Let’s learn Burmese! Learning Grammar by Reading – 6

The Preposition ဝိဘတ်

  • about အကြောင်း
  • above အပေါ်တွင်
  • across ၁။ ဖြတ်သန်း၍ ၂။ မျက်နှာချင်းဆိုင်တွင်
  • after ပြီးနောက်
  • against ဆန့်ကျင်၍
  • along တစ်လျှောက်
  • among ကြားတွင်
  • around ပတ်ကာ၊ ပတ်လျက်
  • at ၌၊ မှာ၊ တွင်၊ ဝယ်
  • before ရှေ့မှာ
  • behind နောက်မှာ
  • below အောက်တွင်
  • beside ဘေးတွင်
  • between ကြားတွင်
  • beyond ဟိုမှာဘက်တွင်
  • by ၁။ ဘေးတွင် ၂။ ဖြင့်
  • down အောက်သို့
  • during အချိန်အတွင်းမှာ
  • except မှတစ်ပါး
  • for အတွက်
  • from မှ
  • in အထဲမှာ
  • in front of ရှေ့မှာ
  • inside အထဲမှာ
  • in the middle of အလယ်မှာ
  • into အထဲသို့
  • like ကဲ့သို့
  • near အနီးတွင်
  • next (to) ဘေးတွင်၊ အနီးတွင်၊ ကပ်လျက်
  • of ၏
  • off မလှမ်းမကမ်းတွင်
  • on အပေါ်မှာ
  • onto အပေါ်သို့
  • since အချိန်မှစ၍
  • through ဖြတ်သန်း၍
  • till တိုင်အောင်
  • to သို့
  • toward ဆီသို့၊ ဘက်သို့
  • under အောက်မှာ
  • until တိုင်အောင်
  • with နှင့်၊ ဖြင့်
  • within အချိန်အတွင်းမှာ
  • without မပါဘဲ၊ မရှိဘဲ

from + ထွက်ခွာရာအရပ်

  • He comes from Mandalay. သူသည် မန္တလေးမြို့မှ လာသည်။

to, toward + ဆိုက်ရောက်ရာအရပ်

  • They went to Bagan. သူတို့သည် ပုဂံသို့ သွားခဲ့ကြသည်။
  • He left Myanmar for Japan. သူသည် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

ခရီးသွားရာမှာ စီးသည့်ယာဥ်ကို ဖော်ပြသည့် Preposition များ

  • They go to school on foot. သူတို့သည် ကျောင်းသို့ ခြေကျင်သွားကြသည်။
  • They get into the bus. သူတို့သည် ဘတ်စကားပေါ်သို့ တက်ကြသည်။
  • They got out of the train. သူတို့သည် မီးရထားပေါ်မှ ဆင်းခဲ့ကြသည်။

👉The Conjunction သမ္ဗန္ဓ

and = နှင့်၊ ၍၊ ပြီး

  • I buy a book and a pencil. ကျွန်တော် စာအုပ်တစ်အုပ်နှင့် ခဲတံတစ်ချောင်း ဝယ်သည်။

but/ yet/ however = သို့သော်

  • He worked hard, yet he failed. သူ ကြိုးစားခဲ့သည်။ သို့သော် သူ ကျရှုံးခဲ့သည်။

so/ therefore = ထို့ကြောင့်

  • He worked hard so he passed the examination. သူ ကြိုးစားခဲ့သည်။ ထို့ကြောင့် သူ စာမေးပွဲ အောင်ခဲ့သည်။

or = သို့မဟုတ်

  • We must work hard or we will fail in the examination. ကျွန်တော်တို့ ကြိုးစားကြရမည်။ သို့မဟုတ် ကျွန်တော်တို့ စာမေးပွဲကျလိမ့်မည်။

nor = တစ်ခုမှ မဟုတ်

  • He neither went to school nor helped his parents. သူသည် ကျောင်းလည်း မတက်ခဲ့ပါ။ မိဘကိုလည်း မကူညီခဲ့ပါ။