ပါဠိ သဒ္ဒါ အခြေခံ

အသုံးအနှုန်းများ (Terms)

အ​တ္ထော – အနက်​ ဟု ဆိုရာ၌ လက်​ဆုပ်လက်​ကိုင်​ပြ၍ ရ​ကောင်းသည်​ဖြစ်​စေ, မရကောင်းသည်​ဖြစ်​စေ စိတ်​၌ သိအပ်​သော အရာဝတ္ထု ဟူသမျှ ကို ပါဠိလို အတ္ထ၊ မြန်​မာလို အနက် ဟုခေါ်သည်။ အတ္ထ – အဘိဓေယျ – အနက်အဓိပ္ပယ် – အနက်သဘော

‘က ခ ဂ … အ’အစရှိသောအက္ခရာ။

၎င်းတို့ကို
(က) မကုန်ခန်းနိုင်သောကြောင့်၎င်း,
(ခ) ပရိယာယ်၏ အစွမ်းဖြင့် မရွေ့လျှော မပြောင်းရွှေ့ တတ်သောကြောင့်၎င်း,
(ဂ) မပျက်စီးနိုင်သောကြောင့်၎င်း
(ဃ) ရွတ်ဆိုရာသို့ နူးညံ့စွာ လိုက်ပါလျက် အနက်အားဖြင့်လည်း မကြမ်းထမ်းသောကြောင့်၎င်း
(င) အဆုံးမရှိသော သဒ္ဓါအနက်သို့ ရောက်ကုန်သော်လည်း မတုန်လှုပ်တတ်သောကြောင့်၎င်း
“အက္ခရာ” ဟုခေါ်သည်။

ဌာန် – အက္ခရာတို့၏ ဖြစ်ရာအရပ်။
ကရိုဏ်း – အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်း။
ပယတ် – အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှု။

အ အာ ဣ ဤ ဥ ဥု ဧ ဩ။
က ခ ဂ ဃ င
စ ဆ ဇ ဈ ဉ
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ ဟ ဠ အံ။

သူတစ်​ပါးကို မမှီခိုဘဲ သူ့ဘာသာ ရပ်​တည်ဖြစ်​နိုင်​သောအသံ။ Vowel.

အဆုတ်မှတက်လာသော လေသည်ခံတွင်းရှိစကားသံဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု၏ ပိတ်ဆို့တားဆီးခြင်း မခံရဘဲဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ်ဖြစ်လာသော အက္ခရာများ အသံ။

အတိုးအကျယ်၊ အသံတိုရှည် စသည့် အရည်အသွေးအရ သရများမှာ ကွဲပြားနိုင်သည်။

ပါဠိ သရ
အ အာ ဣ ဤ ဥ ဥု ဧ ဩ။

ဗျည်း
(ဗျဉ္ဇန)

သရနှင့်မှီတွဲဖက်မှသာ အသံထွက်နိုင်သော အက္ခရာများ။ Consonant.

ပါဠိ ဗျည်း
က ခ ဂ ဃ င စ ဆ ဇ ဈ ဉ ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အံ။

နိဂ္ဂဟိတ် ဆိုသည်မှာ (သေးသေးတင်) ကိုဆိုခြင်းဖြစ်၏။ သိုရာတွင် သူချည်းသက်သက်ရေးလျှင် ရွတ်ဖတ်၍ မဖြစ်သောကြောင့် သရနှင့်တွဲဖက်ပြီး အံ ဟု ရေးသားရပါတယ်။ ဒါကြောင့် အံ ကို နိဂ္ဂဟိတ် လို့ဆိုရခြင်းလည်းဖြစ်ပါတယ်။

ရဿ – အသံတို။ Short (vowel) sound.
ရဿသရ (၃) လုံး = အ ဣ ဥ

ဒီဃ – အသံရှည်။ Long (vowel) sound.
ဒီဃသရ (၅) လုံး = အာ ဤ ဥု ဧ ဩ

ဌာန် – အက္ခရာတို့၏ ဖြစ်ရာအရပ်။
ကရိုဏ်း – အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်း။
ပယတ် – အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှု။

စကားဆက်။ Conjunction.

ပုဒ်အချင်းချင်းကိုဖြစ်စေ၊ ဝါကျအချင်းချင်းကိုဖြစ်စေ ဆက်စပ်ပေးသောစကားလုံး။ သမ္ဗန္ဓဆိုသည်ကား ပုဒ်တို့ကိုဖြစ်စေ ဝါကျတို့ကိုဖြစ်စေ ဆက်စပ်ရန်သာသုံးသော ပုဒ်ဖြစ်သည်။ ကျောင်းဒါ။ ၂၂။

ပုဒ်
(စကားလုံး)

သီးခြားစကားလုံးကိုလည်းကောင်း၊ သီးခြားစကားလုံးနှင့် အကူစကားလုံးတို့ကို တွဲစပ်ထားသော စကားလုံးတို့ကို လည်းကောင်းပုဒ် ဟုခေါ်သည်။

ပုဒ်ဖြတ်ပုဒ်ရပ်
မြန်မာစာရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးရသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ ဟုခေါ်သည်။

ဝိုက်ကွင်း ( )
ကိန်းဂဏန်းဖြင့် ဖော်ပြသော ငွေကြေးအရေအတွက်ကို စာဖြင့် တိတိကျကျ ဖော်ပြလိုလျှင် ဝိုက်ကွင်းကို သုံးသည်။

