ပဉ္စမအကြိမ် Zoom Online (၁၀) ရက်တရားစခန်း ဖိတ်ကြားခြင်း

အရေးကြုံလျှင် အသုံးဝင်သည့် ကမ္မဋ္ဌာန်းကျင့်စဥ်၊
လောကီ ကို အောင်နိုင်သည့် ကျင့်စဥ်၊
ဆင်းရဲခြင်းကင်းစေသည့် ကျင့်စဥ်၊
ငြိမ်းချမ်းမှုကို ပေးသည့် ကျင့်စဥ်၊
လွတ်မြောက်မှုကို ပေးသည့်ကျင့်စဥ်…..
ဟုတ်ကဲ့ပါ။
သင်ယူလေ့ကျင့်ကြပါစို့ ။ ။

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မိမိစိတ်ကိုနိုင်မှလောကကိုအောင်မည်။

 အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA)

ပဉ္စမအကြိမ် Zoom Online (၁၀) ရက်တရားစခန်း

၂၀၂၂ ဧပြီလ () ရက်သောကြာနေ့ မှ ၂၀၂၂ ဧပြီလ (၁၇) ရက်တနင်္ဂနွေနေ့ (USA အချိန်)

Join Zoom Meditation
ID: 835 1514 9210   Password:  metta 

သီလ  သမာဓိ ပညာ

ဆက်သွယ်ရန်
ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂ ၆၆၈၅၊
ကိုခင်အောင် – ၁ (၄၁၅) ၃၁၀ ၅၇၆၃ 
ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇ ၄၉၇၇၊ 
ကိုမင်းမြင့်ချို – ၁ (၆၅၀) ၅၈၀ ၇၁၆၈၊ 
မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃ ၇၇၃၈။
Email: wisdomlightforever@gmail.com

ပဉ္စမအကြိမ် Zoom Online (၁၀) ရက်တရားစခန်းကို ၂၀၂၂ ဧပြီလ (၈) ရက် သောကြာနေ့ မှ ၂၀၂၂ ဧပြီလ (၁၇) ရက် တနင်္ဂနွေနေ့ (USA အချိန်) တွင် ပြုလုပ်ပါမည်။

မှတ်ချက် ။    ။
ဘဒ္ဒနကုမာရဘိဝံသ၏ တနင်္ဂနွေ ညနေ သင်တန်းနှင့်
ဘဒ္ဒန္တဇနကာဘိဝံသ၏ နံနက်သင်တန်းသည် 
(၁၀) ရက်တရားစခန်းအတွင် ပုံမှန်ရှိပါမည်။

၁။ ပဉ္စမအကြိမ် Zoom Online (၁၀) ရက်တရားစခန်းတွင်

  • တရားထိုင်ခြင်း၊
  • နံနက်ခင်းအလုပ်ပေးတရား၊
  • ညနေ သဘောတရားရေးရား၊
  • တရားစစ်ခြင်း

များရှိပါသည်။

၂။ သင်တန်းစာရင်းသွင်းရန်

မည်သူမဆို အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ပါသည်။

မှတ်ချက် ။    ။
ယောဂီဟောင်းများ စာရင်းသွင်းရန်မပါ။

၃။ သင်တန်းစည်းကမ်းများ

(၁) ကျန်းမာရေးသည် နံပါတ် (၁) ဖြစ်သည်။ ကျန်းမာရေး ဂရုစိုက်ကြရပါမည်။

(၂) ယောဂီအားလုံး စွမ်းနိုင်ပါက (၉)ပါးသီလ စောင့်ထိန်းကြရပါမည်။ မစွမ်းနိုင်ပါက  (၅)ပါးသီလ စောင့်ထိန်းကြရပါမည်။

