ပါဠိ သဒ္ဒါ အခြေခံ
အသုံးအနှုန်းများ (Terms) အနက် (အတ္ထ) အတ္ထော – အနက် ဟု ဆိုရာ၌ လက်ဆုပ်လက်ကိုင်ပြ၍ ရကောင်းသည်ဖြစ်စေ, မရကောင်းသည်ဖြစ်စေ စိတ်၌ သိအပ်သော အရာဝတ္ထု ဟူသမျှ ကို ပါဠိလို အတ္ထ၊ မြန်မာလို အနက် ဟုခေါ်သည်။ အတ္ထ – အဘိဓေယျ – အနက်အဓိပ္ပယ် – အနက်သဘော အက္ခရာ ‘က ခ ဂ … အ’အစရှိသောအက္ခရာ။ ၎င်းတို့ကို (က) မကုန်ခန်းနိုင်သောကြောင့်၎င်း, (ခ) ပရိယာယ်၏ အစွမ်းဖြင့် မရွေ့လျှော မပြောင်းရွှေ့ တတ်သောကြောင့်၎င်း, (ဂ) မပျက်စီးနိုင်သောကြောင့်၎င်း (ဃ) ရွတ်ဆိုရာသို့ နူးညံ့စွာ လိုက်ပါလျက် အနက်အားဖြင့်လည်း မကြမ်းထမ်းသောကြောင့်၎င်း (င) အဆုံးမရှိသော သဒ္ဓါအနက်သို့ […]