ပုဒ်ကလေး ၊
နှစ်ခုထက် ပိုသော ပုဒ်များအကြားတွင် ပုဒ်ကလေးကို သုံးသည်။

ပုဒ်မ ။
ဝါကျအဆုံး၌ ပုဒ်မကို သုံးသည်။

ဆိုလိုသည့်အဓိပ္ပာယ်ရောက်အောင် စနစ်တကျ စီစဉ်ထားသော ပုဒ်အစုအပေါင်းကို ဝါကျ (sentence) ဟုခေါ်သည်။ ဝါကျတစ်ခုတွင် အနည်းဆုံး ကတ္တားတစ်ခုနှင့် ကြိယာတစ်ခု ပါဝင်သည်။

ကတ္တား (subject) – ပြုသူ၊ ဖြစ်သူ၊ ရှိသူကိုပြသောပုဒ်။

ကံ (object) – ပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကိုပြသောပုဒ်။

ကြိယာ (verb) – ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။ ကြိယာတို့ကို ကံပါကြိယာ၊ ကံမပါကြိယာ ဟူ၍ ခွဲခြားနိုင်သည်

သက်ရှိ သက်မဲ့၊ ဒြပ်ရှိ ဒြပ်မဲ့တို့ကို သတ်မှတ်ညွှန်းဆိုသော စကားလုံးများမှာ (လူ၊ ဦးလေး၊ မြစ်၊ မြစ်ဖျား စသည့်) အရာဝတ္ထုနှင့် (အတွေး၊ နောင်တ၊ ပျော်ရွှင်မှု၊ အဆုံးသတ် စသည့်) အခြင်းအရာများကို ညွှန်းဆိုနေပြီး နာမ် (noun) များ ဖြစ်ကြသည်။

ဓာတ်
(ဓာတု)

ဓာတ် (ဓာတု) – စကားအရင်းအမြစ် (root word)

ဥပမာ – ပုရိသော ဂစ္ဆတိ။ ယောက်ျားသည် သွား၏။ 
ပုရိသော = ပုရိသ် (ယောက်ျား) + ော (သည်)
ဂစ္ဆတိ = ဂစ္ဆ(သွား) + တိ(၏)။

ဂစ္ဆ ကို ပါဠိမှာ ဓာတ် ဟုခေါ်သည်။​​တိ ဆိုတဲ့ ပုရိသ်​ဝိဘတ်​လေးကို ဂစ္ဆ (root word)မှာ ကပ်​ပေး လိုက်​တော့ ဂစ္ဆတိ (သွား၏) လို့ ကြိယာ ဖြစ်​သွားတယ်​။

ဝိဘတ်
(ဝိဘတ္တိ) 

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် (adposition) ဟုခေါ်သည်။

လိင်၏အနက်ကို ဝေဖန်ပြသောကြောင့် လည်းကောင်း၊ ကာလ၏အစွမ်းဖြင့် ဓာတ်အနက်ကို ဝေဖန်ပြသောကြောင့် ဝိဘတ် ဟုခေါ်သည်။

အမည်ဟောပုဒ်တို့၏အဆုံးသတ်ကို နာမ်ဝိဘတ်ဟု ခေါ် သည်။ သွားခြင်း၊ ချက်ခြင်းစသောကြိယာဟောဓာတ်တို့၏အဆုံးသတ်ကို အာချာတ်ဝိဘတ်ဟု ခေါ် သည်။

နာမ်ဝိဘတ်

နာမ်ဝိဘတ်သည် ပထမာ၊ ဒုတိယာ၊ တတိယာ၊ စတုတ္ထီ၊ ပဉ္စမီ၊ ဆဋ္ဌီ၊ သတ္တမီဟူ၍ ခုနစ်သွယ်(ခုနစ်လုံး) ရှိသည်။ ယင်းနာမ်ဝိဘတ်တို့ကို မြန်မာအနက်အားဖြင့် အစဉ်အတိုင်းသည် ကား – သည်၊ ကို ၊ ဖြင့်၊ အား၊ မှ၊ ၏၊ ၌ – ဝယ်ဟူ၍ ပြန်ဆိုကြသည်။ ယောက်ျား ဟူသော သဒ္ဒါသည် သည် နှင့်တွဲဖက်၍ ယောက်ျားသည် ဟူသော ပုဒ်ဖြစ်လာသည်။ 
ကို နှင့်တွဲဖက်၍ ယောက်ျားကို ဟူသော ပုဒ်ဖြစ်လာသည်။

အာချာတ် ဝိဘတ်

အာချာတ်ဝိဘတ်သည် ဝတ္တမာန်၊ ပဉ္စမီ၊ သတ္တမီ၊ ပရောက္ခာ၊ ဟိယျတ္တနီ၊ အဇ္ဇတနီ၊ ဘဝိဿန္တိ၊ ကာလတိ ပတ္တိ ဟူ၍ရှစ်မျိုးရှိသည်။ တစ်မျိုးတစ်မျိုးတွင် ဝိဘတ် ၁၂ လုံးစီရှိသဖြင့် စုစုပေါင်း ၉၆ လုံးရှိသည်။ 

ကာရကဆိုသည်မှာ ကြိယာ၏အဓိပ္ပာယ်ကို ပေါ်လွင်စေသော ဂုဏ်သတ္တိမျိုးဖြစ်သည်။  တစ်နည်းအားဖြင့် နာမ်၊ နာမ်စားတို့သည် ကြိယာ၏ပြုလုပ်သူ၊ ကြိယာ၏ပြုလုပ်ခံရသူ စသည်တို့ဖြစ်ခြင်းသည် ကာရကဖြစ်သည်။

