Learning Grammar by Reading – 74

အတန်းထဲမှ စာဖတ်သင်ခန်းစာများ | Reading exercises from the last class

ဝေါဟာရ အသစ်များ | New vocabularies

  • fast – adj မြန်သော
  • faster – adj ပို၍မြန်သော
  • fastest – adj အမြန်ဆုံး
  • slow – adj နှေးသော
  • slower – adj ပို၍နှေးသော
  • slowest – adj အနှေးဆုံး
  • happy – adj ပျော်ရွှင်သော၊ ဝမ်းသာသော
  • happier – adj ပို၍ပျော်ရွှင်သော
  • happiest – adj အပျော်ရွှင်ဆုံး

အသာလွန်ဆုံး အဆင့်ပြ နာမဝိသေသန ပုံသဏ္ဌန်များ | Superlative forms of adjective

  • နံပါတ် ၁/တစ် သည် အလွယ်ဆုံး ဖြစ်ပါသည်/ပဲ။
    Number 1 is the easiest.
  • တင်တင်သည် သတိအထားဆုံး ဖြစ်ပါသည်/ပဲ။
    Tin Tin is the most careful.
  • ငှက်ပျောသီးသည် တန်ဖိုးအနည်းဆုံး/စျေးအပေါဆုံး/အပေါဆုံး ဖြစ်ပါသည်/ပဲ။
    The banana is the cheapest.
  • ရှပ်အင်္ကျီအဖြူသည် အသန့်ရှင်းဆုံး ဖြစ်ပါသည်/ပဲ။
    The white shirt is the cleanest.
  • လေယာဉ်သည် အမြန်ဆုံး ဖြစ်ပါသည်/ပဲ။
    The airplane is the fastest.
  • မိန်းကလေးသည် အပျော်ရွှင်ဆုံး ဖြစ်ပါသည်/ပဲ။
    The girl is the happiest.
  • မည်သည့်လမ်းများသည် ကျယ်ကြသနည်း။
    Which streets are wide?
  • မည်သည့်လမ်းများသည် ကျဉ်းကြသနည်း။
    Which streets are narrow?
  • ဘယ်ဟာသည် လမ်းများထဲတွင် အကျယ်ဆုံး ဖြစ်သနည်း။
    Which is the widest of the streets?
  • ဘယ်ဟာသည် လမ်းများထဲတွင် အကျဉ်းဆုံး ဖြစ်သနည်း။
    Which is the narrowest of the streets?
  • မည်သည့်လေယာဉ်များသည် မြင့်ကြသနည်း။
    Which airplane are high?
  • မည်သည့်လေယာဉ်များသည် နိမ့်ကြသနည်း။
    Which airplane are low?
  • ဘယ်ဟာသည် လေယာဉ်များထဲတွင် အမြင့်ဆုံး ဖြစ်သနည်း။
    Which is the highest of the airplane?
  • ဘယ်ဟာသည် လေယာဉ်များထဲတွင် အနိမ့်ဆုံး ဖြစ်သနည်း။
    Which is the lowest of the airplane?
  • သစ္စာ၏ အမှတ်များသည် ပိုကောင်းပါသည်။
    Thitsa’s marks are better.
  • သူရ၏ အမှတ်များသည် အကောင်းဆုံး ဖြစ်ပါသည်။
    Thura’s marks are the best.
  • စုစု၏ အမှတ်များသည် ပိုညံ့ပါသည်။
    Su Su’s marks are worse.
  • ထွန်းထွန်း၏ အမှတ်များသည် အညံ့ဆုံး ဖြစ်ပါသည်။
    Tun Tun’s marks are the worst.

“/” indicates that you could use any of the phrase interchangeably. For example, you can substitute “မည်သူ၏” with “ဘယ်သူ့” so on and so forth.

အပေါ်ကသင်ခန်းစာအတွက် ဝေါဟာရ စကားလုံးများ | Vocabularies for the above exercise

  • ဖြစ်ပါသည်/ပဲ – it is
  • အလွယ်ဆုံး – adj easiest
  • သတိအထားဆုံး – adj most careful
  • တန်ဖိုးအနည်းဆုံး/စျေးအပေါဆုံး/အပေါဆုံး – adj cheapest
  • ငှက်ပျောသီး – banana
  • ရှပ်အင်္ကျီ – shirt
  • အသန့်ရှင်းဆုံး – adj cleanest
  • အမြန်ဆုံး – adj fastest
  • မိန်းကလေး – girl
  • အပျော်ရွှင်ဆုံး – adj happiest
  • အမှတ် – n mark/grade/score
  • အမှတ်များ – n marks/grades/scores
  • အကောင်းဆုံး – adj best
  • ပိုညံ့ – adj worse
  • အညံ့ဆုံး – adj worst
  • မည်သူ၏/ဘယ်သူရဲ့/ဘယ်သူ့/ဘယ်သူ့ – Whose
  • နည်း/လဲ – usually added at an end of a sentence posing a question
  • street – လမ်း
  • streets – လမ်းများ
  • ကျယ် – wide
  • အကျယ်ဆုံး – widest
  • ကျဉ်း – narrow
  • အကျဉ်းဆုံး – narrowest
  • လေယာဉ် – airplane
  • မြင့် – high
  • နိမ့် – low
  • ပိုကောင်း – better
  • အကောင်းဆုံး – best
  • ပိုညံ့ – worse
  • အညံ့ဆုံး – worst