Day: October 31, 2021

ကိုယ်ကျင့် အဘိဓမ္မာ (၉) – အကုသိုလ်စေတသိက် (၁၄)ပါး မှ ဝိစိကိစ္ဆာ

စိတ်ကိုမကောင်းအောင် ခြယ်လှယ် ပြုလုပ်တတ်သော အကုသိုလ်စေတသိက် (၁၄)ပါး မောစတုက် (၄)ပါး – မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ။ လောတြိ (၃)ပါး (ပပဉ္စတရား (၃) ပါး) – လောဘ၊ ဒိဋ္ဌိ၊ မာန။ ဒေါစတုက် (၄)ပါး – ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ။ ထိန၊ မိဒ္ဓ (၂)ပါး။ ဝိစိကိစ္ဆာ (၁)ပါး။ ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၂၀၁) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, …

ကိုယ်ကျင့် အဘိဓမ္မာ (၉) – အကုသိုလ်စေတသိက် (၁၄)ပါး မှ ဝိစိကိစ္ဆာ Read More »

အရူး (၈)မျိုး

၁။ လောဘအလို လိုက်သူကို ခေါ်ဆို ကာမရူး။၂။ ဒေါသအလို လိုက်သူကို ခေါ်ဆို ကောဓရူး။ ညှဉ်းဆဲမှုအလို လိုက်သူကို ခေါ်ဆို ကောဓရူး။၃။ အယူမှားအလို လိုက်သူကို ခေါ်ဆို ဒိဋ္ဌိရူး။၄။ မသိမှုအလို လိုက်သူကို ခေါ်ဆို မောဟရူး။၅။ စုန်းနတ်အလို လိုက်သူကို ခေါ်ဆို ယက္ခရူး။၆။ သည်းခြေအလို လိုက်သူကို ခေါ်ဆို သည်းခြေရူး။၇။ သေရက်အလို လိုက်သူကို ခေါ်ဆို သေရည်ရူး။၈။ သောကအလို လိုက်သူကို ခေါ်ဆို ဗျသနရူး။ လောကကြီးမှာ ရူးသူဟာ ရှစ်လွှာမှတ်ကြဦး။ (ဇာ၊ဋ္ဌ၊၃၂၂၈) တန်ဖိုးမရှိသော နေ့ရက် ကုသိုလ်ပညာ ကျန်းခံ့သာ၍ ဥစ္စာတန်ခိုး တစ်မျိုးမျိုးမှအကျိုးမထွက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်။ ညောင်ပင်သာ ဦးပုည

ဝိစိကိစ္ဆာဖြစ်ကြောင်းတရား (၈)ပါး

၁။ ဘုရား၌ ယုံမှားသံသယဖြစ်ခြင်း။ ၂။ တရား၌ ယုံမှားသံသယဖြစ်ခြင်း။၃။ သံဃာ၌ ယုံမှားသံသယဖြစ်ခြင်း။ ၄။ အကျင့်သီလ၌ ယုံမှားသံသယဖြစ်ခြင်း။၅။ အတိတ်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။ ၆။ အနာဂတ်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၇။ အတိတ်ဘဝ အနာဂတ်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၈။ အကြောင်းအကျိုးတရားတို့၌ ယုံမှားသံသယဖြစ်ခြင်း။ (ဓမ္မသင်္ဂဏီ၊၂ဝ၈) ၁။ ဒုက္ခသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၂။ သမုဒယသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၃။ နိရောဓသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၄။ မဂ္ဂသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၅။ ရှေ့ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၆။ နောက်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၇။ ရှေ့ဘဝ နောက်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၈။ အကြောင်းအကျိုးတရားတို့၌ ယုံမှားသံသယဖြစ်ခြင်း။ (မဟာနိဒ္ဒေသ၊၃၂၅)

ဥပ္ပလဝဏ်ထေရီ (၂) – ကိလေသာအာရုံ (၅)ပါး၏ အကျိုး နှင့် အပြစ်

တရား လက်တွေ့လေ့ကျင့်ခြင်း (၁၅၆) တန်ခိုးအရာဧတဒဂ်ရသော ဥပ္ပလဝဏ်ထေရီ (၂) ကိလေသာအာရုံ (၅)ပါး၏ အကျိုး နှင့် အပြစ် နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။