မုဒြာ အကြောင်းရာ သိကောင်းစရာ
မုဒြာဟူသော ဝေါဟာရသည် သက္ကတဘာသာအားဖြင့် မုဒြာ၊ ပါဠိဘာသာအားဖြင့် မုဒ္ဒဖြစ်သည်။ မြန်မာဘာသာအရ လက်အနေအထား ပုံစံကို ခေါ်ဆိုသည်။ အချို့ ရုပ်ပွားဆင်းတုဆိုင်ရာ ပဋိမာသိပ္ပံပါရဂူကြီးများက မုဒြာဟူ၍လည်းကောင်း၊ ဟတ္ထဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်ပညတ်ကြလေသည်။ အလွန်နက်နဲသိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပာယ် သဘောတရားများကို ရည်ညွှန်းခြင်း ဖြစ်သည်။ အချို့မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍၊ အချို့မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ၊ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသော သဘောတရားကို ဟန်အမူအရာ ပြထားခြင်းမျိုး ဖြစ်လေသည်။ မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ သမိုင်းအကျဉ်းချုပ် မြန်မာပြည်ရှိ ရုပ်လုံး ရုပ်ကြွ ရုပ်ပွါးဆင်းတုများနှင့်တကူ ဆေးရေးပန်းချီကားများမှ လူ့ ရုပ်ပုံ များတွင် ဗုဒ္ဓသာသနာရေးဆိုင်ရာများသ က ဟိန္ဒူဗြာဟ္မဏဘာသာနှင့် အခြားထင်ရှား မသိသာ နိုင်သေးသော ဘာသာဝါဒ အယူအဆ နှီးနွယ်သည့် ဟန်ပန်အနေအထားများကို […]
မုဒြာ အကြောင်းရာ သိကောင်းစရာ Read More »