Editor Team

နဝမအကြိမ် (၁၀)ရက် တရားစခန်း- မှတ်စု

ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ (USA) ၏ နဝမအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။ ကြိုတင်လေ့လာနိုင်ရန် ၁။ ထိုင်ရှုမှတ်တဲ့ခါ ဘယ်လိုထိုင်မလဲ (ဗီဒီယို)၂။ စင်္ကြံလျှောက်လျှက် တရားရှုမှတ်ခြင်း (ဗီဒီယို)၃။ အာနာပါန ဒီပနီ – လယ်တီဆရာတော် (စာအုပ်)၄။ တရားကျင့်ရာရိုးသားပါ – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)၅။ တရားအလုပ်မ၀င်ခင် ကြိုတင်ပြင် – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်) တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ ၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။ နံနက်ခင်း အလုပ်ပေးတရား – မှတ်စု ညနေခင်း သဘောတရားရေးရာအပိုင်း – မှတ်စု

နဝမအကြိမ် (၁၀)ရက် တရားစခန်း- မှတ်စု Read More »

ခန္ဓာ ၅-ပါး အကြောင်း

ရုပ်ခန္ဓာ ၁-ပါးနှင့် နာမ်ခန္ဓာ ၄-ပါး ပေါင်းစပ်ဖွဲ့စည်းထားသည်။ (၁) ရူပက္ခန္ဓာ – ဖောက်ပြန်တတ်သော ရုပ်အစုအဝေး (ပြောင်းလဲပျက်စီးတတ်သည့် သဘောရှိသော ရုပ်အစုအဝေး။)(၂) ဝေဒနာက္ခန္ဓာ – ခံစားတတ်သော နာမ်အစုအဝေး။(၃) သညက္ခန္ဓာ – မှတ်သားတတ်သောသဘောကို သညက္ခန္ဓာဟုခေါ်ပါသည်။ (သင်ညက်ခန်ဒါ ဟု အသံထွက်ပါသည်။) (၄) သင်္ခါရက္ခန္ဓာ – စေ့စော်၊တိုက်တွန်း၊ပြုပြင်တက်သောနာမ်အစုအဝေး။(၅) ဝိဉာဏက္ခန္ဓာ – သိမှုနာမ်အစုအဝေး။ သရုပ် (၁) ရူပက္ခန္ဓာ – ရုပ် ၂၈-ပါး။(၂) ဝေဒနာက္ခန္ဓာ – ဝေဒနာစေတသိက်။(၃) သညက္ခန္ဓာ – သညာစေတသိက်။(၄) သင်္ခါရက္ခန္ဓာ – ဝေဒနာ, သညာ မှကြွင်းသော စေတသိက် ၅၀။(၅) ဝိဉာဏက္ခန္ဓာ – စိတ် ၈၉-ပါး။ ကျမ်းညွှန်း

ခန္ဓာ ၅-ပါး အကြောင်း Read More »