သာဓကအားဖြင့် “ကျွန်တော်သည် ထမင်းကို စားသည်” ဟူသောဝါကျတွင် “ကျွန်တော်” သည် ပြုလုပ်သူဖြစ်ပြီး “ထမင်း“သည် ပြုလုပ်ခံရသူဖြစ်သည်။

လိင်ကို ပါဠိလို “လိင်္ဂ”ဟု ခေါ်၏။ လိင်္ဂ သဒ္ဒါသည် မြန်မာလို “အမှတ်အသား” ဟူသော အနက်ထွက်၏။

လိင် အဓိပ္ပယ်များ

၁။ ရှင်သာမဏေများ ကျူးလွန်လျှင် ရှင်သာမဏေအဖြစ်မှ လျှောကျစေသော သိက္ခာပုဒ်ဆယ်ပါး။ လိင်(၁၀)ပါး။
၂။ အထီးအမတို့၏သဘာဝ။
၃။ အမှတ်အသား။ အသွင်အပြင်။ ပါဠိ သဒ္ဒါ လိင်(၆) မျိုး။

ပုလ္လိင် (ပုံလိင်) ၊ နပုလ္လိင် (နပုံလိင်) ၊ ဣတ္ထိလိင် ၊ ဒွိလိင်၊ တိလိင်၊ အလိင်။

ရှေးသဒ္ဒါဆရာများ ထားအပ်သော ပင်ကိုစကားလုံးများ၏ အမှတ်အသား/feature ကိုပင် လိင်္ဂ (လိင်) ဟု ခေါ်သည်။

ပါဠိစကားလုံးလိင် (အတိုကောက်)လိင်
ပုရိသပုပုလ္လိင်
စိတ္တ နပုလ္လိင်
ကညာထီဣတ္ထိလိင်
မနပု၊နပုလ္လိင်၊ နပုလ္လိင် – ဒွိလိင် (လိင်နှစ်မျိုး)
ဂါမ္မတိပုလ္လိင်၊ နပုလ္လိင်၊ ဣတ္ထိလိင် – တိလိင် (လိင်သုံးမျိုး)
ယထာဗျအလိင် (လိင်အတွက် အထူးမရှိ)
ပုလ္လိင် (ပုံလိင်)

ယောက်ျား၏ သွားလာပုံ စား​သောက်​ပုံနှင့်ကိုယ်​၏ ပုံသဏ္ဌာန်​များ၌​ မိန်းမသားတို့ထက် ရှင်းပြရတာလွယ်သော အခြင်းအရာ ရှိ၏။ (အတ္ထလိင်)

ရုပ်စီရင်၌ ရှင်းပြရတာလွယ်သော ထင်ရှားသော အခြင်းအရာ ရှိသော လိင် ကို ပုမလိင်္ဂ (ပုလ္လိင်​) ရှေးသဒ္ဒါဆရာတို့အသိအမှတ်ပြုခဲ့သည်။ (သဒ္ဒါလိင်)

ထိုထင်ရှားသော အခြင်းအရာကို ပါဠိလို ဝိသဒါကာရ (ဝိသဒ= ထင်ရှားသော +​ အာကာရ= အခြင်းအရာ) ဟုခေါ်၏။

“မာတုဂါမ” ပါဠိစကားလုံး သည် မြန်မာလို”မိန်းမ” ဟုအနက်ထွက်သောလည်း “မာတုဂါမ” သည်ရုပ်စီရင်၌ ရှင်းပြရတာလွယ်သောကြောင့် ပုလ္လိင် (သဒ္ဒါလိင်) ဟု ရှေးသဒ္ဒါဆရာတို့က တတ်မှတ်ထားသည်။ “ဒါရက” ပါဠိစကားလုံးသည် မြန်မာလို အပျိုမ၊သမီးငယ် ဟုအနက်ထွက်သောလည်း ရုပ်စီရင်၌ ရှင်းပြရတာလွယ်သောကြောင့် ပုလ္လိင် တတ်မှတ်ထားသည်။

ဣတ္ထိလိင်

မိန်းမတို့၏  သွားလာ စား​သောက်​ပုံ ကိုယ်၏ ပုံသဏ္ဍာန်များ၌ ယောက်ျားများ​ထက် ရှုပ်သော အခြင်းအရာ ရှိ၏၊ (အတ္ထလိင်)

ရုပ်စီရင်၌ ရှုပ်သော အခြင်းအရာ ရှိသော လိင် ကို ဣတ္ထိလိင်္ဂ (ဣတ္ထိလိင်​) ရှေးသဒ္ဒါဆရာတို့အသိအမှတ်ပြုခဲ့သည်။ (သဒ္ဒါလိင်)

ထိုမထင်ရှားသော(ရှုပ်သော) အခြင်းအရာကို ပါဠိလို အဝိသဒါကာရ (အဝိသဒ= မထင်ရှားသော +​ အာကာရ= အခြင်းအရာ) ဟုခေါ်၏။

နပုလ္လိင် (နပုံလိင်)

ယောက်ျားမဟုတ်​, မိန်းမ မဟုတ်​နပုံး ပဏ္ဍုက်​တို့၏ အသွားအလာ ကိုယ်​၏ ပုံ သဏ္ဍာန် သည်​မရှုပ်မရှင်းသော​ အခြင်းအရာ ရှိ၏၊ (အတ္ထလိင်)

