ပါဠိ သဒ္ဒါ အခြေခံ

အသုံးအနှုန်းများ (Terms)

အ​တ္ထော – အနက်​ ဟု ဆိုရာ၌ လက်​ဆုပ်လက်​ကိုင်​ပြ၍ ရ​ကောင်းသည်​ဖြစ်​စေ, မရကောင်းသည်​ဖြစ်​စေ စိတ်​၌ သိအပ်​သော အရာဝတ္ထု ဟူသမျှ ကို ပါဠိလို အတ္ထ၊ မြန်​မာလို အနက် ဟုခေါ်သည်။ အတ္ထ – အဘိဓေယျ – အနက်အဓိပ္ပယ် – အနက်သဘော

‘က ခ ဂ … အ’အစရှိသောအက္ခရာ။

၎င်းတို့ကို
(က) မကုန်ခန်းနိုင်သောကြောင့်၎င်း,
(ခ) ပရိယာယ်၏ အစွမ်းဖြင့် မရွေ့လျှော မပြောင်းရွှေ့ တတ်သောကြောင့်၎င်း,
(ဂ) မပျက်စီးနိုင်သောကြောင့်၎င်း
(ဃ) ရွတ်ဆိုရာသို့ နူးညံ့စွာ လိုက်ပါလျက် အနက်အားဖြင့်လည်း မကြမ်းထမ်းသောကြောင့်၎င်း
(င) အဆုံးမရှိသော သဒ္ဓါအနက်သို့ ရောက်ကုန်သော်လည်း မတုန်လှုပ်တတ်သောကြောင့်၎င်း
“အက္ခရာ” ဟုခေါ်သည်။

ဌာန် – အက္ခရာတို့၏ ဖြစ်ရာအရပ်။
ကရိုဏ်း – အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်း။
ပယတ် – အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှု။

အ အာ ဣ ဤ ဥ ဥု ဧ ဩ။
က ခ ဂ ဃ င
စ ဆ ဇ ဈ ဉ
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ ဟ ဠ အံ။

သူတစ်​ပါးကို မမှီခိုဘဲ သူ့ဘာသာ ရပ်​တည်ဖြစ်​နိုင်​သောအသံ။ Vowel.

အဆုတ်မှတက်လာသော လေသည်ခံတွင်းရှိစကားသံဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု၏ ပိတ်ဆို့တားဆီးခြင်း မခံရဘဲဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ်ဖြစ်လာသော အက္ခရာများ အသံ။

အတိုးအကျယ်၊ အသံတိုရှည် စသည့် အရည်အသွေးအရ သရများမှာ ကွဲပြားနိုင်သည်။

ပါဠိ သရ
အ အာ ဣ ဤ ဥ ဥု ဧ ဩ။

ဗျည်း
(ဗျဉ္ဇန)

သရနှင့်မှီတွဲဖက်မှသာ အသံထွက်နိုင်သော အက္ခရာများ။ Consonant.

ပါဠိ ဗျည်း
က ခ ဂ ဃ င စ ဆ ဇ ဈ ဉ ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အံ။

နိဂ္ဂဟိတ် ဆိုသည်မှာ (သေးသေးတင်) ကိုဆိုခြင်းဖြစ်၏။ သိုရာတွင် သူချည်းသက်သက်ရေးလျှင် ရွတ်ဖတ်၍ မဖြစ်သောကြောင့် သရနှင့်တွဲဖက်ပြီး အံ ဟု ရေးသားရပါတယ်။ ဒါကြောင့် အံ ကို နိဂ္ဂဟိတ် လို့ဆိုရခြင်းလည်းဖြစ်ပါတယ်။

ရဿ – အသံတို။ Short (vowel) sound.
ရဿသရ (၃) လုံး = အ ဣ ဥ

ဒီဃ – အသံရှည်။ Long (vowel) sound.
ဒီဃသရ (၅) လုံး = အာ ဤ ဥု ဧ ဩ

ဌာန် – အက္ခရာတို့၏ ဖြစ်ရာအရပ်။
ကရိုဏ်း – အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်း။
ပယတ် – အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှု။

စကားဆက်။ Conjunction.

ပုဒ်အချင်းချင်းကိုဖြစ်စေ၊ ဝါကျအချင်းချင်းကိုဖြစ်စေ ဆက်စပ်ပေးသောစကားလုံး။ သမ္ဗန္ဓဆိုသည်ကား ပုဒ်တို့ကိုဖြစ်စေ ဝါကျတို့ကိုဖြစ်စေ ဆက်စပ်ရန်သာသုံးသော ပုဒ်ဖြစ်သည်။ ကျောင်းဒါ။ ၂၂။

သဒ္ဒါ
(နည်းစနည်များ)

ဘာသာစကားဗေဒ အရ အရပ်သုံး ဘာသာစကား တခုခု၏ သဒ္ဒါ (အင်္ဂလိပ်: grammar) ဆိုသည်မှာ – လိုရာအဓိပ္ပါယ်ရောက်အောင် ထိုဘာသာစကား၏ ဝေါဟာရထု (စကားလုံးများ) ကို မည်သို့ မည်ပုံ မည်သည့်အစီအစဉ်ဖြင့် စီစဉ်၍ ပြောနည်း ရေးနည်း သတ်မှတ်ချက်များကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။

“မည်သို့ရေးရမည်။ အရေးအသား၊ အထားအသို၊ ဝါကျတည်ဆောက်ပုံ၊ ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးစွဲရမည်” စသည်တို့ကို ကာလရှည်ကြာ သုံးစွဲညှိနှိုင်းကြရင်း သဒ္ဒါဟူသော စကားလုံးချင်း စီဆက်နည်း စည်းမျဉ်းစုတို့ ဖြစ်ပေါ်ခဲ့သည်။

ဘာသာစကားတခုစီတွင် အဓိကပါဝင်သည့် အပိုင်းကြီး၂ခုမှာ ဝေါဟာရထု (စကားလုံးများ ကိုယ်တိုင်)နှင့် ဤ သဒ္ဒါ(စကားလုံးစပ်နည်း စည်းမျဉ်းများ) ဖြစ်ပေသည်။

စကားလုံးများကို သဒ္ဒါဟူသော နည်းစနည်များဖြင့် ပေါင်းစပ်၍ ပုဒ်၊ ဝါကျပိုင်း စသည်တို့ ဖြစ်ပေါ်ကာ ဝါကျတို့ ထွက်ပေါ်လာကြခြင်းပင်။

ပုဒ်
(စကားလုံး)

သီးခြားစကားလုံးကိုလည်းကောင်း၊ သီးခြားစကားလုံးနှင့် အကူစကားလုံးတို့ကို တွဲစပ်ထားသော စကားလုံးတို့ကို လည်းကောင်းပုဒ် ဟုခေါ်သည်။

ပုဒ်ဖြတ်ပုဒ်ရပ်
မြန်မာစာရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးရသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ ဟုခေါ်သည်။

ဝိုက်ကွင်း ( )
ကိန်းဂဏန်းဖြင့် ဖော်ပြသော ငွေကြေးအရေအတွက်ကို စာဖြင့် တိတိကျကျ ဖော်ပြလိုလျှင် ဝိုက်ကွင်းကို သုံးသည်။

ပုဒ်ကလေး ၊
နှစ်ခုထက် ပိုသော ပုဒ်များအကြားတွင် ပုဒ်ကလေးကို သုံးသည်။

ပုဒ်မ ။
ဝါကျအဆုံး၌ ပုဒ်မကို သုံးသည်။

  • Pali – ပဒ>ပုဒ်(part)
    • အစအဆုံးပြည့်စုံအောင်ရေးဖွဲ့ထားသည့်စာ၊ကဗျာစသည်ကိုရေတွက်ရာ၌သုံးသည့်စကားလုံး။
    • မေးပိမ့်‌ဖြေလော့ချီသည်တစ်ပုဒ်၊လောဘဒေါသချီသည်တစ်ပုဒ်။သမန်၊ဒု။၇၁။
    • numerical classifier for counting pieces of writing such as articles, verse, songs, etc.
  • Pali – ပဒ>ပုဒ်(n)
    • ဝါကျ၊ပဒစယစသည်၌အဆစ်အပိုင်းအဖြတ်အရပ်ကိုပြသောသင်္ကေတ။
    • စာ၌ပုဒ်ကြီးနှင့်ပုဒ်ကလေးများကိုနေရာမှန်ကန်စွာထည့်ခြင်း။ သင်နည်း။၈၂။
    • တစ်ချောင်းပုဒ်, နှစ်ချောင်းပုဒ်,(all nouns)
    • punctuation mark.
  • Pali- ပဒ>ပုဒ်(n)
    • သီးခြားစကားလုံး။
    • အက္ခရာဝဏ္ဏ၊သရပုဒ်ဗျည်း၊ပစ္စည်းရုပ်ဇာတ်။ဘလ္လာ*၁၀၈။
    • word.

စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။

(၁) ဧကက္ခရပုဒ်

  • အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။
  • ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊

(၂) အနေကက္ခရပုဒ်

  • အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။
  • ပုံ-ဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊

(၃) အနေက ပဒပုဒ်

  • ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။
  • ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊

ထို့ပြင်လည်း ပုဒ်အမျိုးအစား များစွာရှိသေး၏။

ဝါကျ

ဆိုလိုသည့်အဓိပ္ပာယ်ရောက်အောင် စနစ်တကျ စီစဉ်ထားသော ပုဒ်အစုအပေါင်းကို ဝါကျ (sentence) ဟုခေါ်သည်။ ဝါကျတစ်ခုတွင် အနည်းဆုံး ကတ္တားတစ်ခုနှင့် ကြိယာတစ်ခု ပါဝင်သည်။

ဝါကျဆိုသည်မှာ အဓိပ္ပာယ်ပြည့်စုံသော စကားစုကိုဆိုလိုသည်။ ဝါကျ၏အင်္ဂါတို့မှာ နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသည်တို့ဖြစ်၏၊ ဝါကျဖွဲ့ခြင်း အတတ်သည် နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန အစရှိသော ဝါကျ၏ အင်္ဂါတို့အပေါ်တွင် တည်လျက်ရှိ၏။ ထိုအင်္ဂါတို့ကို အလိုရှိသည့်အတိုင်း စပ်ဟပ်စီစဉ်ခြင်းအားဖြင့် ဝါကျအမျိုးမျိုးတို့ကို ဖွဲ့နိုင်၏။

လူတစ်ဦးတစ်ယောက်သည် မိမိ၏စိတ်ကူးစိတ်သန်းများကို သူတစ်ပါးအား ကြားသိစေလိုလျှင် ဘာသာစကားဖြင့် ပြောဆိုရေးသား၍ ကြားသိစေနိုင်သည်။ ဘာသာစကား၏ ရင်းမြစ်သည် ဝါကျဖြစ်၍ ဘာသာအစ ဝါကျက ဟူ၍ ဆိုသင့်ပေသည်။

ဝါကျ၌ အယုတ်သဖြင့် ကတ္တား(နာမ်)နှင့် ကြိယာဟူသော အင်္ဂါနှစ်ခုပါရှိ၏။ ကတ္တားသည် ပြသူ၊ ဖြစ်သူ၊ ရှိသူကိုဆိုသည်။ ကြိယာသည်ပြုသည်၊ ဖြစ်သည်၊ ရှိသည်ကိုဆိုသည်။ မြန်မာဘာသာတွင် အဓိပ္ပာယ် မငုပ်ပါက ကတ္တားကို တစ်ခါတစ်ရံ မြှုပ်ထားလေ့ရှိရကား ဝါကျဖွဲ့ရာ၌ ကြိယာသည် ကတ္တားထက် ပို၍အရေးကြီး၏။ ကြိယာသည် ဝါကျ၏ အချုပ်အချာဖြစ်၏။

ဝါကျတို့သည် ကြိယာတစ်ခုရှိသော ဝါကျ၊ ကြိယာနှစ်ခုရှိသော ဝါကျ၊ ကြိယာသုံးခုရှိသော ဝါကျ အစရှိသည်ဖြင့် ရှိကြသည်။

ကတ္တား (subject) – ပြုသူ၊ ဖြစ်သူ၊ ရှိသူကိုပြသောပုဒ်။

ကံ (object) – ပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကိုပြသောပုဒ်။

ကြိယာ (verb) – ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။ ကြိယာတို့ကို ကံပါကြိယာ၊ ကံမပါကြိယာ ဟူ၍ ခွဲခြားနိုင်သည်

နာမ်
(noun)

သက်ရှိ သက်မဲ့၊ ဒြပ်ရှိ ဒြပ်မဲ့တို့ကို သတ်မှတ်ညွှန်းဆိုသော စကားလုံးများမှာ (လူ၊ ဦးလေး၊ မြစ်၊ မြစ်ဖျား စသည့်) အရာဝတ္ထုနှင့် (အတွေး၊ နောင်တ၊ ပျော်ရွှင်မှု၊ အဆုံးသတ် စသည့်) အခြင်းအရာများကို ညွှန်းဆိုနေပြီး နာမ် (noun) များ ဖြစ်ကြသည်။

ဖွဲ့စည်းတည်ဆောက်ပုံအရ မြန်မာဘာသာ နာမ်အမျိုးကွဲများ

  • ပင်ကိုနာမ်
    • လူ၊ ယောက်ျား၊ အကောင်၊ မြစ်၊ အရင်း၊ အဖျား၊ ငှက်ပျော၊ အသီး။
  • ပေါင်းစပ်နာမ်
    • လူယောက်ျား၊ လူကောင်၊ မြစ်ဖျား၊ ငှက်ပျောသီး။
  • ကြိယာနာမ်
    • အသွား၊ အပြန်၊ အဆုံးအဖြတ်၊ ကောင်းမှု၊ ပြစ်မှု၊ သွားခြင်း၊ စားဖွယ်၊ စားစရာ။

အနက်အဓိပ္ပါယ်အရ မြန်မာဘာသာ နာမ်အမျိုးကွဲများ

  • တစ်ဦးဆိုင် နာမ်
    • တစ်ဦး၊ တစ်ယောက်၊ တစ်ခုအတွက် သီးခြားမှည့်ခေါ်ထားသောအမည်ကို တစ်ဦးဆိုင်နာမ် ဟု ခေါ်သည်။
    • ဥပမာ − ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျောက်ဖြူ၊ မောင်မောင်၊ ဇော်ဇော်၊ တင်တင်၊ ခင်ခင်၊ ဘုတ်ဆုံ။
  • အများဆိုင် နာမ်
    • အများနှင့်ဆိုင်သော ပုဂ္ဂိုလ်၊ သတ္တဝါ၊ အရာဝတ္ထုတို့၏ အမည်ကို အများဆိုင်နာမ် ဟု ခေါ်သည်။
    • ဥပမာ − မြို့၊ ရွာ၊ ကျောင်း၊ မြစ်၊ ချောင်း၊ လူ၊ တိရစ္ဆာန်။
  • စိတ္တဇ နာမ်
    • ဒြပ်မရှိ၊ ကိုင်တွယ်စမ်းသပ်၍မရ၊ မြင်လည်းမမြင်နိုင်၊ စိတ်ဖြင့်သာ တွေးတောသိနိုင်သော နာမ်ကို စိတ္တဇနာမ် ဟု ခေါ်သည်။
    • ဥပမာ − မေတ္တာ၊ စေတနာ၊ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ သတ္တိ၊ သီလ၊ သမာဓိ၊ ပညာ၊ စည်းလုံးညီညွတ်ရေး၊ အဆိုး၊ အကောင်း၊ အချစ်၊ အမုန်း။
  • အစုပြ နာမ်
    • အစုအပေါင်း၊ အသင်းအဖွဲ့ကို ဖော်ပြသော နာမ်ကို အစုပြနာမ် ဟု ခေါ်သည်။
    • ဥပမာ − လူထု၊ စစ်တပ်၊ အိမ်ထောင်စု၊ ပါတီ၊ အသင်း၊ အစည်းအရုံး၊ ကော်မတီ၊ ကျွဲအုပ်၊ နွားအုပ်။

မြန်မာစာနဲ့ အင်္ဂလိပ်စာ အသုံးအနှုန်း၊ အရေးအသားနဲ့ သဒ္ဒါ ထပ်တူမကျတာတွေ ကို ဒေါက်တာတင့်ဆွေ ရေးသားထားသည်။

(၁) အတိတ်နဲ့ ပစ္စုပ္ပန်

အင်္ဂလိပ်သဒ္ဒါမှာ ကာလကို အတိအကျလိုက်ရတယ်။  မနေ့က သွားခဲ့သည်။ ယနေ့ သွားသည်။ မြန်မာစာမှာ တခါတခါ ကာလကို အတိအကျ မလိုက်ပါ။ ကနေ့ မိုးရွာသည်။ မနေ့ကမရွာ။ ခဲ့ မထည့်လည်း ဆိုလိုချက် မပျက်ပါ။ ညက အိပ်မက်မက်တယ်။ ခဲ့ မထည့်လည်း ဆိုလိုချက် မပျက်ပါ။ မနှစ်က မိုးကောင်းတယ်။ ခဲ့ မထည့်လည်း ဆိုလိုချက် မပျက်ပါ။

(၂) လိင်

အင်္ဂလိပ်စာမှာ တိကျရတယ်။ သူသည် မောင်ဘဖြစ်၏။ သူမသည် မလှဖြစ်သည်။ မြန်မာစာမှာ သူမ အသုံးက စံကိုက် မဟုတ်ပါ။ သုံးတာတွေတော့ ရှိပါတယ်။ မောင်မြလာနေသည်။ သူက ကျွန်တော့သူငယ်ချင်း ဖြစ်တယ်။ မလှလှ ဈေးသွားသည်။ သူက ဈေးဆစ်တတ်တယ်။ သူမလို့လည်း သုံးနိုင်ပါတယ်။ သူလည်းလေ လောကီသားပေမို့ ကြွားချင်ရှာလိမ်မည်။ သူဆိုတာ ဣတ္တိလိင် နဲ့ရော ပုလ္လိင် နဲ့ပါ ဆိုင်တယ်။

(၃) ဝိဘတ်

အင်္ဂလိပ်စာမှာ တိကျရတယ်။ ဒါပေမဲ့ မြန်မာပြည်မှာသင်တဲ့ အင်္ဂလိပ်စာမှာ လိုအပ်တာတချို့ရှိတယ်။ ရန်ကုန်မှ မန္တလေးသို့ သွားမည်။ ဝိဘတ် တိကျတယ်။ ရန်ကုန်ကနေ မန္တလေးကို သွားမယ်။ က နဲ့ ကို ဆို့ရဲ့ ဝိဘတ် မတူတော့ပါ။ ပြောတာလည်း မမှားပါ။ မြန်မာလို ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ အင်္ဂလိပ်စာမှာ ချဲယားထဲမှာ ထိုင်နေသည် တဲ့။ သူတို့က လက်တင်ပါတဲ့ ထိုင်စရာကိုဆိုလိုတာ။ အင်္ဂလိပ်စာမှာ အိပ်ရာထဲမှာ အိပ်သည်။ မြန်မာလို အိပ်ရာပေါ်မှာ အိပ်သည်။ အိပ်ရာပေါ်တက်မခုံရ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ တူတယ်။

(၄) အနည်း အများ

အင်္ဂလိပ်စာမှာ တိကျရတယ်။ စာအုပ်တအုပ်။ စာအုပ် ၃ အုပ်(များ)။ မြန်မာစာမှာ တခါတခါ အများမထည့်တတ်ပါ။ မုံ့တခု ပေးပါ။ မုံ့ နှစ်ခု ပေးပါ။ အင်္ဂလိပ်စာမှာ ဘာလုံးသင်းအမည်ကို အများအနေနဲ့ သုံးတယ်။ မြန်မာစာမှာ တသင်းတိုင်းကို အနည်းအနေနဲ့သာ သုံးပါတယ်။ အင်္ဂလိပ်စာမှာ ငါးတွေ အမျိုးအစားမတူမှသာ fishes တဲ့။ မြန်မာစာမှာက ငါးခူတကောင်၊ ငါးခူနှစ်ကောင်။ အင်္ဂလိပ်စာမှာ Jeans, pants, sheep, news, eyeglasses, alms, deer, tuna, Salmon, you စတာတွေက အမြဲတမ်း အများ။

