Learning Grammar by Reading – 40

New vocabularies ဝေါဟာရ အသစ်များ

  1. always – adv အမြဲ
  2. usually – adv အမြဲလိုလို၊ အများအားဖြင့်၊ ခါတိုင်း
  3. often – adv မကြာခဏ
  4. sometimes – adv တစ်ခါတစ်ရံ
  5. never – adv ဘယ်သောအခါမှ
  6. book shop – n စာအုပ်ဆိုင်
  7. sell – v present tense ရောင်းသည်
  8. sold – v past tense ရောင်းခဲ့သည်

Reading exercises from the last class အတန်းထဲမှ စာဖတ်သင်ခန်းစာများ

  • I never see a horse.
    ကျွန်တော်သည် မြင်းတစ်ကောင်ကို ဘယ်သောအခါမှ မမြင်ရပါ။
  • In the evening I always eat rice.
    ညနေခင်းတွင် ကျွန်တော်သည် အမြဲ ထမင်းစားသည်။
  • I sometimes eat bread.
    ကျွန်တော်သည် တစ်ခါတစ်ရံ ပေါင်မုန့် စားသည်။
  • I often eat meat.
    ကျွန်တော်သည် မကြာခဏ အသားစားသည်။
  • I usually eat fish.
    ကျွန်တော်သည် အများအားဖြင့် ငါးစားသည်။
  • I never eat cakes.
    ကျွန်တော်သည် ဘယ်သောအခါမှ ကိတ်မုန့် မစားပါ။
  • On Saturdays I always ride on a bus.
    စနေနေ့များတွင် ကျွန်တော်သည် အမြဲ ဘတ်စကားစီးသည်။
  • I often ride on a train.
    ကျွန်တော်သည် မကြာခဏ မီးရထားစီးသည်။
  • I sometimes ride in a car.
    ကျွန်တော်သည် တစ်ခါတစ်ရံ ကားစီးသည်။
  • I never ride in an aeroplane/airplane.
    ကျွန်တော်သည် ဘယ်သောအခါမှ လေယာဉ်မစီးပါ။