ရုပ်စီရင်၌ ​မရှုပ်မရှင်းသော​ အခြင်းအရာ ရှိသော လိင် ကို နပုံသကလိင်္ဂ (နပုလ္လိင်​)​ ရှေးသဒ္ဒါဆရာတို့အသိအမှတ်ပြုခဲ့သည်။ (သဒ္ဒါလိင်)

ထို မရှုပ်မရှင်းသော​ အခြင်းအရာကို ပါဠိလို နေဝဝိသဒနာဝိသဒါကာရ (နပုံသက – နပုံးတို့၏၊ လိင်္ဂ- အမှတ်​အသား) ဟုခေါ်၏။

ပါဠိဘာသာ

ပါဠိဘာသာကို ၎င်းပျံ့နှံ့ရောက်ရှိရာဒေသရှိ အက္ခရာများဖြင့် အသုံးပြုရေးသားနိုင်သည်။ မြန်မာနိုင်ငံတွင် မြန်မာအက္ခရာဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းအက္ခရာဖြင့်လည်းကောင်း၊ သီရိလင်္ကာတွင် သီဟိုဠ်အက္ခရာဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားတွင် ခမာအက္ခရာဖြင့်လည်းကောင်း၊ အိန္ဒိယတွင် ဒေဝနာဂရီအက္ခရာဖြင့်လည်းကောင်း စသဖြင့် အက္ခရာဖလှယ်ရေးသားကြသည်။ ထိုနည်းတူ လန်ဒန် ပါဠိစာမူတော်အသင်း (London Pali Text Society) က ​ရောမအက္ခရာ (Roman script) ဖြင့် ဖလှယ်ရေးသားသည်။ ထို ​ရောမအက္ခရာဖြင့် ဖလှယ်နည်းကို ယခုအခါ နိုင်ငံတကာအသုံးအဖြစ် သတ်မှတ်အသုံးပြုကြသည်။ ထို ရောမအက္ခရာဖြင့် ရေးသားထားသည့် ပါဠိအမည်များကို မြန်မာဘာသာသို့ ဖလှယ်ရာတွင် အသံဖလှယ်နည်းထက် အက္ခရပရိဝတ္တနဟူသည့် အက္ခရာဖလှယ်နည်းကို အသုံးပြုရသည်။

ပါဠိဘာသာအသုံးအနှုန်း

ထိုပါဠိဘာသာဟူသော အသုံးအနှုန်းသည် မြတ်စွာဘုရားလက်ထက်တော်၌ သုံးနှုန်းခေါ်ဝေါ်သော ဝေါဟာရမဟုတ်ပေ။ သို့ဆိုလျှင် မြတ်စွာဘုရားလက်ထက်၌ မည်သို့သောအမည်ဖြင့် သုံးနှုန်းပါသနည်း? ဟူသော အမေးကို အဖြေရှာကြည့်ရာတွင် အရိယဘာသာဟု လည်း ကောင်း, ဓမ္မနိရုတ္တိဘာသာဟုလည်းကောင်း,
သဘာဝနိရုတ္တိဘာသာဟုလည်းကောင်း ခေါ်ဝေါ်သုံးနှုန်းကြောင်း တွေ့ရသည်။

အဋ္ဌကထာ၊ဋီကာကျမ်းတို့၌ကား ပါဠိဘာသာကို

၁။ မာဂဓဘာသာ ဟု၎င်း
၂။ တန္တိဘာသာဟု ၎င်း
၃။ မူလဘာသာ ဟု ၎င်း
၄။ ပကတိဘာသာ ဟု ၎င်း ခေါ်ဝေါ်ကြောင်း
တွေ့ရပါသည်။

သို့ဖြစ်လေရာ တွေ့ရှိချက်အားလုံးကို ပေါင်းလိုက်လျှင် ပါဠိဘာသာကို

၁။ အရိယဘာသာ
၂။ ဓမ်မနိရုတ်တိဘာသာ
၃။ သဘာဝနိရုတ္တိဘာသာ
၄။ မာဂဓဘာသာ
၅။ တန်တိဘာသာ
၆။ မူလဘာသာ
၇။ ပကတိဘာသာ

ဟူသော အမည်တို့ဖြင့်သာပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ ခေါ်ဝေါ်သုံးနှုန်းသည်ကို တွေ့ရ၍ ပါဠိဘာသာဟူသော အမည်ဖြင့် သုံးနှုန်းသည်ကို မတွေ့ရဟူသော အချက်မှာ ပေါ်လွင်လျက် ရှိပေသည်။ ယင်းသို့ ရှေးကျသော ကျမ်းစာများ၌ သုံးစွဲခဲ့သည်ကို မတွေ့ရ၍ ” ပါဠိဘာသာ”ဟူသော အမည်သည် အလွန်နောက်ကျသော ခေတ်သို့ ရောက်မှ ပေါ်ပေါက်လာသော အမည်ဖြစ်ကြောင်း ထင်ရှားနေပေသည်။

အရိယဘာသာ

အရိယာပုဂ္ဂိုလ်တို့ သုံးစွဲရိုးဖြစ်သော ဘာသာဖြစ်သောကြောင့် အရိယဘာသာ။

ဓမ်မနိရုတ်တိဘာသာ

မဖောက်မပြန်သော သဘောဖြစ်သော ထုတ်ဆိုအပ်သော မာဂဓသဒ္ဒါရှိသောကြောင့် ဓမ္မနိရုတ်တိဘာသာ။

