ပဋ္ဌာန်းပစ္စည်း (၂၄ ပစ္စည်း) ရှစ်မျိုးခွဲပုံ

၂၄ ပစ္စည်း ဝီကီပီးဒီးယား (wikipedia) မှ

ဟေတုပစ္စယောဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယောအာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတိပစ္စယောအကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
အနန္တရပစ္စယောအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယောကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယောအတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယောအချင်းချင်းအပြန်အလှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယောမှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယောအားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယောရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယောနောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယောအဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ တတ်သော တရားလည်းကောင်း။(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန် အာသေဝန သဘောတည်း)
ကမ္မပစ္စယောအကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယောအကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယောထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဌာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု)
ဣန္ဒြိယပစ္စယောအစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယောကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့)
မဂ္ဂပစ္စယောသံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု)
သမ္ပယုတ္တပစ္စယောယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု)
ဝိပ္ပယုတ္တပစ္စယောမယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု)
အတ္ထိပစ္စယောထင်ရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(မြင်းမိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်)
နတ္ထိပစ္စယောမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု)
ဝိဂတပစ္စယောကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု)
အဝိဂတပစ္စယောမကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု)ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၁။ သဟဇာတမျိုး
၂။ အာရမ္မဏမျိုး
၃။ အနန္တရူပနိဿယ ပကတူပမျိုး
၄။ ပုရေဇာတမျိုး
၅။ ပစ္ဆာဇာတမျိုး
၆။ နာနက္ခဏိကကမ္မမျိုး
၇။ ရုပ်အာဟာရမျိုး
၈။ ရူပဇီဝိတိန္တိယမျိုး

သဟဇာတမျိုး၊ အာရမ္မဏမျိုး၊ အနန္တရူပနိဿယ ပကတူပမျိုး၊ ပုရေဇာတမျိုး၊ ပစ္ဆာဇာတမျိုး၊ နာနက္ခဏိက ကမ္မမျိုး၊ ရုပ်အာဟာရမျိုး၊ ရူပဇီဝိတိန္တိယမျိုး အားဖြင့် နှစ်ပါး သော ပစ္စည်းတို့တွင်၊ တပါးပါးသော ပစ္စည်းမျိုး၌ သက်ဝင် သော ပစ္စည်းများကို၊ အင်းစောက်ချ၍ ပြပုံ။

သ,အာ,ဥ,ရေ,စာ,ကမ္မေ,ဟာ,ရေ, ဣန္တိ ရှစ်မျိုးသိ။

၁။ ။ သဟဇာတမျိုး-၁၅

၁။ ဟေတု
၂။ သဟဇာတာဓိပတိ
၃။ သဟဇာတ
၄။ အညမည
၅။ သဟဇာတနိဿယ
၆။ သဟဇာတကမ္မ
၇။ ဝိပါက
၈။ နာမ်အာဟာရ
၉။ သဟဇာဘိန္ဒြိယ
၁ဝ။ ဈာန
၁၁။ မဂ္ဂ
၁၂။ သမ္ပယုတ္တ
၁၃။ သဟဇာတဝိပ္ပယုတ်
၁၄။ သဟဇာတတ္ထိ
၁၅။ သဟဇာတ အဝိဂတ

၁၅-သဟာ၊ ရှစ်ဝ-အာနှင့်၊ ၇-ဖြာ နုန်၊ ၆-တန် ဝတ္ထု၊ ၄ ခု-ပစ္ဆာ၊ ၃-ဖြာ-ဟာရော၊ တယော-ဣန္ဒြိ၊ ဒွိ-ပကထူ၊ ၁၃မူ-ကံ၊ မျိုး၉တန်၊ ဆောင်ရန် နှုတ်တက် အာဂုံတည်း။

တောင်မြို့ညဝါ ဆရာကြီးများ

၂။ ။ အာရမ္မဏမျိုး-၈

၁။ အာရမ္မဏ
၂။ အာရမ္မဏာဓိပတိ
၃။ အာရမ္မဏူပနိဿယ
၄။ ဝတ္ထာ ရမ္မဏ ပုရေဇာတ နိဿယ
၅။ အာရမ္မဏပုရေဇာတ
၆။ ဝတ္ထာရမ္မဏ ပုရေဇာတ ဝိပ္ပယုတ်
၇။ ဝတ္ထာရမ္မဏ ပုရေဇာတတ္ထိ
၈။ ဝတ္ထာရမ္မဏ ပုရေဇာတ အဝိဂတ

၃။ ။ အနန္တရူပနိဿယပကတူးမျိုး-၇

၁။ အနန္တရူပနိဿယ
၂။ အနန္တရ
၃။ သမနန္တရ
၄။ အာသေဝန
၅။ နတ္ထိ
၆။ ဝိဂတ
၇။ ပကတူပနိဿယ နာနက္ခဏိကကမ္မတစိတ်

၄။ ။ ပုရေဇာဘမျိုး-၆

၁။ ဝတ္ထု၊ ပုရေဇာတ နိဿယ
၂။ ဝတ္ထုပုရေဇာတ
၃။ ပုရေဇာတိန္ဒြိယ
၄။ ပုရေဇာတဝိပ္ပယုတ်
၅။ ဝတ္ထု ပုရေဇာတတ္ထိ
၆။ ။ဝတ္ထု ပုရေဇာတ အဝိဂတ

၅။ ။ ပစ္ဆာဇာတမျိုး-၃

၁။ ပစ္ဆာဇာတ
၂။ ပစ္ဆာဇာတဝိပ္ပယုတ်
၃။ ပစ္ဆာဇာတတ္ထိ
၄။ ပစ္ဆာဇာတ အဝိဂတ

၆။ ။ နာနက္ခဏီကကမ္မမျိုး-၁

၁။ နာနက္ခဏိကကမ္မ ပကတူပ နိဿယတစိတ်

၇။ ။ ရုပ်အဟာရမျိုး-၃

၁။ ရုပ်အာဟာရ
၂။ အာဟာရတ္ထိ
၃။ အာဟာရအဝိဂတ

၈။ ။ ရူပဇီဝိတိန္ဒြိယမျိုး-၃

၁။ ရူပဇီဝိတိန္ဒြိယ
၂။ ဣန္ဒြိယတ္တိ
၃။ ဣန္ဒြိယအဝိဂတ

ကိုးကား