(၃) မြတ်ဗုဒ္ဓ ညွှန်ပြသောနည်းအတိုင်း ရှုမှတ်ကြရပါမည်။

(၄) စကားပြောခြင်းသည် သမာဓိကို ယုတ်လျော့စေ၍ အကြောင်းကိစ္စ အထူးမရှိဘဲ စကားပြောခြင်းကို ရှောင်ကြဉ်ကြရပါမည်။ တတ်နိုင်ပါက (၁၀) ရက်စလုံး နိက္ခမပါရမီကုသိုလ်အဖြစ် ဝစီပိတ် (ကမ္မဋ္ဌာန်းဆရာ/စီစဥ်သူများနှင့် စကားပြောခွင့်ရှိသည်)ကျင့်ကြပါမည်။

(၅) ဤတရားစခန်းသည် မိမိဖာသာ မိမိအသိဖြင့်  မိမိကိုယ်ကို ထိန်းကျောင်းရမည့်ပညာရပ်ကို လေ့ကျင့်ခြင်းဖြစ်၍ တရားကို ရိုသေလေးစားစွာဖြင့် ကျင့်ပါမည်ဟု အဓိဋ္ဌာန်ပြုရမည်။

(၆) Zoom ဖြင့်တရားထိုင်ရန်တွက် တိတ်ဆိတ်သော နေရာကို ရွေးချယ်ရမည်။ မိမိတို့ မိသားစုကိုလည်း တရားစခန်းဝင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်းဖြင့် ၎င်းတို့၏ ကူညီပံ့ပိုးမှုကို ရစေသည်။ ၎င်းတို့အတွက် လည်း ကုသိုလ်ရသလို မိမိ၏အတွက်လည်း အကျိုးရှိစေသည်။

(၇)  မိမိတရားထိုင်သည့်နေရာသည် အမြဲသန့်ရှင်းနေရမည်။

(၈) ထိုင်မှတ်ခြင်း နှင့် စင်္ကြံမှတ်ခြင်းမှတပါး , ရပ်ခြင်း၊လျောင်းခြင်း၊ ဣရိယာပုတ်များနှင့် ကွေးခြင်း ဆန့်ခြင်း စသော ကိုယ်အမူရာ တို့၌လည်း အမှတ်သတိဖြင့်သာ ပြုလုပ်နေထိုင်ကြရမည်။

(၉) ယောဂီများသည် ဆရာတော်၏ ဩဝါဒ နှင့် သင်တန်း အချိန်ဇယားကို တတ်နိုင်သမျှတိကျစွာ လိုက်နာကြရပါမည်။

(၁၀) ဤကာလတွင်း တရားတက်မည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်ကောင်းစိတ်သန့် များ ကောင်းသထက် ကောင်းလာရန် မွေးမြူရမည်။

မနက်ပိုင်း တရားစခန်း မစမီ နာရီဝက်ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန် နှင့် ကျန်သည့် အစီအစဥ်များတွင်လည်း  တရားမစမီ  (၁၀) မိနစ် ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန် 

အခြေအနေပေါ်မူတည်၍ စည်းကမ်းများ ပြောင်းလဲခြင်း၊ အချိန်ပြောင်းလဲခြင်း ရှိကောင်းရှိမည်။ အခက်အခဲရှိလျှင်  Admin အဖွဲ့သို့ အကြောင်းကြားရမည်။

၄။ ကြိုတင်လေ့လာနိုင်ရန်

တရားမလုပ်ခင်ကြိုတင်ပြင်

၁။ ထိုင်ရှုမှတ်တဲ့ခါ ဘယ်လိုထိုင်မလဲ (ဗီဒီယို)

၂။ စင်္ကြံလျှောက်လျှက် တရားရှုမှတ်ခြင်း (ဗီဒီယို)

၃။ အာနာပါန ဒီပနီ – လယ်တီဆရာတော် (စာအုပ်)

၄။ တရားကျင့်ရာရိုးသားပါ – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)

၅။ တရားအလုပ်မ၀င်ခင် ကြိုတင်ပြင် – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)

၆။ ပြီးခဲ့သော ၁၀ ရက်တရာစခန်း ကို အောက်ပါလင့်တွင် လေ့လာပါ။