News & Events

ဦးကောဝိဒ၏ မေလ ၃-ရက်တရားစခန်း မဖြစ်တော့ | 3-Day U Kovida’s Retreat in May Cancelled

မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့၊ ဆရာတော် ဦးကောဝိဒ သည် US ဗီဇာမူဝါဒအရ ဗီဇာကိစ္စ အဆင်မပြေပါ၍ အမေရိကန် တရားစခန်းများကို မကြွဖြစ်တော့ပါ။ ထို့ကြောင့် ကုသလကာရီဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်မည့် မေလ ၂၈ မှ ၃၀ သုံးရက် တရားစခန်းကို ကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာပါသည်။ သို့သော် အပတ်စဉ် ကြာသပတေးနေ့တိုင်း ပစိဖိတ်စံတော်ချိန် မနက် ၅း၀၀ နာရီတွင်ပြုလုပ်သော “အသုံးချ အဘိဓမ္မာသင်တန်း” တွင် တရားထိုင်ရာ၌ မိမိတို့၏ အခက်အခဲ သို့မဟုတ် လိုအပ်သည်များကို မေးမြန်းဆွေးနွေးနိုင်ပါသည်။ ဤတရားစခန်းကို စိတ်ဝင်စား၍ ကျေးဇူးတင်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ မေးခွန်းများရှိပါက winmetta.org@gmail.com နှင့် +1 (415) 722-6685 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Hi Dhamma friends, Due […]

ဦးကောဝိဒ၏ မေလ ၃-ရက်တရားစခန်း မဖြစ်တော့ | 3-Day U Kovida’s Retreat in May Cancelled Read More »

အရှင်ကောဝိဓ(ဖားအောက်)၏ ၃ ရက် တရားစခန်း | Ashin Kovida (Pa-auk)’s 3-day meditation retreat

ဝင်းမေတ္တာ၏ အထူးသတင်း။ ဝင်းမေတ္တာဓမ္မသင်တန်းတန်းတွင် အရှင်ကောဝိဓ (ဖားအောက်)၏ ၃ ရက်တရားစခန်းကို ၂၀၂၄ ခုနှစ် မေလ ၂၈ – မေလ ၃၀ ရက်နေ့ထိ ကျင်းပပါမည်။ ဤ(၃) ရက်တရားစခန်းကို ကမ္မဋ္ဌာန်းအားထုတ်ရာ၌ လိုအပ်သော အကြောင်းအရာ၊အချက်အလက်များကို ရနိုင်ရန်၊ အမေးအဖြေဖြင့်အားထုတ်ရာ၌ ခက်ခဲနေသော အရာများကို ဖြေရှင်းဆွေးနွေးကြ၍ တရားအားထုတ်မှုဉာဏ် ရင့်သန်လာစေရန်၊ ကျင့်စဉ် လမ်းကြောင်းကို နားလည်စေရန်၊ ကမ္မဋ္ဌာန်းဆရာတော်နှင့်တွေ့ဆုံ၍ တရားကို ပိုမိုလေ့လာနိုင်စေရန် ရည်ရွယ်ပြုလုပ်ပါသည်။ လက်ရှိဘဝနှင့် သံသရာ ၊ ထိုသံသရာမှလွတ်မြောက်ရေးတွက် လင့်ကိုနှိပ် bit.ly/ashin-kovida-3day-retreat စာရင်းသွင်းကြပါရန် လေးစားစွာ ဖိတ်ကြားပါသည်။ ကြိုးစားကြပါစို့။ ဝင်းမေတ္တာမှ ဤအရှင်ကောဝိဒ (ဖားအောက်)၏ ၃ ရက်တရားစခန်းအတွက် အသေးစိတ်အချက်အလက်များကို စာရင်းသွင်းထားသောယောဂီများနှင့်တကွ ဓမ္မမိတ်ဆွေများကို အီးမေးနှင့်ဆက်သွယ်၍သော်လည်းကောင်း၊ ဝင်းမေတ္တာ

အရှင်ကောဝိဓ(ဖားအောက်)၏ ၃ ရက် တရားစခန်း | Ashin Kovida (Pa-auk)’s 3-day meditation retreat Read More »

☸ ဒသမအကြိမ် (၁၀)ရက်တရားစခန်း ဖိတ်ကြား

ဒသမအကြိမ် (၁၀)ရက်တရားစခန်း အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ ဒသမအကြိမ်မြောက် (၁၀) ရက်တရားစခန်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၂) ရက် သောကြာနေ့ မှစ၍ ဒီဇင်ဘာလ (၃၁) ရက် တနင်္ဂနွေနေ့ထိ ကျင်းပပါမည်။ Date: Friday, December 22 to Sunday, December 31 နိဗ္ဗာန်အကျိုးငှာ တရားကိုလေ့လာလေ့ကျင့်ကြပါရန် ဝင်းမေတ္တာဓမ္မသင်တန်းမှ ဖိတ်ခေါ်လိုက်ပါသည်။ မည်သူမဆို အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ပါသည်။ ယောဂီ စာရင်းသွင်းရန် – tinyurl.com/dasamaretreat

