အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ ဒွါဒသမကြိမ်မြောက် (၁၀) ရက် အွန်လိုင်းတရားစခန်းကို ၂၀၂၅ ခုနှစ် ဧပြီလ (၁၈) ရက် သောကြာနေ့ မှစ၍ ဧပြီလ (၂၇) ရက် တနင်္ဂနွေနေ့ထိ ကျင်းပအောင်မြင်ပါပြီ။

မေတ္တာနန္ဒဆရာတော်၏ ၁၀ရက် တရာစခန်း အောင်ပွဲအခမ်းအနားကို ၂၀၂၅ ဧပြီလ (၂၇)ရက် တနင်္ဂနွေနေ့ ညနေ ၅း၀၀ နာရီမှ ၇း၀၀ နာရီ (ပစိဖိတ်စံတော်ချိန်)၌ ကျင်းပပြုလုပ်ပြီးသွားပါပြီ။
တရားစခန်း အောင်ပွဲအခမ်းအနား၏ အစီအစဥ်များမှာ၊
၁။ နမောတဿ သုံးကြိမ် ရှိခိုးကန်တော့၍ အခမ်းအနားကို ဖွင့်ပေးကြပါရန်
၂။ ကမ္ဘာသူ ကမ္ဘာသားများနှင့် သတ္တဝါများ ဘေးအန္တရာယ်ကင်းကွာ ကျန်းမာချမ်းသာစေရန်အတွက် ဗောဇ္ဈင် (၃)သုတ်တို့ကို နာယူကြရန်
၃။ မေတ္တာနန္ဒဆရာတော်ထံမှ ဩဝါဒကို ခံယူရန်
၄။ ဦးကြည်ရှိန်မှ ကျေးဇူးတင်စကား လျှောက်ထားရန်
၅။ ယောဂီများမှ အတွေ့အကြုံများကို မျှဝေပေးရန်
၆။ တရားစခန်းနှင့် ပတ်သက်၍ အကြံပေးလွှာများကို ဦးကြည်ရှိန်မှ ဖတ်ကြားပေးရန်
၇။ ဝင်းမေတ္တာ၌ အပတ်စဥ် ကျင်းပသော ဓမ္မသင်တန်းများကို တက်ရောက်လေ့လာကြပါရန် ဖိတ်ကြားခြင်း
၈။ ဆရာတော်အား အပြစ်များကို ခွင့်လွှတ်ဖို့ တောင်းပန်ကြရန်
၉။ ဆရာတော်နှင့် ယောဂီများ အတူတကွဓာတ်ပုံရိုက်ရန်၊ ဆုတောင်းအမျှပေးဝေ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ဆို၍ အခမ်းအနားပြီးမြောက်အောင်မြင်ကြောင်း ကြေငြာရန် ကြရန်ဖြစ်ပါသည်။
နေရာ။
မေတ္တာနန္ဒဝိဟာရကျောင်း/Mettananda Vihara
2707 Seminary Ave, Oakland, CA, United States
Zoom Meeting ID: 835 1514 9210 Passcode: metta
မေတ္တာနန္ဒဝိဟာရကျောင်း (Oakland, CA)၌ ညအိပ်ယောဂီများနှင့် အွန်လိုင်းယောဂီများကိုပါ လက်ခံမည်။
Zoom Meeting ID: 835 1514 9210
Passcode: metta
မေတ္တာနန္ဒဝိဟာရကျောင်း လိပ်စာ (Address)
2707 Seminary Ave, Oakland, CA, United States, California
လာရောက်တရားအားထုတ်လိုပါက ဒီ Form ဖြည့်ပြီး ယောဂီစာရင်းပေးသွင်းနိုင်ပါပြီ။ ယောဂီနံပါတ်ကြည့်လိုပါက ဤမှာနှိပ်ပါ။

တရားစခန်း အချိန်ဇယားများ
ကြိုတင်လေ့လာနိုင်ရန်
၁။ ထိုင်ရှုမှတ်တဲ့ခါ ဘယ်လိုထိုင်မလဲ (ဗီဒီယို)
၂။ စင်္ကြံလျှောက်လျှက် တရားရှုမှတ်ခြင်း (ဗီဒီယို)
၃။ အာနာပါန ဒီပနီ – လယ်တီဆရာတော် (စာအုပ်)
၄။ တရားကျင့်ရာရိုးသားပါ – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
၅။ တရားအလုပ်မ၀င်ခင် ကြိုတင်ပြင် – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
တရားစခန်းအတွင်း၌ ပို့ချခဲ့သော မှတ်စုများ📝
နံနက်ခင်း အလုပ်ပေးတရား – မှတ်စု
ညနေခင်း အလုပ်ပေးတရား – မှတ်စု
(၁၀) ရက်တရားစခန်းတွင် ဟောကြားသည့် တရားများ – ၂၀၂၅ခုနှစ် ဧပြီလ (၁၇) ရက် မှ ဧပြီလ (၂၇) ရက်
(၁၀) ရက်တရားစခန်းတွင် ဝတ်ရွတ်စဉ် – ၂၀၂၅ခုနှစ် ဧပြီလ (၁၈) မှ ဧပြီလ (၂၇)
တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ
၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။
၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။
အမှတ်စဥ် | ၂၀၂၅ခုနှစ် ဧပြီလ (၁၈) မှ ဧပြီလ (၂၇) | ဘုရားရှိခိုးနှင့် အနောဓိသ နှင့် သြဓိသ ပုဂ္ဂိုလ် ၁၂ ယောက်ကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာပို့ရန် | စာအုပ် မှတ်ချက် |
---|---|---|---|
၁ | ဧပြီလ (၁၈) သောကြာနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး၊ ခန္ဓသုတ်ပါဠိတော်နည်းကို အမှီပြုပြီး မေတ္တာပွားနည်း လေးမျိုး | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၂ | ဧပြီလ (၁၉) စနေနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ ဝိသုဒ္ဓိမဂ်လာနည်းကို အမှီပြု၍ မေတ္တာပွားနည်း | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၃ | ဧပြီလ (၂၀) တနင်္ဂနွေနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး ငါးရာနှစ်ဆယ့်ရှစ် မေတ္တာပွားနည်း | အရင်အတိုင်း ဘုရားရှိခိုးနည်း |
၄ | ဧပြီလ (၂၁) တနင်္လာနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ ကရုဏာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ကရုဏာပို့ |
၅ | ဧပြီလ (၂၂) အင်္ဂါနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ မုဒိတာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မုဒိတာပို့ စာမျက်နှာ ၁၁၅ |
၆ | ဧပြီလ (၂၃) ဗုဒ္ဓဟူးနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး ဥပေက္ခာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ဥပေက္ခာပို့ |
၇ | ဧပြီလ (၂၄) ကြာသပတေးနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး၊ ခန္ဓသုတ်ပါဠိတော်နည်းကို အမှီပြုပြီး မေတ္တာပွားနည်း လေးမျိုး | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မေတ္တာသုတ်ကစ ခန္ဓာသုတ်မေတ္တာပို့ |
၈ | ဧပြီလ (၂၅) သောကြာနေ့ | ခုနှစ်နေ့ ဘုရားရှိခိုး၊ ကရုဏာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ကရုဏာပို့ |
၉ | ဧပြီလ (၂၆) စနေနေ့ | ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး မုဒိတာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် မုဒိတာပို့ |
၁၀ | ဧပြီလ (၂၇) တနင်္ဂနွေနေ့ | ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး၊ ဥပေက္ခာပွား | အရင််အတိုင်း ဘုရားရှိခိုး ပြီးရင် ဥပက္ခာပို့ |
သင်တန်းစည်းကမ်းများ
(၁) ကျန်းမာရေးသည် အဓိက ဖြစ်၍ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ရမည်။
(၂) ယောဂီအားလုံး စွမ်းနိုင်ပါက (၉)ပါးသီလ စောင့်ထိန်းကြရပါမည်။ မစွမ်းနိုင်ပါက (၅)ပါးသီလ စောင့်ထိန်းကြရပါမည်။