ကြ

အင်္ဂလိပ်စာမှာ သူတို့သွားကြပြီ။ ကလေးတွေ ကျောင်းသွားပြီ။ ကျောင်းသွားကြပြီ။

ခဲ့

အင်္ဂလိပ်စာမှာ အတိတ်ကြိယာတိုင်းမှာ ခဲ့ ပါတယ်။ မနေ့က သွားခဲ့သည်။ မနက်က ကောက်ဖီသောက်ခဲ့တယ်။ မြန်မာစာမှာ ခဲ့ အသုံးအတွက် သတိထားစရာတွေ ရှိတယ်။ လာပြီ (ပစ္စုပ္ပန်) လာနေသည်။ လာခဲ့ရင်တော့ (အနာဂတ်) မလာသေးပါ။ ပရိသတ်က တောင်းဆိုခဲ့ရင် သီချင်းဆိုပါမယ်။  ငါ့ကို မတိုင်ပင်ဘဲ ရောင်းခဲ့ရင်တော့ ပြန်တောင်းရမှာဘဲ။

မှ နှင့် က

မြန်မာစာမှာ မှ ဝိဘတ်နဲ့ က ဝိဘတ် မှားရေးနေတာတွေ မကြာခဏဖတ်ရတယ်။ ရွာသာရွာမှ ကြိုဆိုပါ၏ – မမှန်ပါ။ ရွာသာရွာက ကြိုဆိုပါ၏။ အင်္ဂလိပ်စာမှာ ဝဲလ်ကမ်း-တူ(Welcome to)-ရွာသာရွာ။ အင်္ဂလိပ်လို တူ(to) ကို မြန်မာလို သို့ လို့ပြန်လေ့ရှိတယ်။ ဝဲလ်ကမ်း-ဖရွန်(Welcome from)-ရွာသာရွာ ဆိုရင် မှားပြီ။

နာမ်၏ အစားသုံးသောပုဒ်ကို နာမ်စား ဟုခေါ်သည်။

ဥပမာ − ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျုပ်၊ သင်၊ မင်း၊ ခင်ဗျား၊ ရှင်၊ နင်၊ ညည်း၊ သူ၊ သင်း၊ ဤ၊ သည်၊ ထို၊ ၎င်း၊ အဘယ်၊ ဘယ်၊ အချို့၊ အားလုံး။

နာမ်စား (၄) မျိုးရှိသည်။ ၎င်းတို့မှာ −

  • (က) ပုဂ္ဂလနာမ်စား
    • ပုဂ္ဂိုလ်၏ အစားသုံးသော နာမ်စားကို ပုဂ္ဂလနာမ်စား ဟုခေါ်သည်။ ပြောသူနှင့် ကြားနာသူတို့၏ အသက်အရွယ်၊ အဆင့်အတန်း၊ ခင်မင်ရင်းနှီးမှုစသည့် အခြေအနေတို့ကိုလိုက်၍ ပြောသူနာမ်စား အမျိုးမျိုးကွဲပြားသည်။
      • ဥပမာ − ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ကျုပ်၊ ကိုယ်၊ တပည့်တော်၊ တပည့်တော်မ။
    • ကြားနာသူ၏ အစားသုံးသောပုဒ်ကို ကြားနာသူနာမ်စား ဟုခေါ်သည်။
      • ဥပမာ − မင်း၊ ခင်ဗျား၊ ရှင်၊ နင်၊ သင်၊ ညည်း။
    • အပြောခံနာမ်၏ အစားသုံးသော ပုဒ်ကို အပြောခံနာမ်စား ဟု ခေါ်သည်။
      • ဥပမာ − သူ၊ သင်း၊ ယင်း၊ ၎င်း။
  • (ခ) အညွှန်းနာမ်စား
    • ဥပမာ − ဤ၊ သည်၊ ထို၊ ၎င်း။
  • (ဂ) အမေးနာမ်စား
    • ဥပမာ −အဘယ်၊ ဘယ်။
  • (ဃ) သင်္ချာနာမ်စား
    • အရေအတွက်ကိုပြ၍ နာမ်၏အစားသုံးသောပုဒ်ကို အရေအတွက်ပြသင်္ချာနာမ်စား ဟုခေါ်သည်။
      • ဥပမာ − တစ်ခု၊ တစ်စောင်၊ သုံးကောင်၊ နှစ်စင်း
    • ပမာဏကိုပြ၍ နာမ်၏ အစားသုံးသောပုဒ်ကို ပမာဏပြသင်္ချာနာမ်စားဟု ခေါ်သည်။
      • ဥပမာ − အချို့၊ အားလုံး၊ အများစု

ဓာတ်
(ဓာတု)

ဓာတ် (ဓာတု) – စကားအရင်းအမြစ် (root word)

ဥပမာ – ပုရိသော ဂစ္ဆတိ။ ယောက်ျားသည် သွား၏။ 
ပုရိသော = ပုရိသ် (ယောက်ျား) + ော (သည်)
ဂစ္ဆတိ = ဂစ္ဆ(သွား) + တိ(၏)။

ဂစ္ဆ ကို ပါဠိမှာ ဓာတ် ဟုခေါ်သည်။​​တိ ဆိုတဲ့ ပုရိသ်​ဝိဘတ်​လေးကို ဂစ္ဆ (root word)မှာ ကပ်​ပေး လိုက်​တော့ ဂစ္ဆတိ (သွား၏) လို့ ကြိယာ ဖြစ်​သွားတယ်​။

ဝိဘတ်
(ဝိဘတ္တိ) 

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် (adposition) ဟုခေါ်သည်။

လိင်၏အနက်ကို ဝေဖန်ပြသောကြောင့် လည်းကောင်း၊ ကာလ၏အစွမ်းဖြင့် ဓာတ်အနက်ကို ဝေဖန်ပြသောကြောင့် ဝိဘတ် ဟုခေါ်သည်။

အမည်ဟောပုဒ်တို့၏အဆုံးသတ်ကို နာမ်ဝိဘတ်ဟု ခေါ် သည်။ သွားခြင်း၊ ချက်ခြင်းစသောကြိယာဟောဓာတ်တို့၏အဆုံးသတ်ကို အာချာတ်ဝိဘတ်ဟု ခေါ် သည်။

နာမ်ဝိဘတ်

နာမ်ဝိဘတ်သည် ပထမာ၊ ဒုတိယာ၊ တတိယာ၊ စတုတ္ထီ၊ ပဉ္စမီ၊ ဆဋ္ဌီ၊ သတ္တမီဟူ၍ ခုနစ်သွယ်(ခုနစ်လုံး) ရှိသည်။ ယင်းနာမ်ဝိဘတ်တို့ကို မြန်မာအနက်အားဖြင့် အစဉ်အတိုင်းသည် ကား – သည်၊ ကို ၊ ဖြင့်၊ အား၊ မှ၊ ၏၊ ၌ – ဝယ်ဟူ၍ ပြန်ဆိုကြသည်။ ယောက်ျား ဟူသော သဒ္ဒါသည် သည် နှင့်တွဲဖက်၍ ယောက်ျားသည် ဟူသော ပုဒ်ဖြစ်လာသည်။ 
ကို နှင့်တွဲဖက်၍ ယောက်ျားကို ဟူသော ပုဒ်ဖြစ်လာသည်။

အာချာတ် ဝိဘတ်

အာချာတ်ဝိဘတ်သည် ဝတ္တမာန်၊ ပဉ္စမီ၊ သတ္တမီ၊ ပရောက္ခာ၊ ဟိယျတ္တနီ၊ အဇ္ဇတနီ၊ ဘဝိဿန္တိ၊ ကာလတိ ပတ္တိ ဟူ၍ရှစ်မျိုးရှိသည်။ တစ်မျိုးတစ်မျိုးတွင် ဝိဘတ် ၁၂ လုံးစီရှိသဖြင့် စုစုပေါင်း ၉၆ လုံးရှိသည်။ 

ကာရကဆိုသည်မှာ ကြိယာ၏အဓိပ္ပာယ်ကို ပေါ်လွင်စေသော ဂုဏ်သတ္တိမျိုးဖြစ်သည်။  တစ်နည်းအားဖြင့် နာမ်၊ နာမ်စားတို့သည် ကြိယာ၏ပြုလုပ်သူ၊ ကြိယာ၏ပြုလုပ်ခံရသူ စသည်တို့ဖြစ်ခြင်းသည် ကာရကဖြစ်သည်။

သာဓကအားဖြင့် “ကျွန်တော်သည် ထမင်းကို စားသည်” ဟူသောဝါကျတွင် “ကျွန်တော်” သည် ပြုလုပ်သူဖြစ်ပြီး “ထမင်း“သည် ပြုလုပ်ခံရသူဖြစ်သည်။

လိင်ကို ပါဠိလို “လိင်္ဂ”ဟု ခေါ်၏။ လိင်္ဂ သဒ္ဒါသည် မြန်မာလို “အမှတ်အသား” ဟူသော အနက်ထွက်၏။

လိင် အဓိပ္ပယ်များ

၁။ ရှင်သာမဏေများ ကျူးလွန်လျှင် ရှင်သာမဏေအဖြစ်မှ လျှောကျစေသော သိက္ခာပုဒ်ဆယ်ပါး။ လိင်(၁၀)ပါး။
၂။ အထီးအမတို့၏သဘာဝ။
၃။ အမှတ်အသား။ အသွင်အပြင်။ ပါဠိ သဒ္ဒါ လိင်(၆) မျိုး။

ပုလ္လိင် (ပုံလိင်) ၊ နပုလ္လိင် (နပုံလိင်) ၊ ဣတ္ထိလိင် ၊ ဒွိလိင်၊ တိလိင်၊ အလိင်။

ရှေးသဒ္ဒါဆရာများ ထားအပ်သော ပင်ကိုစကားလုံးများ၏ အမှတ်အသား/feature ကိုပင် လိင်္ဂ (လိင်) ဟု ခေါ်သည်။

ပါဠိစကားလုံးလိင် (အတိုကောက်)လိင်
ပုရိသပုပုလ္လိင်
စိတ္တ နပုလ္လိင်
ကညာထီဣတ္ထိလိင်
မနပု၊နပုလ္လိင်၊ နပုလ္လိင် – ဒွိလိင် (လိင်နှစ်မျိုး)
ဂါမ္မတိပုလ္လိင်၊ နပုလ္လိင်၊ ဣတ္ထိလိင် – တိလိင် (လိင်သုံးမျိုး)
ယထာဗျအလိင် (လိင်အတွက် အထူးမရှိ)
ပုလ္လိင် (ပုံလိင်)