သဘာဝနိရုတ္တိဘာသာ

မိမိဆိုလိုသော အနက်အဓိပ္ပါယ်ကို ဖောက်ပြန်ပြောင်းလွဲခြင်းမရှိဘဲ တိတိကျကျ ဖော်ပြနိုင်စွမ်းသည်ဖြစ်၍ ဘုရားရှင်စသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ သုံးစွဲအပ်သော‌ကြောင့် သဘာဝနိရုတ်တိဘာသာ။

မာဂဓဘာသာ

မဂဓတိုင်းသားတို့ ပြောဆိုသုံးစွဲသော ဘာသာဖြစ်သောကြောင့် မာဂဓဘာသာ။ ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်များကို ဟောကြားတော်မူခဲ့သည်ဟု မှတ်ယူအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိမြင်ရာအရပ်သည် မဂဓဒေသ – မဂဓတိုင်း ဖြစ်သ
ည်။ ဘုရားရှင် ဒေသစာရီ ကြွချီ၍ သတ္တဝါအပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးရာ အရပ်သည်လည်း ယေဘုယျအားဖြင့် မဂဓတိုင်းနှင့် ကောသလတိုင်းတို့ ဖြစ်၏။ ဘုရားရှင်သည် ယင်း လူတိုင်းနားလည်နိုင်မည့် မာဂဓဘာသာဖြင့် ဟောကြားတော်မူမည်ဖြစ်ပါသည်။

တန်တိဘာသာ

ဘုရားစကားတော်-ပါဠိတော်၏ တည်ရာဖြစ်သောကြောင့် တန္တိဘာသာ။

မူလဘာသာ

ကမ္ဘာဦးလူသားတို့ မာဂဓဘာသာကို ပြောဆိုသည်ဟု သိရသဖြင့် မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်သောကြောင့်မူလဘာသာ။

ပကတိဘာသာ

မာဂဓဘာသာသည် ဘာသာတကာတို့၏ ပင်ကိုယ်-မူလ- ပင်ရင်းဖြစ်သောကြောင့် ပကတိဘာသာ။

နောက်ပိုင်းပညာရှင်တို့သည် ပါဠိဘာသာကို မာဂဓီဘာသာလို့လည်း သုံးနှုန်းကြပါသည်။ ပါဠိဘာသာနှင့်ဆက်စပ်၍ အခြားအမည်များလည်း ရှိပါသေးသည်။

ပါဠိ အက္ခရာများ

ပါဠိဘာသာ၌ အသုံးပြုသည့် အက္ခရာအရေအတွက်မှာ (၄၁) လုံး ရှိ၏။ ယင်း အက္ခရာ (၄၁) လုံးကို Vowel သရ (၈) လုံးနှင့် Consonant ဗျည်း (၃၃) လုံး ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။

Vowel သရ (၈) လုံး

သရ (၈) လုံးတို့မှာ “အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ” တို့ ဖြစ်ကြသည်။

ရောမအက္ခရာaāiīuūeo
မြန်မာအက္ခရာအာ
သင်္ကေတ​ေ​ော

ထိုသရ (၈) လုံးတွင် “အ,အာ။ ဣ, ဤ။ ဥ, ဦ” တို့သည် အခြေခံသရများဖြစ်၍ “မူလသရ” ဟု ခေါ်သည်။

ဧ, ဩ” သရတို့ကား ထိုမူလသရများမှ တိုးတက်ဖြစ်ပေါ်လာသော သရများဖြစ်၍ “ဂုဏသရ” ဟု ခေါ်သည်။ ဆိုလိုသည်မှာ ““သရသည် “အ/အာ+ဣ/ဤ”တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာရသော သရဖြစ်သည်။ ““သရသည် “အ/အာ+ဥ/ဦ”တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာသော သရဖြစ်သည်။

မူလသရ (၆) လုံးတွင် “အ၊ ဣ၊ ဥ” တို့သည် အသံတိုသောကြောင့် ရဿသရ (သရတို) မည်၏။ “အာ၊ ဤ၊ ဦ” တို့သည် အသံရှည်သောကြောင့် ဒီဃသရ (သရရှည်) မည်၏။

“အ၊ အာ”သည် အသံတို-ရှည် တစုံ။ “ဣ၊ ဤ”သည် အသံတို-ရှည် တစုံ။ “ဥ၊ ဦ”သည် အသံတို-ရှည် တစုံ။ ဤသို့အားဖြင့် မူလသရ (၆)လုံးမှာ အသံတို-ရှည် ၃-စုံဖြစ်သည်။

မူလသရ

ဂုဏသရ

ဝုဒ္ဓိသရ
(ပါဠိဘာသာတွင် မပါ၊ သက္ကတသုံး သရ၊
ပါဠိရုပ်တွက်ရာတွင် အသုံးဝင်သည်။)
သရ အစုံများရဿသရ (အသံတိုသရ)ဒီဃသရ (အသံရှည်သရ)
အသံတို-ရှည် ပထမ တစုံအာ
အသံတို-ရှည် ဒုတိယ တစုံအဲ
အသံတို-ရှည် တတိယ တစုံ

မှတ်စု။ ပါဠိဘာသာ၌”မူလသရ၊ ဂုဏသရ”ဟူ၍ သရအဆင့် ၂-ဆင့်သာရှိ၏။ သက္ကတဘာသာ၌ကား “အဲ၊ အော် (ဪ)”ဟူ၍ တတိယဆင့် အဖြစ် ဝုဒ္ဓိသရ ထားရှိသည်။ “အဲ”သည် ‘ဧ’၏ ဝုဒ္ဓိသရဖြစ်၍၊ “အော်” (ဪ)သည် ‘ဩ’၏ ဝုဒ္ဓိသရ ဖြစ်သည်။

