ပါဠိ သဒ္ဒါ အခြေခံ

အသုံးအနှုန်းများ (Terms)

စကားလုံးအဓိပ္ပါယ်
သရအဆုတ်မှတက်လာသော လေသည်ခံတွင်းရှိစကားသံဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု၏ပိတ်ဆို့တားဆီးခြင်း မခံရဘဲဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ်ဖြစ်လာသော အက္ခရာများ အသံ (Vowel)
အတိုးအကျယ်၊ အသံတိုရှည် စသည့် အရည်အသွေးအရ သရများမှာ ကွဲပြားနိုင်သည်။
ဗျည်းသရနှင့်မှီတွဲဖက်မှသာ အသံထွက်နိုင်သော အက္ခရာများ။ (Consonant)
ရဿအသံတို။ (Short (vowel) sound)
ဒီဃအသံရှည်။ (Long (vowel) sound)
သမ္ဗန္ဓစကားဆက်။ (Conjunction)
ဌာန်အက္ခရာတို့၏ ဖြစ်ရာအရပ်။
ကရိုဏ်း အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်း။
ပယတ်အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှု။
ဝိဘတ်နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် (အင်္ဂလိပ်: adposition) ဟုခေါ်သည်။
ကတ္တားပြုသူ၊ ဖြစ်သူ၊ ရှိသူကိုပြသောပုဒ်။ (Subject)
ကံပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကိုပြသောပုဒ်။ (Object)
ကြိယာကြိယာသည် ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။ (Verb)
ကြိယာတို့ကို ကံပါကြိယာ၊ ကံမပါကြိယာ ဟူ၍ ခွဲခြားနိုင်သည်

ပါဠိဘာသာ

ပါဠိဘာသာကို ၎င်းပျံ့နှံ့ရောက်ရှိရာဒေသရှိ အက္ခရာများဖြင့် အသုံးပြုရေးသားနိုင်သည်။ မြန်မာနိုင်ငံတွင် မြန်မာအက္ခရာဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းအက္ခရာဖြင့်လည်းကောင်း၊ သီရိလင်္ကာတွင် သီဟိုဠ်အက္ခရာဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားတွင် ခမာအက္ခရာဖြင့်လည်းကောင်း၊ အိန္ဒိယတွင် ဒေဝနာဂရီအက္ခရာဖြင့်လည်းကောင်း စသဖြင့် အက္ခရာဖလှယ်ရေးသားကြသည်။ ထိုနည်းတူ လန်ဒန် ပါဠိစာမူတော်အသင်း (London Pali Text Society) က ​ရောမအက္ခရာ (Roman script) ဖြင့် ဖလှယ်ရေးသားသည်။ ထို ​ရောမအက္ခရာဖြင့် ဖလှယ်နည်းကို ယခုအခါ နိုင်ငံတကာအသုံးအဖြစ် သတ်မှတ်အသုံးပြုကြသည်။ ထို ရောမအက္ခရာဖြင့် ရေးသားထားသည့် ပါဠိအမည်များကို မြန်မာဘာသာသို့ ဖလှယ်ရာတွင် အသံဖလှယ်နည်းထက် အက္ခရပရိဝတ္တနဟူသည့် အက္ခရာဖလှယ်နည်းကို အသုံးပြုရသည်။

ပါဠိ အက္ခရာများ

ပါဠိဘာသာ၌ အသုံးပြုသည့် အက္ခရာအရေအတွက်မှာ (၄၁) လုံး ရှိ၏။ ယင်း အက္ခရာ (၄၁) လုံးကို သရ (၈) လုံးနှင့် ဗျည်း (၃၃) လုံး ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။

သရ (၈) လုံး

သရ (၈) လုံးတို့မှာ “အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ” တို့ ဖြစ်ကြသည်။

ရောမအက္ခရာaāiīuūeo
မြန်မာအက္ခရာအာ
သင်္ကေတ​ေ​ော

ထိုသရ (၈) လုံးတွင် “အ,အာ။ ဣ, ဤ။ ဥ, ဦ” တို့သည် အခြေခံသရများဖြစ်၍ “မူလသရ” ဟု ခေါ်သည်။

ဧ, ဩ” သရတို့ကား ထိုမူလသရများမှ တိုးတက်ဖြစ်ပေါ်လာသော သရများဖြစ်၍ “ဂုဏသရ” ဟု ခေါ်သည်။ ဆိုလိုသည်မှာ ““သရသည် “အ/အာ+ဣ/ဤ”တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာရသော သရဖြစ်သည်။ ““သရသည် “အ/အာ+ဥ/ဦ”တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာသော သရဖြစ်သည်။