ယောက်ျား၏ သွားလာပုံ စား​သောက်​ပုံနှင့်ကိုယ်​၏ ပုံသဏ္ဌာန်​များ၌​ မိန်းမသားတို့ထက် ရှင်းပြရတာလွယ်သော အခြင်းအရာ ရှိ၏။ (အတ္ထလိင်)

ရုပ်စီရင်၌ ရှင်းပြရတာလွယ်သော ထင်ရှားသော အခြင်းအရာ ရှိသော လိင် ကို ပုမလိင်္ဂ (ပုလ္လိင်​) ရှေးသဒ္ဒါဆရာတို့အသိအမှတ်ပြုခဲ့သည်။ (သဒ္ဒါလိင်)

ထိုထင်ရှားသော အခြင်းအရာကို ပါဠိလို ဝိသဒါကာရ (ဝိသဒ= ထင်ရှားသော +​ အာကာရ= အခြင်းအရာ) ဟုခေါ်၏။

“မာတုဂါမ” ပါဠိစကားလုံး သည် မြန်မာလို”မိန်းမ” ဟုအနက်ထွက်သောလည်း “မာတုဂါမ” သည်ရုပ်စီရင်၌ ရှင်းပြရတာလွယ်သောကြောင့် ပုလ္လိင် (သဒ္ဒါလိင်) ဟု ရှေးသဒ္ဒါဆရာတို့က တတ်မှတ်ထားသည်။ “ဒါရက” ပါဠိစကားလုံးသည် မြန်မာလို အပျိုမ၊သမီးငယ် ဟုအနက်ထွက်သောလည်း ရုပ်စီရင်၌ ရှင်းပြရတာလွယ်သောကြောင့် ပုလ္လိင် တတ်မှတ်ထားသည်။

ဣတ္ထိလိင်

မိန်းမတို့၏  သွားလာ စား​သောက်​ပုံ ကိုယ်၏ ပုံသဏ္ဍာန်များ၌ ယောက်ျားများ​ထက် ရှုပ်သော အခြင်းအရာ ရှိ၏၊ (အတ္ထလိင်)

ရုပ်စီရင်၌ ရှုပ်သော အခြင်းအရာ ရှိသော လိင် ကို ဣတ္ထိလိင်္ဂ (ဣတ္ထိလိင်​) ရှေးသဒ္ဒါဆရာတို့အသိအမှတ်ပြုခဲ့သည်။ (သဒ္ဒါလိင်)

ထိုမထင်ရှားသော(ရှုပ်သော) အခြင်းအရာကို ပါဠိလို အဝိသဒါကာရ (အဝိသဒ= မထင်ရှားသော +​ အာကာရ= အခြင်းအရာ) ဟုခေါ်၏။

နပုလ္လိင် (နပုံလိင်)

ယောက်ျားမဟုတ်​, မိန်းမ မဟုတ်​နပုံး ပဏ္ဍုက်​တို့၏ အသွားအလာ ကိုယ်​၏ ပုံ သဏ္ဍာန် သည်​မရှုပ်မရှင်းသော​ အခြင်းအရာ ရှိ၏၊ (အတ္ထလိင်)

ရုပ်စီရင်၌ ​မရှုပ်မရှင်းသော​ အခြင်းအရာ ရှိသော လိင် ကို နပုံသကလိင်္ဂ (နပုလ္လိင်​)​ ရှေးသဒ္ဒါဆရာတို့အသိအမှတ်ပြုခဲ့သည်။ (သဒ္ဒါလိင်)

ထို မရှုပ်မရှင်းသော​ အခြင်းအရာကို ပါဠိလို နေဝဝိသဒနာဝိသဒါကာရ (နပုံသက – နပုံးတို့၏၊ လိင်္ဂ- အမှတ်​အသား) ဟုခေါ်၏။

ပါဠိဘာသာ

ပါဠိဘာသာကို ၎င်းပျံ့နှံ့ရောက်ရှိရာဒေသရှိ အက္ခရာများဖြင့် အသုံးပြုရေးသားနိုင်သည်။ မြန်မာနိုင်ငံတွင် မြန်မာအက္ခရာဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းအက္ခရာဖြင့်လည်းကောင်း၊ သီရိလင်္ကာတွင် သီဟိုဠ်အက္ခရာဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားတွင် ခမာအက္ခရာဖြင့်လည်းကောင်း၊ အိန္ဒိယတွင် ဒေဝနာဂရီအက္ခရာဖြင့်လည်းကောင်း စသဖြင့် အက္ခရာဖလှယ်ရေးသားကြသည်။ ထိုနည်းတူ လန်ဒန် ပါဠိစာမူတော်အသင်း (London Pali Text Society) က ​ရောမအက္ခရာ (Roman script) ဖြင့် ဖလှယ်ရေးသားသည်။ ထို ​ရောမအက္ခရာဖြင့် ဖလှယ်နည်းကို ယခုအခါ နိုင်ငံတကာအသုံးအဖြစ် သတ်မှတ်အသုံးပြုကြသည်။ ထို ရောမအက္ခရာဖြင့် ရေးသားထားသည့် ပါဠိအမည်များကို မြန်မာဘာသာသို့ ဖလှယ်ရာတွင် အသံဖလှယ်နည်းထက် အက္ခရပရိဝတ္တနဟူသည့် အက္ခရာဖလှယ်နည်းကို အသုံးပြုရသည်။

ပါဠိဘာသာအသုံးအနှုန်း

ထိုပါဠိဘာသာဟူသော အသုံးအနှုန်းသည် မြတ်စွာဘုရားလက်ထက်တော်၌ သုံးနှုန်းခေါ်ဝေါ်သော ဝေါဟာရမဟုတ်ပေ။ သို့ဆိုလျှင် မြတ်စွာဘုရားလက်ထက်၌ မည်သို့သောအမည်ဖြင့် သုံးနှုန်းပါသနည်း? ဟူသော အမေးကို အဖြေရှာကြည့်ရာတွင် အရိယဘာသာဟု လည်း ကောင်း, ဓမ္မနိရုတ္တိဘာသာဟုလည်းကောင်း,
သဘာဝနိရုတ္တိဘာသာဟုလည်းကောင်း ခေါ်ဝေါ်သုံးနှုန်းကြောင်း တွေ့ရသည်။

အဋ္ဌကထာ၊ဋီကာကျမ်းတို့၌ကား ပါဠိဘာသာကို

၁။ မာဂဓဘာသာ ဟု၎င်း
၂။ တန္တိဘာသာဟု ၎င်း
၃။ မူလဘာသာ ဟု ၎င်း
၄။ ပကတိဘာသာ ဟု ၎င်း ခေါ်ဝေါ်ကြောင်း
တွေ့ရပါသည်။

သို့ဖြစ်လေရာ တွေ့ရှိချက်အားလုံးကို ပေါင်းလိုက်လျှင် ပါဠိဘာသာကို

၁။ အရိယဘာသာ
၂။ ဓမ်မနိရုတ်တိဘာသာ
၃။ သဘာဝနိရုတ္တိဘာသာ
၄။ မာဂဓဘာသာ
၅။ တန်တိဘာသာ
၆။ မူလဘာသာ
၇။ ပကတိဘာသာ

ဟူသော အမည်တို့ဖြင့်သာပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ ခေါ်ဝေါ်သုံးနှုန်းသည်ကို တွေ့ရ၍ ပါဠိဘာသာဟူသော အမည်ဖြင့် သုံးနှုန်းသည်ကို မတွေ့ရဟူသော အချက်မှာ ပေါ်လွင်လျက် ရှိပေသည်။ ယင်းသို့ ရှေးကျသော ကျမ်းစာများ၌ သုံးစွဲခဲ့သည်ကို မတွေ့ရ၍ ” ပါဠိဘာသာ”ဟူသော အမည်သည် အလွန်နောက်ကျသော ခေတ်သို့ ရောက်မှ ပေါ်ပေါက်လာသော အမည်ဖြစ်ကြောင်း ထင်ရှားနေပေသည်။

အရိယဘာသာ

အရိယာပုဂ္ဂိုလ်တို့ သုံးစွဲရိုးဖြစ်သော ဘာသာဖြစ်သောကြောင့် အရိယဘာသာ။

ဓမ်မနိရုတ်တိဘာသာ

မဖောက်မပြန်သော သဘောဖြစ်သော ထုတ်ဆိုအပ်သော မာဂဓသဒ္ဒါရှိသောကြောင့် ဓမ္မနိရုတ်တိဘာသာ။

သဘာဝနိရုတ္တိဘာသာ

မိမိဆိုလိုသော အနက်အဓိပ္ပါယ်ကို ဖောက်ပြန်ပြောင်းလွဲခြင်းမရှိဘဲ တိတိကျကျ ဖော်ပြနိုင်စွမ်းသည်ဖြစ်၍ ဘုရားရှင်စသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ သုံးစွဲအပ်သော‌ကြောင့် သဘာဝနိရုတ်တိဘာသာ။

မာဂဓဘာသာ

မဂဓတိုင်းသားတို့ ပြောဆိုသုံးစွဲသော ဘာသာဖြစ်သောကြောင့် မာဂဓဘာသာ။ ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်များကို ဟောကြားတော်မူခဲ့သည်ဟု မှတ်ယူအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိမြင်ရာအရပ်သည် မဂဓဒေသ – မဂဓတိုင်း ဖြစ်သ
ည်။ ဘုရားရှင် ဒေသစာရီ ကြွချီ၍ သတ္တဝါအပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးရာ အရပ်သည်လည်း ယေဘုယျအားဖြင့် မဂဓတိုင်းနှင့် ကောသလတိုင်းတို့ ဖြစ်၏။ ဘုရားရှင်သည် ယင်း လူတိုင်းနားလည်နိုင်မည့် မာဂဓဘာသာဖြင့် ဟောကြားတော်မူမည်ဖြစ်ပါသည်။

တန်တိဘာသာ

ဘုရားစကားတော်-ပါဠိတော်၏ တည်ရာဖြစ်သောကြောင့် တန္တိဘာသာ။

မူလဘာသာ

ကမ္ဘာဦးလူသားတို့ မာဂဓဘာသာကို ပြောဆိုသည်ဟု သိရသဖြင့် မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်သောကြောင့်မူလဘာသာ။

