အရူး (၈)မျိုး

၁။ လောဘအလို လိုက်သူကို ခေါ်ဆို ကာမရူး။
၂။ ဒေါသအလို လိုက်သူကို ခေါ်ဆို ကောဓရူး။
ညှဉ်းဆဲမှုအလို လိုက်သူကို ခေါ်ဆို ကောဓရူး။
၃။ အယူမှားအလို လိုက်သူကို ခေါ်ဆို ဒိဋ္ဌိရူး။
၄။ မသိမှုအလို လိုက်သူကို ခေါ်ဆို မောဟရူး။
၅။ စုန်းနတ်အလို လိုက်သူကို ခေါ်ဆို ယက္ခရူး။
၆။ သည်းခြေအလို လိုက်သူကို ခေါ်ဆို သည်းခြေရူး။
၇။ သေရက်အလို လိုက်သူကို ခေါ်ဆို သေရည်ရူး။
၈။ သောကအလို လိုက်သူကို ခေါ်ဆို ဗျသနရူး။
လောကကြီးမှာ ရူးသူဟာ ရှစ်လွှာမှတ်ကြဦး။

(ဇာ၊ဋ္ဌ၊၃၂၂၈)


တန်ဖိုးမရှိသော နေ့ရက်

ကုသိုလ်ပညာ ကျန်းခံ့သာ၍ ဥစ္စာတန်ခိုး တစ်မျိုးမျိုးမှ
အကျိုးမထွက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်။

ညောင်ပင်သာ ဦးပုည