မူလသရ (၆) လုံးတွင် “အ၊ ဣ၊ ဥ” တို့သည် အသံတိုသောကြောင့် ရဿသရ (သရတို) မည်၏။ “အာ၊ ဤ၊ ဦ” တို့သည် အသံရှည်သောကြောင့် ဒီဃသရ (သရရှည်) မည်၏။

“အ၊ အာ”သည် အသံတို-ရှည် တစုံ။ “ဣ၊ ဤ”သည် အသံတို-ရှည် တစုံ။ “ဥ၊ ဦ”သည် အသံတို-ရှည် တစုံ။ ဤသို့အားဖြင့် မူလသရ (၆)လုံးမှာ အသံတို-ရှည် ၃-စုံဖြစ်သည်။

မူလသရ

ဂုဏသရ

ဝုဒ္ဓိသရ
(ပါဠိဘာသာတွင် မပါ၊ သက္ကတသုံး သရ၊
ပါဠိရုပ်တွက်ရာတွင် အသုံးဝင်သည်။)
သရ အစုံများရဿသရ (အသံတိုသရ)ဒီဃသရ (အသံရှည်သရ)
အသံတို-ရှည် ပထမ တစုံအာ
အသံတို-ရှည် ဒုတိယ တစုံအဲ
အသံတို-ရှည် တတိယ တစုံ

မှတ်စု။ ပါဠိဘာသာ၌”မူလသရ၊ ဂုဏသရ”ဟူ၍ သရအဆင့် ၂-ဆင့်သာရှိ၏။ သက္ကတဘာသာ၌ကား “အဲ၊ အော် (ဪ)”ဟူ၍ တတိယဆင့် အဖြစ် ဝုဒ္ဓိသရ ထားရှိသည်။ “အဲ”သည် ‘ဧ’၏ ဝုဒ္ဓိသရဖြစ်၍၊ “အော်” (ဪ)သည် ‘ဩ’၏ ဝုဒ္ဓိသရ ဖြစ်သည်။

ဗျည်း ၃၃-လုံး

ဗျည်းများကို ဝဂ်ဗျည်းနှင့် အ-ဝဂ်ဗျည်းဟူ၍ နှစ်မျိုးခွဲထား၏။ ‘ဝဂ်ဗျည်း’ ဟူသည် အုပ်စုအားဖြင့် စုစည်းထားသော ဗျည်းများသာ ဖြစ်၏။ ‘အ-ဝဂ်ဗျည်း’ ဟူသည် အုပ်စုမှလွတ်သော ဗျည်းများကို ဆိုလိုသည်။ ‘ဝဂ်ဗျည်း’မှာ ၂၅-လုံးရှိ၍ ‘အ-ဝဂ်ဗျည်း’မှာ ၈-လုံးရှိသည်။

ယင်းဗျည်းများမှာ အောက်ပါအတိုင်း ဖြစ်၏။

ဝဂ်ဗျည်း ၂၅ လုံး
အသံဖြစ်ပေါ်ရာ အရပ်များ (ဌာန်)ပထမဒုတိယတတိယစတုတ္ထပဉ္စမဝဂ်
ကဏ္ဍဇ (လည်ချောင်းအရပ်၌ ဖြစ်သောအက္ခရာများ)က(ka)ခ(kha)ဂ(ga)ဃ(gha)င(ṅa)(က-ဝဂ်)
တာလုဇ (အာစောက်အရပ်၌ ဖြစ်သောအက္ခရာများ)စ(ca)ဆ(cha)ဇ(ja)ဈ(jha)ဉ(ña)(စ-ဝဂ်)
မုဒ္ဓဇ (လျှာထိပ်အရပ်၌ ဖြစ်သောအက္ခရာများ)ဋ(ṭa)ဌ(ṭha)ဍ(ḍa)ဎ(ḍha)ဏ(ṇa)(ဋ-ဝဂ်)
ဒန္တဇ (သွားအရပ်အရပ်၌ ဖြစ်သောအက္ခရာများ)တ(ta)ထ(tha)ဒ(da)ဓ(dha)န(na)(တ-ဝဂ်)
ဩဋ္ဌဇ( နှုတ်ခမ်းအရပ်၌ ဖြစ်သောအက္ခရာများ)ပ(pa)ဖ(pha)ဗ(ba)ဘ(bha)မ(ma)(ပ-ဝဂ်)

အုပ်စုဗျည်း ၂၅-လုံး (ထုံးစံရေးထုံး)