ပကတိဘာသာ

မာဂဓဘာသာသည် ဘာသာတကာတို့၏ ပင်ကိုယ်-မူလ- ပင်ရင်းဖြစ်သောကြောင့် ပကတိဘာသာ။

နောက်ပိုင်းပညာရှင်တို့သည် ပါဠိဘာသာကို မာဂဓီဘာသာလို့လည်း သုံးနှုန်းကြပါသည်။ ပါဠိဘာသာနှင့်ဆက်စပ်၍ အခြားအမည်များလည်း ရှိပါသေးသည်။

ပါဠိ အက္ခရာများ

ပါဠိဘာသာ၌ အသုံးပြုသည့် အက္ခရာအရေအတွက်မှာ (၄၁) လုံး ရှိ၏။ ယင်း အက္ခရာ (၄၁) လုံးကို Vowel သရ (၈) လုံးနှင့် Consonant ဗျည်း (၃၃) လုံး ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။

Vowel သရ (၈) လုံး

သရ (၈) လုံးတို့မှာ “အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ” တို့ ဖြစ်ကြသည်။

ရောမအက္ခရာaāiīuūeo
မြန်မာအက္ခရာအာ
သင်္ကေတ​ေ​ော

ထိုသရ (၈) လုံးတွင် “အ,အာ။ ဣ, ဤ။ ဥ, ဦ” တို့သည် အခြေခံသရများဖြစ်၍ “မူလသရ” ဟု ခေါ်သည်။

ဧ, ဩ” သရတို့ကား ထိုမူလသရများမှ တိုးတက်ဖြစ်ပေါ်လာသော သရများဖြစ်၍ “ဂုဏသရ” ဟု ခေါ်သည်။ ဆိုလိုသည်မှာ ““သရသည် “အ/အာ+ဣ/ဤ”တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာရသော သရဖြစ်သည်။ ““သရသည် “အ/အာ+ဥ/ဦ”တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာသော သရဖြစ်သည်။

မူလသရ (၆) လုံးတွင် “အ၊ ဣ၊ ဥ” တို့သည် အသံတိုသောကြောင့် ရဿသရ (သရတို) မည်၏။ “အာ၊ ဤ၊ ဦ” တို့သည် အသံရှည်သောကြောင့် ဒီဃသရ (သရရှည်) မည်၏။

“အ၊ အာ”သည် အသံတို-ရှည် တစုံ။ “ဣ၊ ဤ”သည် အသံတို-ရှည် တစုံ။ “ဥ၊ ဦ”သည် အသံတို-ရှည် တစုံ။ ဤသို့အားဖြင့် မူလသရ (၆)လုံးမှာ အသံတို-ရှည် ၃-စုံဖြစ်သည်။

မူလသရ

ဂုဏသရ

ဝုဒ္ဓိသရ
(ပါဠိဘာသာတွင် မပါ၊ သက္ကတသုံး သရ၊
ပါဠိရုပ်တွက်ရာတွင် အသုံးဝင်သည်။)
သရ အစုံများရဿသရ (အသံတိုသရ)ဒီဃသရ (အသံရှည်သရ)
အသံတို-ရှည် ပထမ တစုံအာ
အသံတို-ရှည် ဒုတိယ တစုံအဲ
အသံတို-ရှည် တတိယ တစုံ

မှတ်စု။ ပါဠိဘာသာ၌”မူလသရ၊ ဂုဏသရ”ဟူ၍ သရအဆင့် ၂-ဆင့်သာရှိ၏။ သက္ကတဘာသာ၌ကား “အဲ၊ အော် (ဪ)”ဟူ၍ တတိယဆင့် အဖြစ် ဝုဒ္ဓိသရ ထားရှိသည်။ “အဲ”သည် ‘ဧ’၏ ဝုဒ္ဓိသရဖြစ်၍၊ “အော်” (ဪ)သည် ‘ဩ’၏ ဝုဒ္ဓိသရ ဖြစ်သည်။

Consonant ဗျည်း ၃၃-လုံး

ဗျည်းများကို ဝဂ်ဗျည်းနှင့် အ-ဝဂ်ဗျည်းဟူ၍ နှစ်မျိုးခွဲထား၏။ ‘ဝဂ်ဗျည်း’ ဟူသည် အုပ်စုအားဖြင့် စုစည်းထားသော ဗျည်းများသာ ဖြစ်၏။ ‘အ-ဝဂ်ဗျည်း’ ဟူသည် အုပ်စုမှလွတ်သော ဗျည်းများကို ဆိုလိုသည်။ ‘ဝဂ်ဗျည်း’မှာ ၂၅-လုံးရှိ၍ ‘အ-ဝဂ်ဗျည်း’မှာ ၈-လုံးရှိသည်။

ယင်းဗျည်းများမှာ အောက်ပါအတိုင်း ဖြစ်၏။

ဝဂ်ဗျည်း ၂၅ လုံး
အသံဖြစ်ပေါ်ရာ အရပ်များ (ဌာန်)ပထမဒုတိယတတိယစတုတ္ထပဉ္စမဝဂ်
ကဏ္ဍဇ (လည်ချောင်းအရပ်၌ ဖြစ်သောအက္ခရာများ)က(ka)ခ(kha)ဂ(ga)ဃ(gha)င(ṅa)(က-ဝဂ်)
တာလုဇ (အာစောက်အရပ်၌ ဖြစ်သောအက္ခရာများ)စ(ca)ဆ(cha)ဇ(ja)ဈ(jha)ဉ(ña)(စ-ဝဂ်)
မုဒ္ဓဇ (လျှာထိပ်အရပ်၌ ဖြစ်သောအက္ခရာများ)ဋ(ṭa)ဌ(ṭha)ဍ(ḍa)ဎ(ḍha)ဏ(ṇa)(ဋ-ဝဂ်)
ဒန္တဇ (သွားအရပ်အရပ်၌ ဖြစ်သောအက္ခရာများ)တ(ta)ထ(tha)ဒ(da)ဓ(dha)န(na)(တ-ဝဂ်)
ဩဋ္ဌဇ( နှုတ်ခမ်းအရပ်၌ ဖြစ်သောအက္ခရာများ)ပ(pa)ဖ(pha)ဗ(ba)ဘ(bha)မ(ma)(ပ-ဝဂ်)

အုပ်စုဗျည်း ၂၅-လုံး (ထုံးစံရေးထုံး)

ကက-အုပ်စု
စ-အုပ်စု
ဋ-အုပ်စု
တ-အုပ်စု
ပ-အုပ်စု
ဇယား (၁)

အုပ်စုမဲ့ဗျည်း ၈-လုံး – ယ ရ လ ဝ သ ဟ ဠ ံ-

ဇယား (၁) ၌ ဖော်ပြသောဗျည်းတို့မှာ ရေးထုံးအတိုင်း(ထုံးစံအတိုင်း)သာ ဖော်ပြထားခြင်း ဖြစ်သည်၊ အမှန်စင်စစ်ရေးထုံးမှာ အောက်ပါအတိုင်း ဖြစ်၏။

အုပ်စုဗျည်း ၂၅-လုံး (ပါဠိရေးထုံးအစစ်)

က်ခ်ဂ်ဃ်င်က-အုပ်စု
စ်ဆ်ဇ်ဈ်ဉ်စ-အုပ်စု
ဋ်ဌ်ဍ်ဎ်ဏ်ဋ-အုပ်စု
တ်ထ်ဒ်ဓ်န်တ-အုပ်စု
ပ်ဖ်ဗ်ဘ်မ်ပ-အုပ်စု
ဇယား (၂)

အုပ်စုမဲ့ဗျည်း ၈-လုံး – ယ် ရ် လ် ဝ် သ် ဟ် ဠ် ံ-

ံ-သည် အစက်အပြောက်ကလေးမျှသာ ဖြစ်၏၊ မြန်မာလို သေးသေးတင်ဟု ခေါ်၏၊ (နိဂ္ဂဟိတ်၊ ဗိန္ဒုဟုလည်း ခေါ်၏။)

သရသည် မိမိချည်းသက်သက် အသံထွက်နိုင်သောအက္ခရာ ဖြစ်၏။

ရွတ်ဖတ်ရာ၌ သရတိုကို မျက်စိတစ်မှိတ်(သို့) လက်ဖျစ်တတွက် ကြာမျှ၊

သရရှည်ကို သရတိုထက် ၂-ဆ ကြာမျှ ရွတ်ရ၏။

ဗျည်းမှာမူ မိမိချည်းသက်သက် အသံမထွက်နိုင်၊ သရနှင့် ပေါင်းစပ်မှသာ အသံ ထွက်နိုင်သောအက္ခရာ ဖြစ်၏။

.. ဗျည်းနှင့် သရတို့ ပေါင်းစပ်ပုံကို အောက်ပါအတိုင်း မှတ်သားရမည်။

က် + အ = က

က် + အာ = ကာ စသည်၊

နိဂ္ဂဟိတ်ကို သရတို အ, ဣ, ဥ နောက်တွင်သာ ပေါင်းစပ်နိုင်၏၊ သရရှည် အာ, ဤ, ဦ နှင့် ပေါင်းစပ်လျှင် ထို အာ, ဤ, ဦ တို့သည် မိမိဆိုင်ရာ သရတို အ, ဣ, ဥ သို့ ပြောင်း၏။

သရ ၂-လုံး ပေါင်းစပ်ပုံ
ဌာန်တူသော သရ ၂-လုံး ပေါင်းလျှင်ဌာန်မတူသော သရ ၂-လုံး ပေါင်းလျှင်
အ + အာ = အာ
ဣ + ဤ = ဤ
ဥ + ဦ = ဦ
သို့ ပြောင်းလဲ၏၊
အ + ဣ /ဤ = ဧ
အ + ဥ /ဦ = ဩ
သို့ပြောင်းလဲ၏။

ဝိဘတ်

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် (အင်္ဂလိပ်adposition) ဟုခေါ်သည်။