☸ ဒသမအကြိမ် (၁၀)ရက်တရားစခန်း ဖိတ်ကြား Read More »

☸ နဝမအကြိမ် (၁၀)ရက်တရားစခန်း ဖိတ်ကြား

☸ နဝမအကြိမ် (၁၀)ရက်တရားစခန်း တရားစခန်းသည် အောက်ဖော်ပြပါအတိုင်း စက်တင်ဘာလ (၁)ရက် ပစိဖိတ်စံတော်ချိန် နံနက် ၅း၀၀နာရီ၊ မြန်မာစံတော်ချိန် ညနေ ၆း၃၀၊ ထိုင်ဝမ်/စင်ကာပူအချိန် ညနေ ၈း၀၀ နာရီ အသီးသီးတို့တွင် ကျင်းပပါမည်။ မည်သူမဆို အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ပါသည်။ယောဂီ စာရင်းသွင်းရန် – tinyurl.com/9thretreat

☸ နဝမအကြိမ် (၁၀)ရက်တရားစခန်း ဖိတ်ကြား Read More »

မူရင်းသုတ္တန်ပိဋကတ်ပါဠိတော်များကို လေ့လာခြင်း သင်တန်းသစ်

မင်္ဂလာပါ ဓမ္မမိတ်ဆွေများ ဒီအပတ် တနင်္ဂနွေနေ့ နေ့ခင်း ၀၂း၀၀ – ၀၄း၀၀ (ပစိဖိတ် စံတော်ချိန်)တွင် ဝင်းမေတ္တာမှ အစီအစဥ်အသစ်ကို အောက်ဖော်ပြပါ အတိုင်း အရှင်ကေလာသာမှ သင်ကြားပို့ချပေးပါမည်။ တက်ရောက်ကြပါရန် ကြိုတင်ဖိတ်ခေါ်လိုက်ပါသည်။​

မူရင်းသုတ္တန်ပိဋကတ်ပါဠိတော်များကို လေ့လာခြင်း သင်တန်းသစ် Read More »

အဋ္ဌမအကြိမ်မြောက် ၁၀ရက်တရားစခန်း ဖိတ်ကြားလွှာ

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ၏  အဋ္ဌမအကြိမ် (၁၀)ရက်တရားစခန်း ၂၀၂၃ခုနှစ် မေလ (၂၆) ရက် သောကြာနေ့ မှစ၍ ဇွန်လ (၄) ရက် တနင်္ဂနွေနေ့ထိ ကျင်းပခဲ့ပြီးပါပြီ။ မင်္ဂလာပါ ဓမ္မမိတ်ဆွေများ၊ ဝင်းမေတ္တာအနေဖြင့် မဂ္ဂင်ရှစ်ပါးလမ်းစဥ် (သီလ၊ သမာဓိ၊ ပညာ)ကို ကျင့်ခြင်းအားဖြင့် လောကီ၊ လောကုတ္တရာ၌ အောင်မြင်သည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ အဘိဓမ္မာသင်တန်း၊ သဘောတရားရေးရာ၊ လက်တွေ့တရားကျင့်ခြင်းတို့ကို မဂ္ဂင်ရှစ်ပါးနှင့်အညီ ကျင့်ကြံအားထုတ်နိုင်ကြသဖြင့် သစ္စာ(၄)ပါး အမှန်တရားကို သိမြင်၍လွတ်မြောက်ကြပါစေခြင်း အကြိုးငှာ ဓမ္မသင်တန်းများကို စာတွေ့လက်တွေ့ ပြုလုပ်ပေးလျှက် ရှိပါသည်။ ယခုတရားလက်တွေ့ကျင့်သုံးနိုင်ရန်၊ ။ အားလုံးသည် တရားကိုမြင်၍ ငြိမ်းအေးကြပါစေ။ ။ မေတ္တာဖြင့်၊ ဝင်းမေတ္တာ ဓမ္မမိသားစု ထို၁၀ရက်တရားစခန်းကို တက်လိုသူများအားလုံး စာရင်းပေးသွင်းနိုင်ပါသည်။ ယောဂီအဟောင်းများလည်း

အဋ္ဌမအကြိမ်မြောက် ၁၀ရက်တရားစခန်း ဖိတ်ကြားလွှာ Read More »

ဝင်းမေတ္တာ၏ ဆရာတော်နှစ်ပါး၏သင်တန်းများ (ခေတ္တရပ်နား)

ကြေညာနေ့စွဲ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၄ ရက် အင်္ဂါနေ့ တရားကိုချစ်ခင် တရားကိုမြတ်နိုးကြသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့… လက်ရှိအပတ်စဥ်သင်တန်း Current Class Schedule

ဝင်းမေတ္တာ၏ ဆရာတော်နှစ်ပါး၏သင်တန်းများ (ခေတ္တရပ်နား) Read More »