ကက-အုပ်စု
စ-အုပ်စု
ဋ-အုပ်စု
တ-အုပ်စု
ပ-အုပ်စု
ဇယား (၁)

အုပ်စုမဲ့ဗျည်း ၈-လုံး – ယ ရ လ ဝ သ ဟ ဠ ံ-

ဇယား (၁) ၌ ဖော်ပြသောဗျည်းတို့မှာ ရေးထုံးအတိုင်း(ထုံးစံအတိုင်း)သာ ဖော်ပြထားခြင်း ဖြစ်သည်၊ အမှန်စင်စစ်ရေးထုံးမှာ အောက်ပါအတိုင်း ဖြစ်၏။

အုပ်စုဗျည်း ၂၅-လုံး (ပါဠိရေးထုံးအစစ်)

က်ခ်ဂ်ဃ်င်က-အုပ်စု
စ်ဆ်ဇ်ဈ်ဉ်စ-အုပ်စု
ဋ်ဌ်ဍ်ဎ်ဏ်ဋ-အုပ်စု
တ်ထ်ဒ်ဓ်န်တ-အုပ်စု
ပ်ဖ်ဗ်ဘ်မ်ပ-အုပ်စု
ဇယား (၂)

အုပ်စုမဲ့ဗျည်း ၈-လုံး – ယ် ရ် လ် ဝ် သ် ဟ် ဠ် ံ-

ံ-သည် အစက်အပြောက်ကလေးမျှသာ ဖြစ်၏၊ မြန်မာလို သေးသေးတင်ဟု ခေါ်၏၊ (နိဂ္ဂဟိတ်၊ ဗိန္ဒုဟုလည်း ခေါ်၏။)

သရသည် မိမိချည်းသက်သက် အသံထွက်နိုင်သောအက္ခရာ ဖြစ်၏။

ရွတ်ဖတ်ရာ၌ သရတိုကို မျက်စိတစ်မှိတ်(သို့) လက်ဖျစ်တတွက် ကြာမျှ၊

သရရှည်ကို သရတိုထက် ၂-ဆ ကြာမျှ ရွတ်ရ၏။

ဗျည်းမှာမူ မိမိချည်းသက်သက် အသံမထွက်နိုင်၊ သရနှင့် ပေါင်းစပ်မှသာ အသံ ထွက်နိုင်သောအက္ခရာ ဖြစ်၏။

.. ဗျည်းနှင့် သရတို့ ပေါင်းစပ်ပုံကို အောက်ပါအတိုင်း မှတ်သားရမည်။

က် + အ = က

က် + အာ = ကာ စသည်၊

နိဂ္ဂဟိတ်ကို သရတို အ, ဣ, ဥ နောက်တွင်သာ ပေါင်းစပ်နိုင်၏၊ သရရှည် အာ, ဤ, ဦ နှင့် ပေါင်းစပ်လျှင် ထို အာ, ဤ, ဦ တို့သည် မိမိဆိုင်ရာ သရတို အ, ဣ, ဥ သို့ ပြောင်း၏။

သရ ၂-လုံး ပေါင်းစပ်ပုံ
ဌာန်တူသော သရ ၂-လုံး ပေါင်းလျှင်ဌာန်မတူသော သရ ၂-လုံး ပေါင်းလျှင်
အ + အာ = အာ
ဣ + ဤ = ဤ
ဥ + ဦ = ဦ
သို့ ပြောင်းလဲ၏၊
အ + ဣ /ဤ = ဧ
အ + ဥ /ဦ = ဩ
သို့ပြောင်းလဲ၏။

ပါဠိ ဝိဘတ်

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် (အင်္ဂလိပ်: adposition) ဟုခေါ်သည်။

ဝိဘတ် (adposition) တို့သည် –

  • အင်္ဂလိပ်စကား၊ ထိုင်းစကား စသည့် ဘာသာစကားတို့တွင် များသောအားဖြင့် မိမိကိုင်တွယ်မည့် စကားလုံး၏ အရှေ့တွင် ပါရှိရ၍ အရှေ့ဆက်ဝိဘတ်များ (prepositions) ဖြစ်သည်။ သာဓကအားဖြင့် – “အိမ်ထဲမှာ” ဟူသော ပုဒ်ရရှိရန် အင်္ဂလိပ်စကား၌ “in (ထဲမှာ) the house (အိမ်)” ဟု ရေးရသည်၊ “the house (အိမ်) in (ထဲမှာ)” ဟူသော အစီအစဉ် မဟုတ်ပေ။
  • ဂျပန်စကား၊ မြန်မာစကား စသည့် ဘာသာစကားတို့တွင်မူ များသောအားဖြင့် မိမိကိုယ်တွယ်ရမည့် စကားလုံး၏ အနောက်တွင် ပါရှိရ၍ အနောက်ဆက်ဝိဘတ်များ (postpositions) ဖြစ်သည်။