Consonant ဗျည်း ၃၃-လုံး

ဗျည်းများကို ဝဂ်ဗျည်းနှင့် အ-ဝဂ်ဗျည်းဟူ၍ နှစ်မျိုးခွဲထား၏။ ‘ဝဂ်ဗျည်း’ ဟူသည် အုပ်စုအားဖြင့် စုစည်းထားသော ဗျည်းများသာ ဖြစ်၏။ ‘အ-ဝဂ်ဗျည်း’ ဟူသည် အုပ်စုမှလွတ်သော ဗျည်းများကို ဆိုလိုသည်။ ‘ဝဂ်ဗျည်း’မှာ ၂၅-လုံးရှိ၍ ‘အ-ဝဂ်ဗျည်း’မှာ ၈-လုံးရှိသည်။

ယင်းဗျည်းများမှာ အောက်ပါအတိုင်း ဖြစ်၏။

ဝဂ်ဗျည်း ၂၅ လုံး
အသံဖြစ်ပေါ်ရာ အရပ်များ (ဌာန်)ပထမဒုတိယတတိယစတုတ္ထပဉ္စမဝဂ်
ကဏ္ဍဇ (လည်ချောင်းအရပ်၌ ဖြစ်သောအက္ခရာများ)က(ka)ခ(kha)ဂ(ga)ဃ(gha)င(ṅa)(က-ဝဂ်)
တာလုဇ (အာစောက်အရပ်၌ ဖြစ်သောအက္ခရာများ)စ(ca)ဆ(cha)ဇ(ja)ဈ(jha)ဉ(ña)(စ-ဝဂ်)
မုဒ္ဓဇ (လျှာထိပ်အရပ်၌ ဖြစ်သောအက္ခရာများ)ဋ(ṭa)ဌ(ṭha)ဍ(ḍa)ဎ(ḍha)ဏ(ṇa)(ဋ-ဝဂ်)
ဒန္တဇ (သွားအရပ်အရပ်၌ ဖြစ်သောအက္ခရာများ)တ(ta)ထ(tha)ဒ(da)ဓ(dha)န(na)(တ-ဝဂ်)
ဩဋ္ဌဇ( နှုတ်ခမ်းအရပ်၌ ဖြစ်သောအက္ခရာများ)ပ(pa)ဖ(pha)ဗ(ba)ဘ(bha)မ(ma)(ပ-ဝဂ်)

အုပ်စုဗျည်း ၂၅-လုံး (ထုံးစံရေးထုံး)

ကက-အုပ်စု
စ-အုပ်စု
ဋ-အုပ်စု
တ-အုပ်စု
ပ-အုပ်စု
ဇယား (၁)

အုပ်စုမဲ့ဗျည်း ၈-လုံး – ယ ရ လ ဝ သ ဟ ဠ ံ-

ဇယား (၁) ၌ ဖော်ပြသောဗျည်းတို့မှာ ရေးထုံးအတိုင်း(ထုံးစံအတိုင်း)သာ ဖော်ပြထားခြင်း ဖြစ်သည်၊ အမှန်စင်စစ်ရေးထုံးမှာ အောက်ပါအတိုင်း ဖြစ်၏။

အုပ်စုဗျည်း ၂၅-လုံး (ပါဠိရေးထုံးအစစ်)

က်ခ်ဂ်ဃ်င်က-အုပ်စု
စ်ဆ်ဇ်ဈ်ဉ်စ-အုပ်စု
ဋ်ဌ်ဍ်ဎ်ဏ်ဋ-အုပ်စု
တ်ထ်ဒ်ဓ်န်တ-အုပ်စု
ပ်ဖ်ဗ်ဘ်မ်ပ-အုပ်စု
ဇယား (၂)

အုပ်စုမဲ့ဗျည်း ၈-လုံး – ယ် ရ် လ် ဝ် သ် ဟ် ဠ် ံ-

ံ-သည် အစက်အပြောက်ကလေးမျှသာ ဖြစ်၏၊ မြန်မာလို သေးသေးတင်ဟု ခေါ်၏၊ (နိဂ္ဂဟိတ်၊ ဗိန္ဒုဟုလည်း ခေါ်၏။)

သရသည် မိမိချည်းသက်သက် အသံထွက်နိုင်သောအက္ခရာ ဖြစ်၏။

ရွတ်ဖတ်ရာ၌ သရတိုကို မျက်စိတစ်မှိတ်(သို့) လက်ဖျစ်တတွက် ကြာမျှ၊

သရရှည်ကို သရတိုထက် ၂-ဆ ကြာမျှ ရွတ်ရ၏။

ဗျည်းမှာမူ မိမိချည်းသက်သက် အသံမထွက်နိုင်၊ သရနှင့် ပေါင်းစပ်မှသာ အသံ ထွက်နိုင်သောအက္ခရာ ဖြစ်၏။

.. ဗျည်းနှင့် သရတို့ ပေါင်းစပ်ပုံကို အောက်ပါအတိုင်း မှတ်သားရမည်။

က် + အ = က

က် + အာ = ကာ စသည်၊

နိဂ္ဂဟိတ်ကို သရတို အ, ဣ, ဥ နောက်တွင်သာ ပေါင်းစပ်နိုင်၏၊ သရရှည် အာ, ဤ, ဦ နှင့် ပေါင်းစပ်လျှင် ထို အာ, ဤ, ဦ တို့သည် မိမိဆိုင်ရာ သရတို အ, ဣ, ဥ သို့ ပြောင်း၏။

