ဝေါဟာရ အသစ်များ
New vocabularies
- ရှစ်ဆယ် / ၈၀ – eighty
- ကိုးဆယ် / ၉၀ – ninety
- တစ်ရာ / ၁၀၀ – one hundred
- တစ်ရာ့တစ် / ၁၀၁ – a hundred and one
- တစ်ရာ့ကိုးဆယ့်ကိုး / ၁၉၉ – a hundred and ninety-nine
- တစ်ထောင် / ၁,၀၀၀ – one thousand
- တစ်သောင်း / ၁၀,၀၀၀ – ten thousand
- ငါးထောင့်ကိုးရာနှစ်ဆယ့်ငါး / ၅,၉၂၅ – five thousand nine hundred and twenty-five
အတန်းထဲမှ စာဖတ်သင်ခန်းစာများ
Reading exercises from the last class
အကူအညီတောင်းခြင်း
Asking for help
- ကလေးတို့၊ ငါတို့ရဲ့ အိမ်ခေါင်မိုးမှာ အပေါက်တစ်ပေါက် ရှိတယ်။
U Ba Aye said, “Children, there is a hole in the roof of our house.” - အဲဒါကို ငါ ဖာတော့မယ်။
I’m going to mend it. - “ကျေးဇူးပြု၍ မင်းတို့ ငါ့ကို ကူညီကြမလား” ဟု ဦးဘအေးက ပြောသည်။
Will you help me, please? - “ဟုတ်ကဲ့” ဟု ကလေးများက ပြောကြသည်။
The children said, “Yes.” - “ကျော်ကျော်၊ ငါ့ကို လှေကားတစ်ခု ယူပေးမလား။
U Ba Aye said, “Kyaw Kyaw, will you bring me a ladder? - အေးအေး၊ ငါ့ကို သုတ်ဆေး အနီတစ်ဘူး ယူပေးမလား။
Aye Aye, will you bring me a tin of red paint? - ဇော်ဇော်၊ ငါ့ကို တူတစ်လက် ယူပေးမလား။
Zaw Zaw, will you bring me a hammer? - စိုးမြ၊ ဆိုင်ကိုသွားပြီး ငါ့ကို (အိမ်ရိုက်)သံတစ်ထုပ် ဝယ်ပေးမလား။
Soe Mya, will you go to the shop and buy me a packet of nails?
အောက်မှာ ပြီးခဲ့တဲ့ သင်တန်းမှ အဆက်
Lesson you’ve learned in the last class below↵
- အခု ငါ လှေကားပေါ် တက်တော့မယ်။
Now I am going to climb up the ladder. - ကျော်ကျော်၊ ကျေးဇူးပြုပြီး လှေကားကို ကိုင်ပေးမလား။
Kyaw Kyaw, will you hold the ladder, please? - ဒီဟာ ခဲယဉ်းတဲ့အလုပ် ဖြစ်တယ်မဟုတ်လား။ ငါ မောတယ်” ဟု ဦးဘအေးက ပြောသည်။
This is hard work, isn’t it? I’am tired!” - “ဟုတ်ကဲ့” ဟု ကလေးများက ပြောကြသည်။ “ကျွန်တော်တို့လည်း မောကြတယ်”
“Yes,” said the children. “We’re tired too!”
အပေါ်ကသင်ခန်းစာအတွက် ဝေါဟာရ စကားလုံးများ
Vocabularies for the above exercise
- အိမ် – n house
- ခေါင်မိုး – n roof
- အပေါက် – n hole
- ဖာ – v mend
- ကူညီ – v help
- လှေကား – n ladder
- အနီ – n red
- သုတ်ဆေး – n paint
- တူ – n hammer
- ဆိုင် – n shop
- (အိမ်ရိုက်)သံတစ်ထုပ် – n packet of nails
- ဝယ် – v buy
- လှေကား – n ladder
- တက် – v climb up
- ကိုင်/ကိုင်ပေး – v hold
- ခဲယဥ်း – adj hard
- အလုပ် – n work
- မော/မောတယ် – v tired
- ကလေးများ – n children
- ပြော/ပြောကြ – v said
- ဖြစ်တယ်မဟုတ်လား – phrase isn’t it?
မေးခွန်းများ
Questions
- အပေါက် ဘယ်မှာ ရှိခဲ့သနည်း။
Where was the hole? - မည်သူ လှေကားကို ယူလာခဲ့သနည်း။
Who brought the ladder? - မည်သူ သုတ်ဆေးဘူးကို ယူလာခဲ့သနည်း။
Who brought the tin of paint? - သုတ်ဆေး၏ အရောင်သည် ဘာဖြစ်သနည်း။
What is the colour of the paint? - မည်သူ တူကို ယူလာခဲ့သနည်း။
Who brought the hammer? - မည်သူ ဆိုင်သို့ သွားခဲ့သနည်း။
Who went to the shop? - မည်သူ (အိမ်ရိုက်)သံတစ်ထုပ်ကို ဝယ်ခဲ့သနည်း။
Who bought a packet of nails? - မည်သူ လှေကားကို ကိုင်ထားခဲ့သနည်း။
Who held the ladder? - မည်သူ မောခဲ့သနည်း။
Who was tired?