ဝိဘတ် (adposition) တို့သည် –

  • အင်္ဂလိပ်စကား၊ ထိုင်းစကား စသည့် ဘာသာစကားတို့တွင် များသောအားဖြင့် မိမိကိုင်တွယ်မည့် စကားလုံး၏ အရှေ့တွင် ပါရှိရ၍ အရှေ့ဆက်ဝိဘတ်များ (prepositions) ဖြစ်သည်။ သာဓကအားဖြင့် – “အိမ်ထဲမှာ” ဟူသော ပုဒ်ရရှိရန် အင်္ဂလိပ်စကား၌ “in (ထဲမှာ) the house (အိမ်)” ဟု ရေးရသည်၊ “the house (အိမ်) in (ထဲမှာ)” ဟူသော အစီအစဉ် မဟုတ်ပေ။
  • ဂျပန်စကား၊ မြန်မာစကား စသည့် ဘာသာစကားတို့တွင်မူ များသောအားဖြင့် မိမိကိုယ်တွယ်ရမည့် စကားလုံး၏ အနောက်တွင် ပါရှိရ၍ အနောက်ဆက်ဝိဘတ်များ (postpositions) ဖြစ်သည်။

မြန်မာစကား၏ ဝိဘတ်များ

မြန်မာစကားတွင် ဝိဘတ်များမှာ အနောက်ဆက်ဝိဘတ်များ (postpositons) ဖြစ်သည်။ ၎င်း မြန်မာဝိဘတ်များကို အကြမ်းဖျင်း ၂အုပ်စု အလျင်ခွဲနိုင်သည်။

တို့ဖြစ်သည်။

ဝီကီပီးဒီးယား မြန်မာသဒ္ဒါ ကဏ္ဍကို လည်းကြည့်ပါ။

မြန်မာ နာမ်ဝိဘတ် (၁၇) မျိုး

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို နာမ်ဝိဘတ် ဟုခေါ်သည်။ နာမ်ဝိဘတ်ကို အနက်အဓိပ္ပာယ်အရ (၁၇) မျိုး ခွဲထားသည်။ ၎င်းတို့မှာ – 

  1. ကတ္တားဝိဘတ် − သည်၊ က၊ မှာ
  2. ကံဝိဘတ် − ကို
  3. ထွက်ခွာရာပြ ဝိဘတ် − မှ၊ က
  4. ရှေးရှုရာပြ ဝိဘတ် − သို့
  5. ဆိုက်ရောက်ရာပြ ဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်
  6. အသုံးခံပြ ဝိဘတ် − ဖြင့်၊ နှင့်
  7. အကြောင်းပြ ဝိဘတ် − ကြောင့်၊ ဖြင့်
  8. လက်ခံပြ ဝိဘတ် − အား
  9. နေရာပြ ဝိဘတ် – ၌၊ မှာ၊ တွင်၊ ဝယ်၊ က
  10. အချိန်ပြ ဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က
  11. ပိုင်ဆိုင်ခြင်းပြ ဝိဘတ် −
  12. လိုက်လျောပြ ဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ
  13. ယှဉ်တွဲပြ ဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ
  14. ခွဲထုတ်ရာပြ ဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ
  15. ရည်စူးချက်ပြ ဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်
  16. နေရာဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်
  17. အချိန်ဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး

က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
မှ =  ထွက်ခွါရာပြဝိဘတ်

ယနေ့ခေတ်တွင် မြန်မာဝိဘတ်အသုံးအနှုန်း ပြောင်းလဲမှုများ

ဝိဘတ်နှင့်ပက်သက်၍ မှတ်သားဖွယ်ရာများကို မြန်မာစာအဖွဲ့၏ မြန်မာသဒ္ဒါကျမ်းထဲမှ ကောက်နုတ်တင်ပြလိုက်ရပါသည်။

မြန်မာစကား၌အတိတ်ကာလပြကြိယာဝိဘတ်၊ ပစ္စုပ္ပန်ကာလပြကြိယာဝိဘတ်ဟူ၍ သီးခြားသတ်မှတ်သုံးနှုန်းခြင်း မရှိပါ။ ဝါကျအနေအထားအလိုက်သာလျှင် ခွဲခြားနိုင်ခြင်း ဖြစ်ပါသည်။ ဥပမာ- မောင်သံချောင်းသည် ရန်ကုန်မြို့၍ နေသည်၊ မောင်သံချောင်းသည် လွန်ခဲ့သော ငါးနှစ်က ရန်ကုန်မြို့၌ နေသည် ။ ” သည် ” ဟုသာ သုံးစွဲပြီး ” ခဲ့သည် ” ဟု သုံးရန်မလိုဟု ဆိုလိုခြင်းဖြစ်သည်။

လက်ခံသူဖြစ်ကြောင်းကိုပြသော ဝိဘတ်သည် လက်ခံပြဝိဘတ်ဖြစ်သည်။ လက်ခံပြဝိဘတ်မှာ “အား ” ဖြစ်သည်။” နှင့် ” ကိုအသုံးခံပြဝိဘတ်အဖြစ်အသုံးပြုသောအခါ ကြိယာ၏ရှေ့၌ ထားရသည်။ ဥပမာ- ” ဒေါ်ကြည်ခင်သည် ချိန်ခွင်နှင့် လက်ဖက်ခြောက်ကို ချိန်ကို ချိန်သည် ” ဟု ရေးလျှင် လက်ဖက်ခြောက်ကိုသာမက ချိန်ခွင်ကိုလည်း ချိန်သည်ဟုအဓိပ္ပါယ်ပေါက်စေသည်။ ထို့ကြောင့် ” ဒေါ်ကြည်ခင်သည် လက်ဖက်ခြောက်ကို ချိန်ခွင်နှင့် ချိန်သည် ” ဟု ရေးရမည်။

လွဲကြ၊ မှားကြ၊ “က”နှင့်  “မှ”။ လွဲလွဲမှားမှား  ကို နှင့် အား”

ကြိယာ

ကြိယာသည် လုပ်ခြင်းဖြစ်ခြင်းတည်ရှိခြင်း တစ်ခုခုကို ဖော်ပြသော စကားလုံးဖြစ်၏။ ကြိယာသည် ဝါကျတွင် နာမ်ကဲ့သို့ အရေးကြီး၍ ကြိယာမပါဘဲ ဝါကျ မဖြစ်နိုင်။ ကြိယာသည် ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။

ဥပမာ။ ။ ‘သူ’ ‘နေ့စဉ်’ ‘ထမင်း’ ဟူသော စကား သုံးလုံးမှာ အဓိပ္ပာယ် မပြည့်စုံချေ။
‘သူနေ့စဉ် ထမင်းစားသည်’ ဟူ၍ ‘စားသည်’ဟူသော ကြိယာပုဒ်ကို ထည့်သွင်းမှသာ အဓိပ္ပာယ်ပြည့်စုံလေသည်။

အချို့ကြိယာသည် လုပ်ခြင်းကိုပြ၍၊ အချို့ကား ဖြစ်ခြင်း၊ အချို့ကား တည်ရှိခြင်းကို ပြသည်။

ဥပမာ။ ။ ‘ဓားပြသည် လူကို သတ်သည်’ ‘မောင်ဘ သေပြီ’ ‘ခွေး တစ်ကောင်ရှိ၏’
ဤဝါကျသုံးခုတွင် ပထမဝါကျ၌ ‘သတ်သည်’ ဟူသော ကြိယာသည် လုပ်ခြင်းကိုပြ၍ ဒုတိယဝါကျ၌ ‘သေပြီ’၊ တတိယ ဝါကျ၌ ‘ရှိ၏’ဟူသော ကြိယာတို့သည် ဖြစ်ခြင်းတည်ရှိခြင်းကို ပြသည်။

ကြိယာတို့ကို ကံပါကြိယာကံမပါကြိယာ ဟူ၍ ခွဲခြားနိုင်သည်။ ‘သူသည် မြင်းကိုစီးသည်’ဟူသော ဝါကျ၌ ‘စီးသည်’ဟူသော ကြိယာပုဒ်သည် ကြိယာလုပ်ရာ ခံရသည့် ‘မြင်းကို’ဟူသော ကံပုဒ်မပါဘဲ အဓိပ္ပာယ် မပြည့်စုံချေ။ ‘သူအိပ်သည်’ဟူသော ဝါကျတွင်ကား ‘အိပ်သည်’ဟူသော ကြိယာပုဒ်နှင့် အဓိပ္ပာယ် ပြည့်စုံ၍၊ ကြိယာလုပ်ရာခံရသည့် ကံပုဒ်ကို ဆောင်ရန်မလိုချေ။

ကြိယာများကို အကူအညီပေးသည့် ပစ္စည်းများလည်း ရှိကြသေးသည်။ ယင်းတို့ကို ကြိယာနှင့် တွဲသုံးလျှင် အချိန်၊ အခြေအနေ စသည်တို့ကို ထင်ရှားစွာပြသည်။

ဥပမာ။ ။ ‘ပြေးလိမ့်မည်’ဟု ဆိုရာ၌ ‘ပြေး’သည် ကြိယာဖြစ်၍၊ ‘လိမ့်မည်’မှာ ထိုကြိယာကို ကူညီသော ပစ္စည်း ဖြစ်၏။ အချိန်ကာလကို ပြ၏။ ‘ပြေးလိမ့်မည်’၌ ဖြစ်လတ္တံ့ကာလ သဘောပါ၏။ ယခု မပြေးသေး၊ နောင်အခါ၌ ပြေးလိမ့်မည်ဟူသော အဓိပ္ပာယ်သည် ထင်ရှား၏။

ကြိယာတစ်ခုတွင် ဆိုင်ရာပစ္စည်း တွဲလျှင်၊ ထိုကြိယာပြသော ကာလသည် ပြောင်းလဲသွားသည်။

ဥပမာ။ ။
‘သွားသည်’ဟူသော ကြိယာမှာ ‘ယခုသွား သည်’ဟူသောအနက်ရှိ၍ ဖြစ်ဆဲကာလကို ညွှန်ပြသည်။
‘သွားခဲ့သည်’ဟူသောကြိယာမှာ ပြီးစီးကြောင်း အနက်ရှိ၍၊ ဖြစ်ပြီးကာလကို ညွှန်ပြသည်။
‘သွားလိမ့်မည်’မှာ ‘မပြီး မြောက်သေးကြောင်း အနက်ရှိ၍၊ ဖြစ်လတ္တံ့ကာလကို ညွှန်ပြသည်။