သရ ၂-လုံး ပေါင်းစပ်ပုံ
ဌာန်တူသော သရ ၂-လုံး ပေါင်းလျှင်ဌာန်မတူသော သရ ၂-လုံး ပေါင်းလျှင်
အ + အာ = အာ
ဣ + ဤ = ဤ
ဥ + ဦ = ဦ
သို့ ပြောင်းလဲ၏၊
အ + ဣ /ဤ = ဧ
အ + ဥ /ဦ = ဩ
သို့ပြောင်းလဲ၏။

ဝိဘတ်

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် (အင်္ဂလိပ်adposition) ဟုခေါ်သည်။

ဝိဘတ် (adposition) တို့သည် –

  • အင်္ဂလိပ်စကား၊ ထိုင်းစကား စသည့် ဘာသာစကားတို့တွင် များသောအားဖြင့် မိမိကိုင်တွယ်မည့် စကားလုံး၏ အရှေ့တွင် ပါရှိရ၍ အရှေ့ဆက်ဝိဘတ်များ (prepositions) ဖြစ်သည်။ သာဓကအားဖြင့် – “အိမ်ထဲမှာ” ဟူသော ပုဒ်ရရှိရန် အင်္ဂလိပ်စကား၌ “in (ထဲမှာ) the house (အိမ်)” ဟု ရေးရသည်၊ “the house (အိမ်) in (ထဲမှာ)” ဟူသော အစီအစဉ် မဟုတ်ပေ။
  • ဂျပန်စကား၊ မြန်မာစကား စသည့် ဘာသာစကားတို့တွင်မူ များသောအားဖြင့် မိမိကိုယ်တွယ်ရမည့် စကားလုံး၏ အနောက်တွင် ပါရှိရ၍ အနောက်ဆက်ဝိဘတ်များ (postpositions) ဖြစ်သည်။

မြန်မာစကား၏ ဝိဘတ်များ

မြန်မာစကားတွင် ဝိဘတ်များမှာ အနောက်ဆက်ဝိဘတ်များ (postpositons) ဖြစ်သည်။ ၎င်း မြန်မာဝိဘတ်များကို အကြမ်းဖျင်း ၂အုပ်စု အလျင်ခွဲနိုင်သည်။

တို့ဖြစ်သည်။

ဝီကီပီးဒီးယား မြန်မာသဒ္ဒါ ကဏ္ဍကို လည်းကြည့်ပါ။

မြန်မာ နာမ်ဝိဘတ် (၁၇) မျိုး

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို နာမ်ဝိဘတ် ဟုခေါ်သည်။ နာမ်ဝိဘတ်ကို အနက်အဓိပ္ပာယ်အရ (၁၇) မျိုး ခွဲထားသည်။ ၎င်းတို့မှာ – 

  1. ကတ္တားဝိဘတ် − သည်၊ က၊ မှာ
  2. ကံဝိဘတ် − ကို
  3. ထွက်ခွာရာပြ ဝိဘတ် − မှ၊ က
  4. ရှေးရှုရာပြ ဝိဘတ် − သို့
  5. ဆိုက်ရောက်ရာပြ ဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်
  6. အသုံးခံပြ ဝိဘတ် − ဖြင့်၊ နှင့်
  7. အကြောင်းပြ ဝိဘတ် − ကြောင့်၊ ဖြင့်
  8. လက်ခံပြ ဝိဘတ် − အား
  9. နေရာပြ ဝိဘတ် – ၌၊ မှာ၊ တွင်၊ ဝယ်၊ က
  10. အချိန်ပြ ဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က
  11. ပိုင်ဆိုင်ခြင်းပြ ဝိဘတ် −
  12. လိုက်လျောပြ ဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ
  13. ယှဉ်တွဲပြ ဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ
  14. ခွဲထုတ်ရာပြ ဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ
  15. ရည်စူးချက်ပြ ဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်
  16. နေရာဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်
  17. အချိန်ဆက်တိုက်ပြ ဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး

မြန်မာ ကြိယာဝိဘတ် အမျိုးမျိုး

ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ကြိယာဝိဘတ် ဟု ခေါ်သည်။[၁] ကြိယာ၏ အမျိုးအစားကို ဖော်ပြသော ဝိဘတ်ကို အမျိုးအစားပြကြိယာဝိဘတ် ဟုခေါ်သည်။ အမျိုးအစားပြကြိယာဝိဘတ်ကို (၄) မျိုးခွဲသည်။ ၎င်းတို့မှာ –

  • စေခိုင်းဝိဘတ်။ ။ စေခိုင်းခြင်းကို ပြသည့် ကြိယာဝိဘတ်ကို စေခိုင်းဝိဘတ်ဟု ခေါ်သည်။
  • ညှိနှိုင်းဝိဘတ်။ ။ ဆောင်ရွက်သူ အချင်းချင်း ညှိနှိုင်းခြင်းကို ပြသည့် ကြိယာဝိဘတ်ကို ညှိနှိုင်းဝိဘတ်ဟု ခေါ်သည်။
  • ဆန္ဒညွှန်ဝိဘတ်။ ။ ခွင့်တောင်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ကျိန်ဆဲခြင်း စသော အလိုဆန္ဒတို့ကို ဖော်ပြသည့် ကြိယာဝိဘတ်ကို ဆန္ဒညွှန်ဝိဘတ်ဟု ခေါ်သည်။
  • အမိန့်ချဝိဘတ်။ ။ အမိန့်ပေးခြင်းကို ဖော်ပြသည့် ဝိဘတ်ကို အမိန့်ချဝိဘတ်ဟု ခေါ်သည်။