(၃) မြတ်ဗုဒ္ဓ ညွှန်ပြသောနည်းအတိုင်းသာ ရှုမှတ်ကြရပါမည်။
(၄) စကားပြောခြင်းသည် သမာဓိကို အနှောင့်အယှက်ဖြစ်၍ အကြောင်းကိစ္စ အထူးမရှိဘဲ စကားပြောခြင်းကို ရှောင်ကြဉ်ကြရပါမည်။
စွမ်းနိုင်ပါက တရားစခန်းရှိသည့်ရက်ပတ်လုံး စကားမပြောဘဲ ကျင့်နိုင်လျှင် ပို၍ကောင်းပါသည်။
(၅) ဤတရားစခန်းသည် မိမိအသိဖြင့် မိမိကိုယ်ကို ထိန်းကျောင်းရမည့်ပညာရပ်ကို လေ့ကျင့်ခြင်းဖြစ်၍ တရားကို ရိုသေလေးစားစွာ ကျင့်ပါမည်ဟု အဓိဋ္ဌာန်ပြုရမည်။
(၆) တရားထိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ရမည်။ မိသားစုကိုလည်း တရားစခန်းဝင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်းဖြင့် မိသားစုတို့၏ ကူညီပံ့ပိုးမှုကို ရယူပါ။ မိသားစုအတွက်လည်း ကုသိုလ်ဖြစ်သည်။ မိမိ၏အတွက်လည်း အကျိုးရှိသည်။
(၇) တရားထိုင်သည့်နေရာသည် အမြဲသန့်ရှင်းနေရမည်။
(၈) ထိုင်မှတ်ခြင်း နှင့် စင်္ကြံမှတ်ခြင်းမှတပါး ရပ်ခြင်း၊လျောင်းခြင်း၊ ဣရိယာပုတ်များနှင့် ကွေးခြင်း ဆန့်ခြင်း စသော အသေးစိတ်အမူအရာတို့၌လည်း အမှတ်သတိရှိနေရမည်။
(၉) ယောဂီများသည် ဆရာတော်၏ အဆုံးအမဩဝါဒ နှင့် သင်တန်းအချိန်ဇယားကို တတ်နိုင်သမျှတိကျစွာ လိုက်နာကြရပါမည်။
(၁၀) ကုသိုလ်စိတ်သာဖြစ်စေ၍ အကုသိုလ်စိတ်မဖြစ်ရအောင် ဆုံးဖြတ်အဓိဋ္ဌာန် ထားရမည်။
(၁၁) အရုဏ်ဆွမ်းစားပြီးချိန်၌ ယောဂီများသည် သန့်ရှင်းရေး ဝေယျာဝစ္စပြုလုပ်ရမည်။
(၁၂) သူတပါးကို အနှောက်အယှက်ဖြစ်စေနိုင်သော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနှင့်
အမွှေးအနံ့သာများကို အသုံးပြုခြင်းမှ ရှောင်ကြဥ်ရမည်။
(၁၃) ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို အရေးပေါ်ကိစ္စမဟုတ်ဘဲ အသုံးပြုခြင်းမှ ရှောင်ကြဥ်ရမည်။
(၁၄) ကျောင်း၌ လာရောက်အားထုတ်ကြမည့် ညအိပ်ယောဂီများသည် ကိုယ့်အိပ်ရာ၊ စောင်၊ ခေါင်းအုံးများ ယူလာရမည်။
မှတ်ချက်။
တရားစခန်း မစမီ နှင့် အခြားအစီအစဥ်များတွင်လည်း (၁၅) မိနစ် ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန်။
အခြေအနေပေါ်မူတည်၍ စည်းကမ်းများ ပြောင်းလဲခြင်း၊ အချိန်ပြောင်းလဲခြင်း ရှိကောင်းရှိနိုင်သည်။ အခက်အခဲရှိလျှင် အကျိုးဆောင်အဖွဲ့သို့ အကြောင်းကြားနိုင်ပါသည်။
ဆက်သွယ်ရန်
- ဦးစန္ဒာဝရ – ၁ (၅၁၀) ၉၈၀-၈၀၉၉ ၊
- ဦးကဝိဓဇ – ၁ (၅၁၀) ၉၀၆-၇၀၀၉ ၊
- ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
- ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
- မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
- မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။
Viber ကိုဖိတ်တယ်။

Viber မှာလည်း ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများနှင့် ဆက်သွယ်နိုင်ပါသည်။ ဓမ္မသင်တန်းများနှင့် ပတ်သတ်သည့် အချက်အလက်များကို ပုံမှန်ကြေငြာပေးနေပါသည်။