ကြိယာဖြင့် အမိန့်ပေးခြင်း၊ တောင်းပန်ခြင်း၊ ဆုတောင်းခြင်း စသည့်အနက်တို့ကို ပေါ်လွင်စေလိုသော အခါယင်းတွင် ဆိုင်ရာပစ္စည်း ထည့်ပေးရသည်။

ဥပမာ။ ။
ကျွန်ုပ်ကို အစာပေး’ပါ’။ စား’ပါရစေ’။ ဘုရင်မင်းမြတ် သက်တော်ရှည် ‘ပါစေ’ဟူသော ပစ္စည်းများကြောင့် အနက်အမျိုးမျိုး ထွက်ရှိလာကြသည်။ တောင်းဆိုသည့်အခါ ညင်သာပျော့ပျောင်းသော စကားလုံးများကို သုံးကြ၏။

‘ယခုချက်ချင်း ထွက်သွားလိုက်’၊’လက်မြှောက်လိုက်’ဟူသော ဝါကျများ၌၊ အာဏာသံပါသော ညွှန်ကြားနည်းကို သုံးထား၏။

ယင်းကဲ့သို့ ‘စားသည်’၊ ‘သွားလိုက်’ စသည်ဖြင့် လိုရာအနက် ပေါ်လွင်အောင် အမျိုးမျိုးခွဲ၍ သုံးစွဲနိုင်လေသည်။ ‘ခွေးသည် ကလေးကို ကိုက်သည်‘ဟူသော လုပ်ခြင်း သဘောပြသည့် ဝါကျကို ခံရခြင်းသဘောပြသည့် ဝါကျဖြစ်စေလိုလျှင်၊ ကတ္တားကို ကံနေရာ၌ထား၍၊ ကံကို ကတ္တား နေရာ၌ထားကာ ‘ကလေးခွေးကိုက်ခံရသည်‘ (ကလေးသည် ခွေး၏ ကိုက်ခြင်းကို ခံရသည်)ဟူ၍ ဆိုနိုင်သည်။

နာမ်သဘောသက်ရောက်သော ကြိယာများကို နာမ်ကဲ့သို့ ကတ္တား ကံနေရာ၌ သုံးစွဲကြသေးသည်။

ဥပမာ။ ။
‘စောစောအိပ်ရာထခြင်းသည် ကျန်းမာစေ သည်’ဟု ဆိုရာ၌ ‘ခြင်း’ဟူသော ပစ္စည်းကို (ထ) ကြိယာ နောက်၌ ထည့်ခြင်းဖြင့် (ထ) ကြိယာသည် (ထခြင်း)နာမ် ဖြစ်လာသည်။

ကြိယာစကားလုံးများကို တစ်ခါတစ်ရံ နာမဝိသေသနအဖြစ်နှင့်လည်း သုံးနိုင်သည်။

ဥပမာ။ ။
ဤမိန်းမပျိုလှသည် (ကြိယာ)
‘လှသော မိန်းမပျို’ (နာမဝိသေသန)။

ကြိယာများကိုသုံးရာတွင် အချိန်ကာလအလိုက် ရှေ့နောက်ညီရန် အရေးကြီးသည်။

ဥပမာ။ ။
‘လုပ်ခဲ့သည်’ဟူသော ဖြစ်ပြီးကာလကို နက်ဖြန်နှင့်တွဲ၍၊ ‘နက်ဖြန်လုပ်ခဲ့သည်’ဟု ဆိုလျှင် မှားသည်။
‘နက်ဖြန်လုပ်ခဲ့ပါ’၊ သို့မဟုတ် ‘နက်ဖြန်လုပ်ခဲ့မည်’ဟု ဆိုမှသာ မှန်မည်။

ထို့အပြင် ကြိယာသည် ကတ္တားနှင့် ကိန်းချင်းတူရန် သတိပြုအပ်သည်။ ကတ္တားက တစ်ခုပြကိန်းဖြစ်လျှင်၊ ကြိယာသည် လည်း တစ်ခုပြကိန်း ဖြစ်သင့်သည်။ ကတ္တားက အများပြကိန်း ဖြစ်လျှင်၊ ကြိယာသည်လည်း အများပြကိန်းပင် ဖြစ်သင့်သည်။

ဥပမာ။ ။
ကျွန်ုပ်လမ်းလျှောက်သွားသည်။ (တစ်ခုပြ)
ကျွန်ုပ်တို့ လမ်းလျှောက်သွားကြသည်။ (အများပြ)

ဘာသာဗေဒရှုထောင့်မှ တွေ့ ရသော ကြိယာ၏သဘောကိုလည်း-

ကာလ အရသော် လည်းကောင်း၊ အချိန်ညွှန်းဆိုမှု အရသော်လည်းကောင်း၊ အလေးပေးမှု အရသော် လည်းကောင်း၊ ပုဂ္ဂိုလ်နှင့်ကိန်း အရသော် လည်းကောင်း ကြိယာတို့သည် ယင်းတို့၏ ပုံစံကို ပြောင်းလဲမှုပြုနိုင်သည်။

ဟူ၍ ဖော်ပြထားခဲ့ပါသည်။

သို့သော် ဤလက္ခဏာအားလုံး ဘာသာစကားတိုင်းတွင် ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘာသာစကားအများအပြားတွင် ကာလနှင့် အလေးပေးမှု စသော သဒ္ဒါစကားလုံးအမျိုးမျိုးကို ဖော်ဆောင်နိုင်ရန် ကြိယာတို့၏ ပုံစံကို ပြောင်းလဲတတ်ပေသည်။ အချို့သော ဘာသာစကားများတွင် ယင်းသို့ ဖော်ပြ နိုင်ရန်အတွက် ထပ်ဖြည့်ကြိယာ” (အကူကြိယာ)ကို မဖြစ်မနေ အသုံးပြုရန် လိုအပ် ပါသည်။

ကြိယာထောက်ပစ္စည်း

ကြိယာထောက်ပစ္စည်း၏ သဘောကိုလည်း-

“ကြိယာ၏ အနက်ဓိပ္ပာယ်ကို . ထူးခြားလေးနက်အောင် ကူညီ ထောက်ပံ့ပေးသည့် ပစ္စည်းကို ကြိယာထောက်ပစ္စည်းဟု ခေါ်သည်”

ဟူ၍ လည်းကောင်း၊

“အချို့သော ကြိယာကို ကြိယာထောက်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်”

ဟူ၍ လည်းကောင်း ဖော်ပြထားပါသည်။

ကြိယာပုဒ် ဖွင့်ဆိုချက်

ဝါကျတည်ဆောက်မှုအစီအစဉ်တွင် ဘာသာစကား၏ သဒ္ဒါစည်းကမ်းများအရ စကားလုံးများကို ပေါင်းစပ်ပြီး ပုဒ်များအဖြစ် ဖွဲ့စည်းထားလေ့ ရှိသည်။ ပုဒ်တိုင်းတွင် ပုဒ်၏ ကျန်အစိတ်အပိုင်းများ ဝန်းရံထားသည့် စကားလုံးအစိတ်အပိုင်းတစ်ခု ပါဝင် နေတတ်သည်။ ယင်းအစိတ်အပိုင်းကို ပုဒ်၏ ဦးဆောင်စကားလုံး ဟု ခေါ်ပါသည်။ ယင်းမှတစ်ဆင့် သဒ္ဒါဆိုင်ရာ ကိစ္စအမျိုးမျိုးကို သတ်မှတ်နိုင်သည်။

ကြိယာပုဒ်ဆိုသည်မှာ ကြိယာဦးဆောင်သည့် ပုဒ်ပင် ဖြစ်သည်။ သို့သော် ကြိယာပုဒ်တစ်ခုတွင် ပါဝင်သည့် အစိတ်အပိုင်းများနှင့် အမျိုးအစားများ ကွဲပြားမှ
ရှိနိုင်ပါသည်။ မြန်မာဘာသာစကားတွင် ကြိယာစကားလုံးအတွင်း ဝါစင်္ဂတစ်မျိုး ထက်မက ပေါင်းစပ်ပါဝင်နိုင်သကဲ့သို့ ကြိယာပုဒ်တစ်ခုအတွင်း၌လည်း ကြိယာထောက်ကြိယာဝိဘတ်အမျိုးမျိုး ပေါင်းစပ်ပါဝင်နိုင်ပေသည်။ မြန်မာဘာသာ အမျိုးမျိုး စကား၏ ကြိယာပုဒ်ဖွဲ့ပုံကို ပုံသေနည်းဖြင့်ပြရလျှင်-

v → adv+V+aux

ဟူ၍ ပြရပါမည်။ v (verb word) ကြိယာပုဒ်တွင် ကြိယာအထူးပြု adv (adverb) ပါသည်။ ယင်းနောက်က ကြိယာ V (verb) ပါသည်။ ကြိယာနောက်က aux ပါသည်ဟု ဆိုလိုပါသည်။

မြန်မာဘာသာစကား၏ ကြိယာပုဒ်ဖွဲ့စည်းပုံတွင် ဦးဆောင်ကြိယာစကားလုံး အပြင် ကြိယာထောက်အမျိုးမျိုးကို အနက်အဓိပ္ပာယ် လိုအပ်ချက်အရ တွဲဖက်အသုံးပြု တတ်ပေသည်။ ဦးဆောင်ကြိယာကို ထောက်ပံ့ပေးသည့် ကြိယာထောက်များသည် ဦးဆောင်ကြိယာ၏ နောက်တွင်ပင် အမြဲနေလေ့ရှိသည်။ ထို့ပြင် ဦးဆောင်ကြိယာနောက်တွင် ကြိယာထောက် တစ်မျိုးထက်မက ရှိနိုင်သကဲ့သို့ အနက်အဓိပ္ပာယ်အရ ကြိယာထောက်တို့၏ နေရာကန့်သတ်မှု ရှိနေသည်ကိုလည်း တွေ့ရပေသည်။

ယင်းကြိယာထောက်များသည် မူလကြိယာ၏ အနက်တာဝန်ကို အပြည့်အဝထမ်းဆောင်ရင်း ဦးဆောင်ကြိယာ၏ အနက်အဓိပ္ပာယ်ကို ပိုမိုလေးနက်လာ
စေရန်လည်းကောင်း၊ ဝါကျ၏ ဆိုလိုရင်းအနက်ကို ပိုမိုထင်ရှားလာစေရန်လည်းကောင်း ပြုလုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