ပါဠိ နာမ်ဝိဘတ်များ

ကျက်မှတ်ရန်

နာမ်ဝိဘတ်များ။ သိ ယော၊ အံ ယော၊ နာ ဟိ၊ သ နံ၊ သ္မာ ဟိ၊ သ နံ၊ သ္မိံ သု။

ဝိဘတ်​
ဧကဝုစ်
Singular
ဗဟုဝုစ်
Plural
ပုံစံ – ဧကဝုစ် (အနည်းကိန်း)
ပုံစံ – ဗဟုဝုစ် (အများကိန်း)
ပထမာ (ကတ္တာ) (Nominative)
(ကတ္တားဝိဘက်)
(ပြုသူပြဝိဘက်)
ပြုလုပ်သူ ပြသောစကားလုံး
[သည် ကား က ကို]
သိယောပုရိသော
(ယောကျ်ားသည်)

လောကော
(လောကသည်)
ပုရိသာ
(ယောကျ်ားတို့သည်)

လောကာ
(လောကတို့သည်)
အာလာပန (Vocative)
(အာလုပ်ဝိဘတ်)
ခေါ်ဆိုခြင်း ပြသောစကားလုံး​
[အို]
သိယောဘောပုရိသ ဘောပုရိသာ
(အို ယောကျ်ား)

ဘောလောက ဘောလောကာ
(အို လောက)
ဘောန္တော ပုရိသာ
(အို ယောကျ်ားတို့)

ဘောန္တော လောကာ
(အို လောကတို့)
ဒုတိယာ (ကမ္မ) (Accusative)
(ကံဝိဘတ်)
(ပြုလုပ်ခြင်းခံပြဝိဘက်)
တိုက်ရိုက် ပြုလုပ်ခံရသူ ပြသောစကားလုံး
[ကို သို့]
အံယောပုရိသံ
(ယောကျ်ားကို/ယောကျ်ားသို့)

လောကံ
(လောကကို/လောကသို့)
ပုရိသေ
(ယောကျ်ားတို့ကို/ယောကျ်ားတို့သို့)

လောကေ
(လောကတို့ကို/လောကတို့သိုံ)
တတိယာ (ကာရဏ) ​(Instrumental)
(ကရိုဏ်း)
(အသုံးခံပြဝိဘတ်)
(ယှဉ်တွဲပြဝိဘတ်)
(အကြောင်းပြဝိဘတ်)
အသုံးခံ ပြသောစကားလုံး
[ဖြင့် သည် နှင့် ကြောင့်]
နာဟိပုရိသေန
(ယောကျ်ားဖြင့်/ယောကျ်ားနှင့်)

လောကေန
(လောကဖြင့်/လောကနှင့်)
ပုရိသေဟိ ပုရသေဘိ
(ယောကျ်ားတို့ဖြင့်/ယောကျ်ားတို့နှင့်)

လောကေဟိ လောကေဘိ
(လောကတို့ဖြင့်/လောကတို့နှင့်)
စတုတ္ထီ (သမ္ပဒါန) (Dative)
(သမ္ပဒါန်)
(လက်ခံပြဝိဘတ်)
(ရည်စူးချက်ပြဝိဘတ်)
တိုက်ရိုက်မဟုတ် ပြုလုပ်ခံရသူ၊
လက်ခံသူ ပြသောစကားလုံး
[အား ငှါ အတွက်]
နံပုရိသဿ
(ယောကျ်ားအား/ယောကျ်ားအတွက်)

လောကဿ လောကာယ
(လောကအား/လောကအတွက်)
ပုရိသာနံ
(ယောကျ်ားတို့အား/ယောကျ်ားတို့အတွက်)

လောကာနံ
(လောကအား/လောကအတွက်)
ပဉ္စမီ (အပါဒါန) (Ablative)
(အပါဒါန်)
(ထွက်ခွာရာပြဝိဘတ်)
(ခွဲထုတ်ရာပြဝိဘတ်)
ထွက်ခွာရာ၊ ဖဲခွာရာကို ပြသောစကားလုံး
[မှ ကြောင့် အောက် ထက်]
သ္မာဟိပုရိသသ္မာ ပုရိသမှာ ပုရိသာ
(ယောကျ်ားမှ)

လောကသ္မာ လောကမှာ လောကာ
(လောကမှ)
ပုရိသေဟိ ပုရိသေဘိ
(ယောကျ်ားတို့မှ)

လောကေဟိ လောကေဘိ
(လောကတို့မှ)
ဆဋ္ဌီ (သာမိ) (Genitive)
(ပိုင်ဆိုင်ခြင်းပြဝိဘတ်)
ပိုင်ဆိုင်ခြင်း ပြသောစကားလုံး
[၏ တွင် သည် ကို]
နံပုရိသဿ
(ယောကျ်ား၏)

လောကဿ
(လောက၏)
ပုရိသာနံ
(ယောကျ်ားတို့၏)

လောကာနံ
(လောကတို့၏)
သတ္တမီ (သြကာသ) (Locative)
(နေရာပြဝိဘတ်)
(အချိန်ပြဝိဘတ်)
တည်နေရာ ပြသောစကားလုံး
[၌ တွင် ကြောင့်]
သ္မိံသုပုရိသသ္မိံ ပုရိသမှိ ပုရိသေ
(ယောကျ်ား၌)

လောကသ္မိံ လောကမှိ လောကေ
(လောက၌)
ပုရိသေသု
(ယောကျ်ားတို့၌)

လောကေသု
(လောကတို့၌)

References