မြန်မာစကား၏ ဝိဘတ်များ

မြန်မာစကားတွင် ဝိဘတ်များမှာ အနောက်ဆက်ဝိဘတ်များ (postpositons) ဖြစ်သည်။ ၎င်း မြန်မာဝိဘတ်များကို အကြမ်းဖျင်း ၂အုပ်စု အလျင်ခွဲနိုင်သည်။

တို့ဖြစ်သည်။

မြန်မာ နာမ်ဝိဘတ် (၁၇) မျိုး

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို နာမ်ဝိဘတ် ဟုခေါ်သည်။ နာမ်ဝိဘတ်ကို အနက်အဓိပ္ပာယ်အရ (၁၇) မျိုး ခွဲထားသည်။ ၎င်းတို့မှာ – 

  1. ကတ္တားဝိဘတ် − သည်၊ က၊ မှာ
  2. ကံဝိဘတ် − ကို
  3. ထွက်ခွာရာပြ ဝိဘတ် − မှ၊ က
  4. ရှေးရှုရာပြ ဝိဘတ် − သို့
  5. ဆိုက်ရောက်ရာပြ ဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်
  6. အသုံးခံပြ ဝိဘတ် − ဖြင့်၊ နှင့်
  7. အကြောင်းပြ ဝိဘတ် − ကြောင့်၊ ဖြင့်
  8. လက်ခံပြ ဝိဘတ် − အား
  9. နေရာပြ ဝိဘတ် – ၌၊ မှာ၊ တွင်၊ ဝယ်၊ က
  10. အချိန်ပြ ဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က
  11. ပိုင်ဆိုင်ခြင်းပြ ဝိဘတ် −
  12. လိုက်လျောပြ ဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ
  13. ယှဉ်တွဲပြ ဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ
  14. ခွဲထုတ်ရာပြ ဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ
  15. ရည်စူးချက်ပြ ဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်
  16. နေရာဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်
  17. အချိန်ဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး

မြန်မာ ကြိယာဝိဘတ် အမျိုးမျိုး

ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ကြိယာဝိဘတ် ဟု ခေါ်သည်။[၁] ကြိယာ၏ အမျိုးအစားကို ဖော်ပြသော ဝိဘတ်ကို အမျိုးအစားပြကြိယာဝိဘတ် ဟုခေါ်သည်။ အမျိုးအစားပြကြိယာဝိဘတ်ကို (၄) မျိုးခွဲသည်။ ၎င်းတို့မှာ –

  • စေခိုင်းဝိဘတ်။ ။ စေခိုင်းခြင်းကို ပြသည့် ကြိယာဝိဘတ်ကို စေခိုင်းဝိဘတ်ဟု ခေါ်သည်။
  • ညှိနှိုင်းဝိဘတ်။ ။ ဆောင်ရွက်သူ အချင်းချင်း ညှိနှိုင်းခြင်းကို ပြသည့် ကြိယာဝိဘတ်ကို ညှိနှိုင်းဝိဘတ်ဟု ခေါ်သည်။
  • ဆန္ဒညွှန်ဝိဘတ်။ ။ ခွင့်တောင်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ကျိန်ဆဲခြင်း စသော အလိုဆန္ဒတို့ကို ဖော်ပြသည့် ကြိယာဝိဘတ်ကို ဆန္ဒညွှန်ဝိဘတ်ဟု ခေါ်သည်။
  • အမိန့်ချဝိဘတ်။ ။ အမိန့်ပေးခြင်းကို ဖော်ပြသည့် ဝိဘတ်ကို အမိန့်ချဝိဘတ်ဟု ခေါ်သည်။

