သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း

တရား ရှုမှတ်ခြင်း

တောင်းပန်ပုံ

အရှင်ဘုရား တပည့်တော်သည်ဘဝသံသရာအဆက်ဆက်မှစ၍ ယနေ့အချိန်အထိဘုရား၊တရား၊သံဃာရတနာသုံးပါး မိဘဆရာသမား၊ ပညာရှိ အရိယာသူတော်ကောင်းများကို ကာယကံ၊ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိခဲ့လျှင် ခွင့်လွှတ် ပါရန် တောင်းပန်အပ်ပါသည် အရှင်ဘုရား။

ခန္ဓာကိုယ်နှင့်အသက်တို့ကို အပ်နှင်းပုံ

အရှင်ဘုရား တပည့်တော်သည် တရားအားထုတ်နေသည့် အချိန်ကာလအတွင်း၌ တပည့်တော်၏ အသက်နှင့် ခန္ဓာကိုယ်ကို မြတ်စွာဘုရားအားလည်းကောင်း၊ ကမ္မဋ္ဌာန်းဆရာအားလည်းကောင်း အပ်နှင်းပါ၏ အရှင်ဘုရား။

တရားသိမ်း

ဓမ္မပူဇာ ဆုတောင်း အမျှဝေ

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်ဟုဆိုအပ်သော ဤလောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်မြတ်ဖြင့် ဘုရားတပည့်တော်သည် သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ပူဇော်ပါ၏ အရှင်ဘုရား။

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်ဟုဆိုအပ်သော ဤလောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်မြတ်ဖြင့် ဘုရားတပည့်တော်သည် တရားတော်မြတ်အပေါင်းကို ပူဇော်ပါ၏ အရှင်ဘုရား။

ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။
မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်ဟုဆိုအပ်သော ဤလောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်မြတ်ဖြင့် ဘုရားတပည့်တော်သည် သံဃာတော်မြတ်အပေါင်းကို ပူဇော်ပါ၏ အရှင်ဘုရား။

ဣဒံ မေ ပုညံ အာသ၀က္ခယာ၀ဟံ ဟောတု။
တပည့်တော်၏ ဤကောင်းမှုသည် အာသေ၀ါတရားလေးပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို ရောက်အောင်ဆောင်ရွက်နိုင်ရပါလို၏ အရှင်ဘုရား။

ဣဒံ မေ ပုညံ သဗ္ဗသတ္တာနံ ဘာဇေမ။
တပည့်တော်၏ ဤကောင်းမှုကိုအလုံးစုံသော သတ္တ၀ါတို့အား အမျှပေးဝေပါကုန်၏။

သဗ္ဗေသတ္တာ သုခိတာ ဟောတန္တု ဉာတယော။
အားလုံးသော သတ္တ၀ါတို့သည်ဆွေမျိုးသားချင်းအပေါင်းတို့သည် ကုသိုလ်ဝေစု အားလုံးကို ရရှိခံစားကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း။

ဓမ္မပူဇာ ဆုတောင်း အမျှဝေ မှတ်စုသည် မေတ္တာရောင်ခြည် ဘုရားရိုခိုး စာအုပ်တွင် ရှိပါသည်။

တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း မှတ်စုများ Downloads

ဓမ္ဓ စာအုပ်များ