မိသားစုတို့၏ ကူညီပံ့ပိုးမှုကို ရယူပါ။ မိသားစုအတွက်လည်း ကုသိုလ်ဖြစ်သည်။ မိမိ၏အတွက်လည်း အကျိုးရှိသည်။
(၇) တရားထိုင်သည့်နေရာသည် အမြဲသန့်ရှင်းနေရမည်။
(၈) ထိုင်မှတ်ခြင်း နှင့် စင်္ကြံမှတ်ခြင်းမှတပါး ရပ်ခြင်း၊လျောင်းခြင်း၊ ဣရိယာပုတ်များနှင့် ကွေးခြင်း ဆန့်ခြင်း စသော အသေးစိတ်အမူအရာတို့၌လည်း အမှတ်သတိရှိနေရမည်။
(၉) ယောဂီများသည် ဆရာတော်၏ အဆုံးအမဩဝါဒ နှင့် သင်တန်းအချိန်ဇယားကို တတ်နိုင်သမျှတိကျစွာ လိုက်နာကြရပါမည်။
(၁၀) ကုသိုလ်စိတ်သာဖြစ်စေ၍ အကုသိုလ်စိတ်မဖြစ်ရအောင် ဆုံးဖြတ်အဓိဋ္ဌာန် ထားရမည်။
တရားစခန်း မစမီ နှင့် အခြားအစီအစဥ်များတွင်လည်း (၁၅) မိနစ် ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန်။
အခြေအနေပေါ်မူတည်၍ စည်းကမ်းများ ပြောင်းလဲခြင်း၊ အချိန်ပြောင်းလဲခြင်း ရှိကောင်းရှိနိုင်သည်။ အခက်အခဲရှိလျှင် အကျိုးဆောင်အဖွဲ့သို့ အကြောင်းကြားနိုင်ပါသည်။
ဆက်သွယ်ရန်
- ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
- ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
- မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
- မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။
Viber ကိုဖိတ်တယ်။

Viber မှာလည်း ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများနှင့် ဆက်သွယ်နိုင်ပါသည်။ ဓမ္မသင်တန်းများနှင့် ပတ်သတ်သည့် အချက်အလက်များကို ပုံမှန်ကြေငြာပေးနေပါသည်။