နာမ်ဝိဘတ်များ

ကျက်မှတ်ရန်

နာမ်ဝိဘတ်များ။ သိ ယော၊ အံ ယော၊ နာ ဟိ၊ သ နံ၊ သ္မာ ဟိ၊ သ နံ၊ သ္မိံ သု။

ဝိဘတ်​
ဧကဝုစ်
Singular
ဗဟုဝုစ်
Plural
ပုံစံ – ဧကဝုစ် (အနည်းကိန်း)
ပုံစံ – ဗဟုဝုစ် (အများကိန်း)
ပထမာ (ကတ္တာ) (Nominative)
(ကတ္တားဝိဘတ်)
ပြုလုပ်သူ ပြသောစကားလုံး
[သည် ကား က ကို]
သိယောပုရိသော (ယေကျ်ားသည်)
လောကော (လောကသည်)
ပုရိသာ (ယေကျ်ားတို့သည်)
လောကာ (လောကတို့သည်)
အာလာပန (အာလုပ်ဝိဘတ်) (Vocative)
ခေါ်ဆိုခြင်း ပြသောစကားလုံး​
[အို]
သိယောဘောပုရိသ ဘောပုရိသာ (အို ယေကျ်ား)
ဘောလောက ဘောလောကာ (အို လောက)
ဘောန္တော ပုရိသာ (အို ယေကျ်ားတို့)
ဘောန္တော လောကာ (အို လောကတို့)
ဒုတိယာ (ကမ္မ) (Accusative)
(ကံဝိဘတ်)
တိုက်ရိုက် ပြုလုပ်ခံရသူ ပြသောစကားလုံး
[ကို သို့]
အံယောပုရိသံ (ယေကျ်ားကို/ယေကျ်ားသို့)
လောကံ (လောကကို/လောကသို့)
ပုရိသေ (ယေကျ်ားတို့ကို/ယေကျ်ားတို့သို့)
လောကေ (လောကတို့ကို/လောကတို့သိုံ)
တတိယာ (ကာရဏ) ​(Instrumental)
(အသုံးခံပြဝိဘတ်) (ယှဉ်တွဲပြဝိဘတ်)
အသုံးခံ ပြသောစကားလုံး
[ဖြင့် သည် နှင့် ကြောင့်]
နာဟိပုရိသေန (ယေကျ်ားဖြင့်/ယေကျ်ားနှင့်)
လောကေန (လောကဖြင့်/လောကနှင့်)
ပုရိသေဟိ ပုရသေဘိ (ယေကျ်ားတို့ဖြင့်/ယေကျ်ားတို့နှင့်)
လောကေဟိ လောကေဘိ (လောကတို့ဖြင့်/လောကတို့နှင့်)
စတုတ္ထီ (သမ္ပဒါန) (Dative)
(သမ္ပဒါန်) (ရည်စူးချက်ပြဝိဘတ်)
တိုက်ရိုက်မဟုတ် ပြုလုပ်ခံရသူ၊ လက်ခံသူ ပြသောစကားလုံး
[အား ငှါ အတွက်]
နံပုရိသဿ (ယေကျ်ားအား/ယေကျ်ားအတွက်)
လောကဿ လောကာယ (လောကအား/လောကအတွက်)
ပုရိသာနံ (ယေကျ်ားတို့အား/ယေကျ်ားတို့အတွက်)
လောကာနံ (လောကအား/လောကအတွက်)
ပဉ္စမီ (အပါဒါန) (Ablative)
(အပါဒါန်) (ခွဲထုတ်ရာပြဝိဘတ်) (အကြောင်းပြဝိဘတ်)
ထွက်ခွာရာ၊ ဖဲခွာရာကို ပြသောစကားလုံး
[မှ ကြောင့် အောက် ထက်]
သ္မာဟိပုရိသသ္မာ ပုရိသမှာ ပုရိသာ (ယေကျ်ားမှ)
လောကသ္မာ လောကမှာ လောကာ (လောကမှ)
ပုရိသေဟိ ပုရိသေဘိ (ယေကျ်ားတို့မှ)
လောကေဟိ လောကေဘိ (လောကတို့မှ)
ဆဋ္ဌီ (သာမိ) (Genitive)
(ပိုင်ဆိုင်ခြင်းပြဝိဘတ်)
ပိုင်ဆိုင်ခြင်း ပြသောစကားလုံး
[၏ တွင် သည် ကို]
နံပုရိသဿ (ယေကျ်ား၏)
လောကဿ (လောက၏)
ပုရိသာနံ (ယေကျ်ားတို့၏)
လောကာနံ (လောကတို့၏)
သတ္တမီ (သြကာသ) (Locative)
(နေရာပြဝိဘတ်) (အချိန်ပြဝိဘတ်)
တည်နေရာ ပြသောစကားလုံး
[၌ တွင် ကြောင့်]
သ္မိံသုပုရိသသ္မိံ ပုရိသမှိ ပုရိသေ (ယေကျ်ား၌)
လောကသ္မိံ လောကမှိ လောကေ (လောက၌)
ပုရိသေသု (ယေကျ်ားတို့၌)
လောကေသု (လောကတို့၌)