သာဓကအားဖြင့် မြန်မာဘာသာစကားတွင်-

“ကောင်း၊ ကြည့်၊ ချ၊ ခိုင်း၊ စေ၊ တတ်၊ ထိုက်၊ ပြ၊ ရဲ၊ ဝံ့၊ သင့်”

တို့သည် ကြိယာအနက် အပြည့်အဝ ရှိနေသည့် စကားလုံးများပင် ဖြစ်သည်။

ယင်းတို့ကို ဝါကျတွင် ဦးဆောင်ကြိယာ၏နောက်မှ ကြိယာထောက်အဖြစ် အသုံးပြု သည့်အခါ-

ကောင်း(ကြိ/ ထောက်)

ဤသစ်သီးစားကောင်းသည်။

‘ကောင်း’ ကြိယာထောက်သည် ကောင်းသည်၊ ကောင်းမွန်သည် ဟူသော ကြိယာအနက်ဖြင့် ဦးဆောင်ကြိယာ ‘စား’၏ အနက်ကို လေးနက် စေရုံမျှမက ဝါကျတစ်ခုလုံး၏ ဆိုလိုရင်းဖြစ်သော သစ်သီးစားရန် သင့်တင့်ကောင်းမွန်သည် ဟူသော အနက်ကိုလည်း ထင်ရှားလာစေသည်။

ရဲ(ကြိ/ ထောက်)

သင်္ချိုင်းကုန်းသို့ တစ်ယောက်တည်း သွားရဲသည်။

ရဲ’ ကြိယာထောက်သည်။ ရဲသည်၊ ရဲရင့်သည် ဟူသော ကြိယာအနက်ဖြင့် ဦးဆောင်ကြိယာ “သွား”၏အနက်ကို လေးနက်စေရုံမျှမက ဝါကျ တစ်ခုလုံး၏ ဆိုလိုရင်းဖြစ်သော သင်္ချိုင်းကုန်းသို့တစ်ယောက်တည်း သွားရဲသည် ဟူသောအနက်ကို ထင်ရှားလာစေသည်။

သင့်(ကြိ/ထောက်)

ကျောင်းသားများသည် နေ့စဉ် စာကျက်သင့်သည်။

‘သင့်” ကြိယာထောက်သည် သင့်သည်၊ သင့်တော်သည် ဟူသော ကြိယာအနက်ဖြင့် ဦးဆောင်ကြိယာ စာကျက်” ၏ အနက်ကို လေးနက် စေရုံမျှမက ဝါကျတစ်ခုလုံး၏ ဆိုလိုရင်း ဖြစ်သော ကျောင်းသားများ စာကျက်ခြင်း ပြုသင့်သည် ဟူသော အနက်ကို ထင်ရှားလာ စေသည်။

မြန်မာဘာသာစကားရှိ ကြိယာပုဒ်ဖွဲ့ ပုံတွင် တွေ့ ရသော ကြိယာထောက်၏အခန်းကဏ္ဍ ကို လည်းကြည့်ပါ။

မြန်မာ ကြိယာဝိဘတ် အမျိုးမျိုး

ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ကြိယာဝိဘတ် ဟု ခေါ်သည်။[၁] ကြိယာ၏ အမျိုးအစားကို ဖော်ပြသော ဝိဘတ်ကို အမျိုးအစားပြကြိယာဝိဘတ် ဟုခေါ်သည်။ အမျိုးအစားပြကြိယာဝိဘတ်ကို (၄) မျိုးခွဲသည်။ ၎င်းတို့မှာ –

  • စေခိုင်းဝိဘတ်။ ။ စေခိုင်းခြင်းကို ပြသည့် ကြိယာဝိဘတ်ကို စေခိုင်းဝိဘတ်ဟု ခေါ်သည်။
    • ဥပမာ − လော့၊ (စမ်း)
  • ညှိနှိုင်းဝိဘတ်။ ။ ဆောင်ရွက်သူ အချင်းချင်း ညှိနှိုင်းခြင်းကို ပြသည့် ကြိယာဝိဘတ်ကို ညှိနှိုင်းဝိဘတ်ဟု ခေါ်သည်။
    • ဥပမာ − စို့၊ ရအောင်
  • ဆန္ဒညွှန်ဝိဘတ်။ ။ ခွင့်တောင်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ကျိန်ဆဲခြင်း စသော အလိုဆန္ဒတို့ကို ဖော်ပြသည့် ကြိယာဝိဘတ်ကို ဆန္ဒညွှန်ဝိဘတ်ဟု ခေါ်သည်။
    • ဥပမာ − ပါစေ၊ ပါရစေ
  • အမိန့်ချဝိဘတ်။ ။ အမိန့်ပေးခြင်းကို ဖော်ပြသည့် ဝိဘတ်ကို အမိန့်ချဝိဘတ်ဟု ခေါ်သည်။
    • ဥပမာ − စေ

ပါဠိ နာမ်ဝိဘတ်များ

ကျက်မှတ်ရန်

နာမ်ဝိဘတ်များ။ သိ ယော၊ အံ ယော၊ နာ ဟိ၊ သ နံ၊ သ္မာ ဟိ၊ သ နံ၊ သ္မိံ သု။

ဝိဘတ်​
ဧကဝုစ်
Singular
ဗဟုဝုစ်
Plural
ပုံစံ – ဧကဝုစ် (အနည်းကိန်း)
ပုံစံ – ဗဟုဝုစ် (အများကိန်း)
ပထမာ (ကတ္တာ) (Nominative)
(ကတ္တားဝိဘက်)
(ပြုသူပြဝိဘက်)
ပြုလုပ်သူ ပြသောစကားလုံး
[သည် ကား က ကို]
သိယောပုရိသော
(ယောကျ်ားသည်)

လောကော
(လောကသည်)
ပုရိသာ
(ယောကျ်ားတို့သည်)

လောကာ
(လောကတို့သည်)
အာလာပန (Vocative)
(အာလုပ်ဝိဘတ်)
ခေါ်ဆိုခြင်း ပြသောစကားလုံး​
[အို]
သိယောဘောပုရိသ ဘောပုရိသာ
(အို ယောကျ်ား)

ဘောလောက ဘောလောကာ
(အို လောက)
ဘောန္တော ပုရိသာ
(အို ယောကျ်ားတို့)

ဘောန္တော လောကာ
(အို လောကတို့)
ဒုတိယာ (ကမ္မ) (Accusative)
(ကံဝိဘတ်)
(ပြုလုပ်ခြင်းခံပြဝိဘက်)
တိုက်ရိုက် ပြုလုပ်ခံရသူ ပြသောစကားလုံး
[ကို သို့]
အံယောပုရိသံ
(ယောကျ်ားကို/ယောကျ်ားသို့)

လောကံ
(လောကကို/လောကသို့)
ပုရိသေ
(ယောကျ်ားတို့ကို/ယောကျ်ားတို့သို့)

လောကေ
(လောကတို့ကို/လောကတို့သိုံ)
တတိယာ (ကာရဏ) ​(Instrumental)
(ကရိုဏ်း)
(အသုံးခံပြဝိဘတ်)
(ယှဉ်တွဲပြဝိဘတ်)
(အကြောင်းပြဝိဘတ်)
အသုံးခံ ပြသောစကားလုံး
[ဖြင့် သည် နှင့် ကြောင့်]
နာဟိပုရိသေန
(ယောကျ်ားဖြင့်/ယောကျ်ားနှင့်)

လောကေန
(လောကဖြင့်/လောကနှင့်)
ပုရိသေဟိ ပုရသေဘိ
(ယောကျ်ားတို့ဖြင့်/ယောကျ်ားတို့နှင့်)

လောကေဟိ လောကေဘိ
(လောကတို့ဖြင့်/လောကတို့နှင့်)
စတုတ္ထီ (သမ္ပဒါန) (Dative)
(သမ္ပဒါန်)
(လက်ခံပြဝိဘတ်)
(ရည်စူးချက်ပြဝိဘတ်)
တိုက်ရိုက်မဟုတ် ပြုလုပ်ခံရသူ၊
လက်ခံသူ ပြသောစကားလုံး
[အား ငှါ အတွက်]
နံပုရိသဿ
(ယောကျ်ားအား/ယောကျ်ားအတွက်)

လောကဿ လောကာယ
(လောကအား/လောကအတွက်)
ပုရိသာနံ
(ယောကျ်ားတို့အား/ယောကျ်ားတို့အတွက်)

လောကာနံ
(လောကအား/လောကအတွက်)
ပဉ္စမီ (အပါဒါန) (Ablative)
(အပါဒါန်)
(ထွက်ခွာရာပြဝိဘတ်)
(ခွဲထုတ်ရာပြဝိဘတ်)
ထွက်ခွာရာ၊ ဖဲခွာရာကို ပြသောစကားလုံး
[မှ ကြောင့် အောက် ထက်]
သ္မာဟိပုရိသသ္မာ ပုရိသမှာ ပုရိသာ
(ယောကျ်ားမှ)

လောကသ္မာ လောကမှာ လောကာ
(လောကမှ)
ပုရိသေဟိ ပုရိသေဘိ
(ယောကျ်ားတို့မှ)

လောကေဟိ လောကေဘိ
(လောကတို့မှ)
ဆဋ္ဌီ (သာမိ) (Genitive)
(ပိုင်ဆိုင်ခြင်းပြဝိဘတ်)
ပိုင်ဆိုင်ခြင်း ပြသောစကားလုံး
[၏ တွင် သည် ကို]
နံပုရိသဿ
(ယောကျ်ား၏)

လောကဿ
(လောက၏)
ပုရိသာနံ
(ယောကျ်ားတို့၏)

လောကာနံ
(လောကတို့၏)
သတ္တမီ (သြကာသ) (Locative)
(နေရာပြဝိဘတ်)
(အချိန်ပြဝိဘတ်)
တည်နေရာ ပြသောစကားလုံး
[၌ တွင် ကြောင့်]
သ္မိံသုပုရိသသ္မိံ ပုရိသမှိ ပုရိသေ
(ယောကျ်ား၌)

လောကသ္မိံ လောကမှိ လောကေ
(လောက၌)
ပုရိသေသု
(ယောကျ်ားတို့၌)

လောကေသု
(လောကတို့၌)

References